အချစ်ဆိုတာ ငါအခုထိမသိသေးဘူး
ဒါပေမဲ့ မင်းကိုစတွေ့တဲ့နေ့မှာ
ငါ့နှလုံးသားမှာ မင်းရဲ့ ပုံရိပ် ခဲပန်းချီလို့
စွဲထင်ခဲ့တယ် ငါသတိရတယ် ပြီးတော့လွမ်းတတ်လာတယ်
ငါ့နှလုံးသားက မင်းရဲ့ပုံရိပ်က မှော်ပန်းချီလို
အသက်ဝင်လှုပ်ရှားလာတယ် ယိမ်းနွဲ့တယ် မူဟန်ပိုတယ်
ငါအနေရခက်တယ် စိတ်ရဲ့ခံစားမှုက ငါ့နှလုံးသားမှာ
အခုဆို မင်းပုံရိပ်က အကောင်းဆုံး အနက်ရှိုင်းဆုံ
အသက်ဝင်ဆုံး ဆေးရေးပန်းချီကား တစ်ချက်ဖြစ်နေပြီ
ငါမသိလိုက်ပါလား အဲဒါအချစ်လား..................
No comments:
Post a Comment