Pages

Monday, June 4, 2012

အဲဒီလူ



ခပ်နုံနုံ အတွေးတိမ်တဲ့သူ
ခံစားချက်တွေကို ဖက်တွယ်ထားတယ်
အမှောင်ကိုကြိုက်တယ်
အိပ်မက်ကို အရိပ်ထင်တဲ့သူ
လွဲချော်မှုတွေကို ရင်းနှီးတယ်
အတိတ်ကို အရည်ဖျော်သောက်ချင်သူ
အနာဂတ်ကို မုန်းတီးတတ်တယ်
အထီးကျန်မှုကို အသားကျတယ်
လောကကြီးကို ကျောခိုင်းတတ်သူ
တစ်ခါတစ်ရံ မျောလွင့်နေသူ
တစ်ခါတစ်ရံ အေးခဲနေသူ
အဲဒီလူ
ဘယ်သူဖြစ်မလဲဆိုရင်…။    ။
emoboy7327@gmail.com

No comments:

Post a Comment