Pages

Sunday, June 10, 2012

နာမည်လွဲရွတ်ဆိုခြင်းမဟုတ်ပါ

အချစ် ...

နာမည်လွဲရွတ်ဆိုခြင်းမဟုတ်ပါ

ဒီရင်ခွင် တစ်ခုလုံးနဲ့ ရင်းခဲ့ရတာ ...



နားမလည်မှုတွေ အတောမသတ်ခဲ့ဘူး

ချစ်သူရဲ့ အပြုံးတစ်ခုအောက်မှ ကြွေကျခဲ့ရတိုင်း

ကိုယ့် ကို ကိုယ် မုန်းတယ် ...

ခဏခဏ မပြုံးခဲ့ပါနဲ့လားကွယ် ...



လာချင်ရင်လာ သွားချင်ရင်သွားပါ

ရင်ခွင် ဇရပ်တစ်ခု လေ



( သတိ ... ကျွန်တော့် ချစ်သူတစ်ယောက်တည်း အတွက်သာ)



အခု .. ရုတ်တရက် .. တမဟုတ်ချင်း ခံစားနေရတာက လွမ်းတယ် ...

ဘာလို့လည်းကွယ်

' စိတ် ' တစ်ကမ်းဝေးနေရတာ

ကိုယ် တစ်ယောက်တည်းပဲ ချစ်တတ်ခဲ့လို့လား ...



လေထဲမှာ လွင့်နေသလို

ပေါ့ပါးသယောင်နဲ့ အတွယ်အတာမဲ့နေတာ ဘယ်သူသိမှာလည်း ..

ချစ်သူ ...

မင်း မျက်နှာတစ်ချက်လွှဲသွားတိုင်း

ကိုယ်ဟာ လေတစ်ချက်ဝှေ့ခံရတဲ့တိမ်တိုက်ပါ ....



အနားသတ်တွေကို လိုက်မညှိပါဘူး

ညီချင်ညီမယ်

ပိုချင်လည်း ပိုခဲ့မှာပေါ့လေ ....

အချစ် လို့ဆိုလိုက်တိုင်း

ကိုယ်တိုင်ရေး အတုပ္ပတ္တိတွေ အသီသီနဲ့

လူတိုင်းတော့လည်း သီခဲ့ကြတာပဲ ...



လူထဲက လူတစ်ယောက်ပဲလေ

စကားအဖြစ်ပြောတာတော့ မဟုတ်ဘူး ..

ကိုယ့် ကို ကိုယ် ထက် မင်းကို ပိုချစ်တယ် ... ချစ်သူ ....
                                   emoboy7327@gmail.com

No comments:

Post a Comment