Pages

Tuesday, October 8, 2013

ရိုးရိုးလေးပဲချစ်တယ်

မြန်မာဆန်ဆန်သနပ်ခါးလေးနဲ့
ချစ်စရာကောင်းတဲ့
ကောင်မလေးရယ်...
ကဗျာဆန်းဆန်းစကားလုံးလေးတွေ
ပြောမပြတတ်ပေမယ့်
မဟာဆန်တဲ့မင်းကို
ချစ်မိနေတော့
ရိုးရိုးလေးပဲ"ချစ်တယ်"လို့
ပြောပြချင်တယ်
ကောင်မလေးရယ်...

ပြောပြချင်တဲ့ချစ်သူ

ဒို့မင်းမျက်နာလေးကို
ကြည့်နေချင်ပေမယ့်
ဒို့အပြည့်အ၀ကြည့်ခွင့်မရဘူး
ဒို့မင်းကို"ချစ်တယ်"လို့
ပြောချင်ပေမယ့်
ဒို့ပြောခွင့်မရဘူး
ဒို့ရင်ထဲကစကားလုံးတွေကို
စာစီကာကဗျာလေးတွေ
ရေးပေးချင်ပေမယ့်
ဒို့ပေးခွင့်မရဘူး
ကောင်မလေးရယ်
ဒို့ဘယ်တော့များမှ
နီးစပ်ခွင့်ရမှာလဲ?

အနိုင်မယူတဲ့ချစ်သူ

ကောင်မလေးရယ်...
မင်းအတွေးတွေကလွဲးတယ်လို့
ဒို့မပြောရက်ပါဘူး
ဒို့စိတ်ထဲမှာတော့
မင်းကိုအရှုံးပေးပြီးသားပါ
ဘယ်တော့မှအနိုင်မယူပါဘူး
မင်းရဲ့ခပ်စွာစွာစကားလေးတွေ
တည်ကြည်တဲ့မျက်ဝန်းလေးတွေ
မြင်နေကြားနေချင်တော့
စတာပေါ့ကွာ...
ဒို့မင်းကိုချစ်ခဲ့တာက
အနိုင်ယူခဲ့တယ်ဆိုရင်
မင်းပြောလိုက်ပါ
"နင်ကတာအနိုင်ကျင့်တာပါ" လို့
တကယ်တမ်းကျတော့
ဒို့က အနိုင်မယူတဲ့ချစ်သူ ပါ
ကောင်မလေးရယ်...

True Love (or) Sunday အလွဲး

ကောင်မလေးရယ်...
မင်းကိုရင်ခုန်မိတိုင်း
စိတ်နဲ့ကိုယ်မကပ်တော့ဘူးကွာ
အလွဲးတွေလည်းဖြစ်ခဲ့တယ်
မင်းရဲ့တည်ကြည်တဲ့
မျက်ဝန်းလေးတွေ
မင်းရဲ့မြန်မာဆန်ဆန်အလှလေးတွေ
မင်းရဲ့ခပ်စွာစွာစကားလေးတွေက
ဒို့နှလုံးသားကို
ချစ်တတ်လာအောင်
ဖန်တီးပေးခဲ့တာလား?
မင်းကိုဖွင့်ပြောချင်ပါတယ်
ချစ်တယ်...ချစ်တယ်...အရမ်းချစ်တယ်
အတွေးထဲမှာပေါ့
တကယ့်လက်တွေ့မှာတော့
ပြောပြဖို့မလွယ်ပါဘူး
ဒို့အကြည့်မျက်ဝန်းက
စကားလုံးလေးတွေကို
မင်းသိခဲ့မယ်ဆိုရင်
ဒို့ကျေနပ်ပါတယ်
ကောင်မလေးရယ်...
ဒို့အချစ်ကမင်းအတွက်ဆို
ထာဝရTrue Love ပါ.....