Pages

Tuesday, July 21, 2015

တန်ဖိုးထားပါ

ကမ္ဘာမြေပြင်ရဲ့မျက်နှာပြင်ဧရိယာက ၁၉၆.၉ မီလီယံစတုရန်းမိုင်ရှိတယ်။

အဲ့ဒီလောက်ကျယ်တဲ့မျက်နှာပြင်မှာ မင်းနဲ့ ငါဆုံဖို့အခွင့်အလမ်းက ၅ဘီလီယံပုံ ၁ ပုံသာရှိခဲ့သလို ငါနဲ့ မင်းဆုံဖို့အခွင့်အလမ်းကလည်း ၅ဘီလီယံပုံတစ်ပုံသာရှိခဲ့တယ်။

ငါတို့တွေ့ဆုံပြီး အမြဲအရိပ်မခွာနေဖို့အခွင့်အလမ်းက ၅ ဘီလီယံပုံ ၁ ပုံဆတိုးပဲရှိခဲ့တယ်…ဟင့်အင် ~~~ဒီထက်တောင်နည်းနိုင်ပါသေးတယ်။

ဒါပေမယ့် ငါတို့တွေ့ဆုံခဲ့ကြပြီး…ချစ်ခြင်းမေတ္တာဆိုတဲ့အရာလေးကြောင့် ငါတို့တွေ့ဆုံခဲ့ကြပြီ… တချို့ကိစ္စမှာ သချာင်္ပညာရှင်ကတောင် ဦးနှောက်စားလက်မှိုင်ချရပါတယ်။

ဒီလောက်ကျယ်ပြောတဲ့လောကကြီးမှာ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံရင်းနှီးဖို့ မလွယ်ကူပါဘူး။နှလုံးသားချင်းထပ်တူကျပြီး ချစ်ကြိုက်ဖို့ဆိုတာ ပိုမလွယ်ကူပါဘူး။ဝေးသွား၊ခွဲသွားမှ လွမ်းပြဆွေးပြနေမယ့်အစား လက်ရှိတွေ့ဆုံပိုင်ဆိုင်နေချိန်မှာ
တန်ဖိုးထားတာကအကောင်းဆုံးပါ…

သူငယ်ချင်း

သူငယ်ချင်း
မင်းအပြုံးတွေ အသက်မပါတော့ဘူး
လောကကြီးကို စိတ်နာနေတယ်ဆိုတာ ငါ သိတယ်။
သူငယ်ချင်း
မင်းမျက်လုံးတွေ အရောင်မလက်တော့ဘူး
တစ်ခုခုကို စိုးရိမ်နေတယ်ဆိုတာ ငါ သိတယ်။

သူငယ်ချင်း
မင်းစကားတွေ သိပ်မပြောတော့ဘူး
မထူးတော့တဲ့စကားတွေ မဖွင့်တော့ဘူးဆိုတာ ငါ သိတယ်။
သူငယ်ချင်း
မင်းခြေလှမ်းတွေ မသွက်တော့ဘူး
မျှော်လင့်ချက်တွေ မဲ့နေတယ်ဆိုတာ ငါ သိတယ်။
သူငယ်ချင်း
မင်းစိတ်ထားတွေ အရင်လိုမဟုတ်တော့ဘူး
ဖြားယောင်းမှုတွေ စိုးမိုးနေတာ ငါ သိတယ်။
သူငယ်ချင်း
အတူတူနေလာကြတဲ့ငါတို့တွေ
တစ်ယောက်ကိုတစ်ယောက်မမုန်းဘူးရက်ဘူးဆိုတာ ငါ သိတယ်။
သူငယ်ချင်း
ငါတို့ဆော့ခဲ့တဲ့ ဘောလုံးကွင်းကြီးရယ်
ဝယ်စားနေကျ အာလူးခြောက်ကြော်သည်ကြီးရယ်
အသံပေးပြီး ခေါ်တတ်တဲ့ ရေခဲခြစ်သည်ကြီးရယ်
ဆံပင်ညှပ်ဆရာရယ်က ငါတို့သူငယ်ချင်းနှစ်ယောက်ကို
အရင်လို ပျော်ရွှင်နေတာကို မြင်ချင်သတဲ့လေ။