အိပ်မက်
မက်ဖူးသူတစ်ယောက်ရဲ့
ရင်ထဲမှာ.
အိပ်မက်ဆိုတာ တကယ်ဖြစ်မလာတော့မှန်း သိခဲ့တယ်။
ဒါပေမယ့် ငါမေ့မရဘူး
အချစ်ဆိုတာကတော့ ဘာလဲ
အတိုင်းအတာမဲ့ ပျော်ရွှင်မှုတွေကို
အိပ်မက်တွေ့ထဲထည့်...
စိတ်ကူးယဉ်တွေနဲ့ အချစ်ရဲ့အရသာတွေကိုခံစား
ရင်ခုန်နေတာ ငါတစ်ယောက်တည်း
ငါချစ်သူက ငါ့အချစ်တွေကို မစဉ်းစား
ငါ့ကသာ သူကိုချစ်ခဲ့တာ.....
(ပုံပြင်ထဲက ဒဿဂီရိ ဂန္တဝင်မြောက်တဲ့ အချစ်သမားကြီး
တိုင်ပြည်မက အသက်ကို သူပေး
မယ်သီတာကို သိပ်ချစ်ခဲ့လို့ ပြလိုက်ရတဲ့စွန်းအင်
ချွေးသီးချွေးပေါက်တွေ့ မြေကြီးပေါ်ပြုတ်ကျ
သူကသာ သိပ်ချစ်တာ မယ်သီတာက ကြည့်မရ)
တကယ်တော့.ဘာဆိုင်လဲ
ဒါဟာပုံပြင်တစ်ပုဒ်ဘဲလေ
တစ်ချိုကတော့ ပြောကြတယ် ဒဿဂီရိကို
သနားလို့ဖြစ်မှာပါ
အရုပ်ကသာဆိုးတာ အသည်းလှတယ်တဲ့
ငါ့ချစ်တဲ့ကောင်းမလေးကတော့ဝေးသေး
ဒီလူ အရှုးထနေတာလို့ပြောမှာသေချာတယ်
နေပါစေတော့
ငါမပြောရဲ့တော့ပါဘူး
ငါချစ်တာသူသိပြီဘဲလေ...
လမ်းဆုံရင် ကြည့်ခွင့်ရ
ငါ့ပျော်ခဲ့
အချစ်တွေအားလုံးကို
ငါ့ရင်ထဲထည့် သိမ်းဆည်းထား
အလွမ်းတွေဘဲဖြစ်နေမလား
အတွေးတွေနဲ့
မုန်းပြစ်လိုက်
ပြန်ချစ်လိုက်
ချိန်ခွင်ထဲထည့် ချိန်ကြည့်ရင်
ချစ်တာကအလေးသာလို့
အချိန်(၁၅ဝဝ)တောင် ရှိနေအုံးမည်
ငါ့အချစ်တွေ ဒဿဂရီလို
ဂန္တဝင်မြောက်မှာစိုးလို့ လူတွေမသိစေချင်တာ
သူတစ်ယောက်သာ သိစေတော့
ငါ့ရင်ထဲမှာ တိတ်တိတ်ကလေး
ဂန္တဝင်မြောက်နေမယ်.....
No comments:
Post a Comment