Pages

Saturday, June 15, 2013

ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ

If you can keep your head when all about you
Are losing theirs and blaming it on you,
If you can trust yourself when all men doubt you
But make allowance for their doubting too,
If you can wait and not be tired by waiting,
Or being lied about, don't deal in lies,
Or being hated, don't give way to hating,
And yet don't look too good, nor talk too wise:

If you can dream--and not make dreams your master,
If you can think--and not make thoughts your aim;
If you can meet with Triumph and Disaster
And treat those two impostors just the same;
If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,
And stoop and build 'em up with worn-out tools:

If you can make one heap of all your winnings
And risk it all on one turn of pitch-and-toss,
And lose, and start again at your beginnings
And never breath a word about your loss;
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: "Hold on!"

If you can talk with crowds and keep your virtue,
Or walk with kings--nor lose the common touch,
If neither foes nor loving friends can hurt you;
If all men count with you, but none too much,
If you can fill the unforgiving minute
With sixty seconds' worth of distance run,
Yours is the Earth and everything that's in it,
And--which is more--you'll be a Man, my son!
Rudyard Kipling


အကယ်၍

အကယ်၍ …
မင်းအသိုင်းအ၀ိုင်းက တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းပြစ်တင်ကြတဲ့အခါ …
မင်းဟာ ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်…။
အကယ်၍ …
အားလုံးက မင်းကိုမယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်…။
အကယ်၍ …
စောင့်သင့်တဲ့အချိန်ကို စောင့်ပြီး
အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင်…။
ဒါမှမဟုတ် ..မင်းရဲ့အကြောင်း
မဟုတ်မတရား မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုံ့ပြန်ဘူးဆိုရင်…။
ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းမုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေ မပြန့်ပွားဘူးဆိုရင်…။
ပြီးတော့ မင်းကိုယ်မင်း လူတော်တယောက်ရယ်လို့ မမြင်ဘဲ
ပညာရှိ စကားတွေကိုလည်း မလွန်ဆန်ဘူးဆိုရင် …။
အကယ်၍ …
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ်မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်…။
ပြီးတော့ အတွေးအခေါ်စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာမဖြစ်စေဘဲ
တွေးခေါ်နိုင်မယ် ဆိုရင်။
အကယ်၍ …
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှု ဒုက္ခတွေကို ဧကံတွေ့ရတဲ့အခါ
တူညီသောလောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရင်…။
အကယ်၍ …
မင်းရဲ့အမှန်စကားတွေကို
လူလိမ်လူညစ်တွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင်…။
ဒါမှမဟုတ်… မင်းဘ၀တခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့အရာရာကို
အဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ
အင်မတန်မှ သေးငယ်လှတဲ့ တန်ဆာပလာအရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်…။
အကယ်၍ …
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ
ကြွေတလက် ကြက်တခုန်ပမာ
တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်…။
ပြီးတော့…အစကနေ ပြန်စနိုင်မယ်ဆိုရင်။
ပြီးတော့..ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောခါမှ ညည်းညူမနေဘူးဆိုရင်…။
အကယ်၍ …
သူများတကာလုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်တဲ့အခါ
မင်း တယောက်တည်းနဲ့ပဲ အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ
ဆက် ကြိုးစားနိုင်မယ်ဆိုရင်…။
အဲဒီလိုပဲ… မင်းမှာစိတ်အားကလွဲလို့
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်အားကို ခိုင်မာစွာ နဲ့ပဲ
ဆက်လက် ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်…။
အကယ်၍ …
လူတွေနဲ့ ထိတွေ့ပြောဆိုဆက်ဆံတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်…။
ဒါမှမဟုတ်…
မင်းဧကရာဇ်တွေနဲ့အတူ လမ်းလျှောက်နေရပေမဲ့
မာန်မာနသွေးမကြွဘူးဆိုရင်..။
အကယ်၍…
ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ
မင်းကို သိပ်ပြီးနာကျည်းအောင်မလုပ်နိုင်စေရင်…။
အကယ်၍ …
လူတိုင်းကို တန်းဖိုးထား လေးစားရပေမဲ့
စွဲလန်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်…။
အကယ်၍ ..
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ်
အသုံးချနိုင်မယ်ဆိုရင်…။
ငါ့သားရေ ..မင်းဟာ
အရာရာရှိတဲ့
အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့ …။
အဲဒီတော့
မင်းဟာလည်း ယောက်ျားကောင်းတယောက်ပေါ့ …။

ဒေါ်အောင်ဆန်းစုကြည်

Wednesday, June 12, 2013

ကိုယ်ချစ်သူ ကိုယ့်အပေါ် သစ္စာမဖောက်အောင်

လေးစားခင်မင်ရပါသော ဆရာဟိန်းတင့်ဇော်....

ကျွန်မနာမည် ပိုးလေးပါဆရာ။ အခုလောလောဆယ်တော့ စင်္ကာပူမှာ အလုပ်လုပ်နေပါတယ်။ အလုပ် အကိုင်ရော- နေရေးထိုင်ရေးပါ အဆင်ပြေပါတယ်။ ကျွန်မက အလုပ်အားရင် ဆရာ့ရဲ ဆိုက်လေးထဲမှာ အချိန်ပြည့် စာဖတ်နေတဲ့ ဆရာ့ရဲ့ စာဖတ်ပရိသတ်တစ်ယောက်ပါ။ ကျွန်မက ဆရာ့ရဲ့စာတွေကို ဖတ်ရုံတင် ဖတ်တာ မဟုတ်ဘူးနော်။ အကုန်လုံးကို ပရင့်ထုပ်ထားသေးတာ။ ကျွန်မနဲ့ တွေ့ကြုံတဲ့ အခက်အခဲရှိနေတဲ့ သူငယ်ချင်းတွေဆိုရင် ကျွန်မက အမြဲတမ်း ယတြာတွေ လုပ်ပေးနေကြလေ။ တော်တော်များများတော့ အဆင်ပြေကြပါတယ်။

အခုတော့ သူများကိစ္စမဟုတ်ပါဘူး။ ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်နေတာနဲ့ ဆရာ့ဆီလှမ်းပြီး အကူအညီ တောင်းလိုက်ရတာပါဆရာ။ ထုံးစံအတိုင်းပေါ့ ဆရာရယ်။ လူငယ်ဆိုတော့လည်း တခြားမဟုတ်ပါဘူး။ အိမ်ထောင်ရေးပေါ့ဆရာရယ်။ ပြောရဦးမယ် ဆရာရေ။ ကျွန်မမှာက အိမ်ထောင်ရှိပါတယ်။ ကျွန်မကသာ အခြအနေအရ စင်္ကာပူနိုင်ငံကို အလုပ်သွားလုပ်နေရတာပါ။ ကျွန်မအမျိုးသားကတော့ မြန်မာပြည်မှာပဲ နေပါတယ်ဆရာ။ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပါတယ်။

ပြီးခဲ့တဲ့ တစ်လလောက်တုန်းက ရန်ကုန်က ကျွန်မသူငယ်ချင်းနဲ့ စကားပြောဖြစ်ခဲ့တယ်။ အဲဒီမှာ ကျွန်မသူငယ်ချင်းက ကျွန်မကို ကျွန်မယောက်ျားအကြောင်း ဒီလို ပြောပြခဲ့တယ်။ သူငယ်ချင်း ပိုးလေးတဲ့ နင်ကတော့ နိုင်ငံခြားမှာ ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်နေရတယ်။ နင်ယောက်ျားကိုလည်း နင်ပစ်မထားနဲ့နော်။ ဒီမှာ နင့်ယောက်ျားက ကောင်မလေးတစ်ယောက်နဲ့ တွဲနေတယ်တဲ့။ အဲဒီလို ပြောတဲ့စကားကို ကြားတဲ့နေ့က စပြီး ကျွန်မလေ စိတ်တွေအရမ်းလေနေတယ် ဆရာ။ အလုပ်လုပ်ရတာလည်း စိတ်မပါတော့ဘူး။ အိပ်ရင်လည်း အိပ်လို့ မပျော်တော့ဘူး။ ဘာမှလည်း စားချင်စိတ်သောက်ချင်စိတ် မရှိတော့ဘူး။ အချိန်ပြည့် ကျွန်မစိတ်က ကိုဦး ( အော်.. ကျွန်မယောက်ျား နာမည်က ကိုဦးပါဆရာ) ဆီကို ရောက်နေတယ်။

တစ်ခါတစ်လေလည်း ကျွန်လေ မြန်မာပြည်ကို ပြန်ပြီး မိသားစုနဲ့ အေးအေးချမ်းချမ်း အေးအတူပူအမျှ နေထိုင်ရရင် ကောင်းမလေားလို့တောင် တွေးမိတယ်ဆရာ။ ဒါပေမဲ့ ဒါက အတွေးပဲရှိပါတယ်။ တကယ့်လက်တွေ့ လုပ်လိုက်လို့ ရတဲ့ ကိစ္စမှ မဟုတ်တာ။ ဒါကြောင့် ဆရာရယ် ကျွန်မကို ကူညီပေးစေချင် ပါတယ်။ ကျွန်မလည်း စိတ်အေးလက်အေး ဒီမှာဆက်ပြီး အလုပ်လုပ်နိုင်အောင် ကျွန်မယောက်ျားလည်း ကျွန်မကို တစ်သက်လုံး အမြဲတမ်း ရိုးမြေကျ ချစ်ခင်မြတ်နိုး သစ္စာရှိအောင် တစ်ခုခု လုပ်ပေးပါဆရာ။ ကျွန်မလေ ကြာရင် ကိုဦးစိတ်နဲ့ ဒုက္ခရောက်တော့မှာမို့ပါ။ ဆရာ့အတွက် ညာဏ်ပူဇော်ခကို စင်္ကာပူဘဏ် အကောင့်ထဲကို ထည့်ပေးလိုက်ပါ့မယ်ဆရာ။

လေးစားခင်မင်စွာဖြင့်
ပိုးလေး (ခေတ္တ-စင်္ကာပူ)

ကျွန်ုပ်ထံသို့ အီးမေးလ်ပို့၍ စာရေးအကူအညီ တောင်းလာသော စင်္ကာပူမှပိုးလေး၏ စာကို ဖတ်၍ ကျွန်ုပ်သည် တစ်ခါတစ်ရံမျှ မြင်ဘူးတွေ့ဘူးခြင်း မရှိသော ပိုးလေးဆိုသူ၏ ရင်ထဲမှ ဒဏ်ရာများခံစားချက်များကို မြင်လိုက်ရ၏။ စာနာမိလိုက်၏။ နားလည်ပေးမိ၏။ တစ်ဖက်မှလည်း စင်္ကာပူတွင် အလုပ်တစ်ဖက်လုပ်နေရ၏။ တစ်ဖက်မှလည်းမြန်မာပြည်တွင် ကျန်နေသော မိမိ၏ လင်တော်မောင် ကိုဦးကိုလည်း စိတ်ပူနေရသော ပိုးလေး၏ ခံစားချက်များ၊ စိတ်သောကများသည် မည်မျှလောက် နာကျင်နေမည်လဲဟု တွေးမိလေ၏။

ထို့ကြောင့် ကျွန်ုပ်သည် ပိုးလေး၏ အိမ်ထောင်ရေး တည်တန့်ခိုင်မြဲအောင် သာယာအောင် ၊ သူ့ယောက်ျားကိုဦးဖြစ်သူ မိန်းမမရှုပ်ပဲ သူတစ်ဦးတည်း အပေါ်တွင် ခိုင်မြဲစေအောင်၊ သစ္စာရှိအောင် အဆောင် တစ်ခုခု လုပ်ပေးမည်ဟု ဆုံးဖြတ်ချက်ချလိုက်၏။ သို့သော် ပိုးလေးသည် ယခုလောလောဆယ် စင်္ကာတွင် ရောက်နေ၏။ ကျွန်ုပ်က ထိုင်းနိုင်ငံတွင် ရှိနေ၏။ သူနှင့် ကျွန်ုပ်သည် လွန်စွာ အလှမ်းကွာဝေးနေ၏။ ထို့ကြောင့် အဆောင်များ ယတြာများ မည်ကဲ့သို့ စီစဉ်ပို့ပေးရမည်းနည်း။ အိမ်ထောင်ရေးနှင့် ပါတ်သက်သော အဆောင် များစွာရှိ၏။ သို့သော် စင်္ကာပူတွင် လုပ်၍ အဆင်ပြေပါမည်လား။ အစရှိသည်ဖြင့် အတွေးများစွာဖြင့် ရှိနေလေရာ ကျွန်ုပ်သည် ပိုးလေးထံသို့ Reply- ပြန်မလုပ်ဖြစ်ခဲ့ပေ။ (၃) ရက်အကြာတွင် ပိုးလေးထံမှ ကျွန်ုပ်ထံသို့ အကူအညီပေးပါရန် စာတစ်ဆောင်ထပ်ရောက်လာလေ၏။ ထို့ကြောင့် ရက်ပိုင်းအတွင်း အကြောင်းပြန်ပေးမည့်အကြောင်းနှင့် ယတြာအတွက် စီစဉ်နေကြောင်း စာပြန်ပေးလိုက်လေ၏။

ကျွန်ုပ်သည် ထိုရက်ပိုင်းတွင် အဆောင်ကိစ္စများတွက် စီစဉ်ရလေ၏။ ထို့ကြောင့် ကိုဦးသည် တနင်္ဂနွေသား ဖြစ်၏။ ပိုးလေးသည် ကြာသပတေးသမီးဖြစ်၏။ ထို့ကြောင့် တနင်္ဂနွေအတွက် အင်သားရှာရ၏။ ကြာသပတေး အတွက် ပျဉ်းမသားကို ရှာရ၏။ ထိုအသားနှစ်ခုနှင့် အဆောင် စီရင်ပေးရ၏။ ထိုအဆောင် စီရင်ပုံကို အောက်တွင် အသေးစိပ်ဖော်ပြပေးပါမည်။

အဆောင်တစ်ခု စီရင်ပြီးသည့် နောက်ပိုင်းတွင် ထိုအဆောင်ကို စင်္ကာပူရှိ ပိုးလေးထံသို့ ပိုပေးရန် စီစဉ်ရပြန်၏။ အစပထမတွင် ကျွန်ုပ်သည် လူကြုံနှင့် ပို့ပေးရန် စဉ်းစားမိလေ၏။ သို့သော် လူကြုံဆိုသည်မှာ ကြုံမှ ဖြစ်မည့်ကိစ္စဖြစ်သောကြောင့် ထင်သလောက် မလွယ်ကူလှပေ။ ထို့ကြောင့် ကျွန်ုပ်သည် နည်းလမ်းပေါင်းစုံကို တွေးနေမိ၏။ တစ်ရက်တွင် ကျွန်ုပ်ထံသို့ အမေရိကတွင် ရှိသော မိတ်ဆွေတစ်ဦးမှ တားရော့ကဒ်တစ်ထုပ်ကို စာတိုက်မှ ပို့ပေးလိုက်လေ၏။ ကျွန်ုပ်ထံသို့ (၇)ရက်ခန့်အကြာတွင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလေရာ တားရော့ထုပ်လေးကို ကြည့်ရင်း အကြံတစ်ခုရမိ၏။ ပိုးလေး၏ အဆောင်ကို စာတိုက်မှ သွားပို့ရရင် ကောင်းမည်ဟု တွေးမိ၍ ချက်ချင်းဆိုသလိုပင် စာတိုက်သို့သွားကာ စုံစမ်း၏။ ထိုသို့ စုံစမ်းရာ နိုင်ငံတကာသို့ ပစ္စည်းများ ပို့လို့ရသည်ဟု သိရလေ၏။ ထိုအကြံကို အခုမှ ဘာကြောင့်သိရတာလည်းဟူ၍လည်း မိမိကိုယ်ကို အားမလိုအားမရဖြစ်မိလေ၏။

ပစ္စည်းပို့ရာ၌ နှစ်မျိုးနှစ်စားရှိ၏။ တစ်မျိုးမှာ ပုံမှန်အတိုင်း ပို့ခြင်းဖြစ်၏။ တစ်မျိုးမှာ အမြန်ချောပို့ခြင်း ဖြစ်၏။ ထိုနှစ်မျိုးတွင် ပို့ခအဖြစ် အမြန်ချောပို့အဖြစ် ငွေငါးဆပို၍ပေးရလေ၏။ ထို့ကြောင့် ကျွန်ုပ်သည် ပိုးလေး၏ အိမ်လိပ်စာအပြည့်အစုံကို တောင်းယူ၍ ပိုးလေးအတွက် အဆောင်ကို ပို့ပေးလိုက်လေတော့၏။ (၄)-ရက်ခန့်အကြာတွင် ပိုးလေးမှ ဖုံးဆက်၍ ကျွန်ုပ်ပို့ပေးလိုက်သော အဆောင်ကို ရရှိပြီဖြစ်ကြောင်း ဖုံးဆက် ပြောပြ၏။ ထို့ကြောင့် ကျွန်ုပ်ကလည်း ဤအဆောင်လေးကို ယုံယုံကြည်ကြည်နှင့် ဆောင်ထားရန်နှင့် ကိုဦးကို တစ်စုံတစ်ရာ ပြောဆိုချင်သော ကိစ္စများရှိပါကလည်း ကိုဦးကို ထိပ်တိုက်မပြောခင် ဤအဆောင်လေးကို ကြည့်၍ အရင်ဆုံးစကားများအမိန့်များ ပေးနိုင်ကြောင်း ပြန်လည်ပြောပြလိုက်လေ၏။

မိတ်ဆွေများခင်ဗျာ....

အထက်ပါအဆောင်သည် အိမ်ထောင်ရေးတွင်မက အချစ်ရေးကိစ္စများတွင်လည်း အသုံးပြုနိုင်ယုံမက မိမိနှင့် ဘ၀တစ်ခုလုံးရေရှည် အဆင်ပြေချင်သော မိသားစုများ ၊ စီးပွားရေးလက်တွဲဖော်များ၊ သူငယ်ချင်းများနှင့်လည်း ဆောင်ရွက် ထားနိုင်ပါတယ်။ သို့သော် တစ်ခုကြိုတင်၍ မေတ္တာရပ်ခံချင်သည်မှာ ကောင်းမြတ်သော မေတ္တာစိတ်ကိုသာ အခြေခံ၍ ပြုလုပ်ကြပါရန် ကြိုတင်၍ ပြောဆိုလိုပါတယ်။ ကိုယ်ပြုသမျှကံ ကိုယ့်ဆီပြန် လာတတ်သောကြောင့် ကောင်းမွန်သော စိတ်စေတနာကိုသာ အရင်းခံ၍ ပြုလုပ်ဆောင်ရွက်မည် ၊ သစ္စာဆို ဆောင်ရွက်မည်ဆိုပါက မုချ အောင်မြင်နိုင်ပါကြောင်း ကြိုတင်၍ ပြောဆိုလိုက်ပါရစေ...။

ထိုအဆောင်ကို မည်သူမဆို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်နှိုင်ပါတယ်။ အရမ်းလည်း ထိရောက်ပါတယ်။ အရမ်းလည်း စွမ်းပါတယ်။ ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ဖို့အတွက် အခက်အခဲရှိပါက ကျွန်ုပ်ထံသို့ လိပ်စာအတိအကျ ၊ မွေးနံအတိအကျများကို (sayaheintintzaw@gmail.com) သို့ စာရေးသား ပေးပို့ အကူအညီ တောင်းနိုင်ပါတယ်။ သင့်ဘက်က ကုန်ကျစရိပ်လောက်သာ ကျခံပါ။ ကျွန်ုပ်ဘက်က မေတ္တာဖြင့် စီရင်၍ ပြန်လည်ပေးပို့လိုက်ပါမည် ဖြစ်ပါကြောင်း......

မိမိတစ်ဖက်သတ် တိတ်တခိုး ချစ်ကြိုက်နေသူမှ မိမိကို ပြန်လည် စိတ်ဝင်စားလာစေသောနည်း

အချစ်ဆိုသောအရာ

ဟုတ်ပြီ။ အချစ်ဆိုသောအရာသည် လူသားတိုင်းနှင့် လုံးဝကင်းကွာလို့ မရတဲ့အရာ။ အားလုံးနှင့် သက်ဆိုင်နေသောအရာ၊ အားလုံးထဲမှာ ရှင်သန်နေသောအရာ၊ ဘယ်တော့မှ ပျောက်ပျက်မသွားတဲ့အရာ ဖြစ်တယ်။ မချစ်တတ်သော လူသားဆိုတာက လောကကြီးမှာ မရှိသလောက်ရှားတယ်။ တစ်ရာမှာ တစ်ရာ-ရာခိုင်းနှုန်းမှာ ချစ်တတ်တဲ့စိတ်ဟာ မွေးဖွားလာပြီ ဆိုကတည်းက ပူးတွဲပါဝင်လာကြတာ။ လူနည်းစုလောက်သာ ချစ်တတ်တဲ့စိတ်ကို မချစ်တတ်တဲ့စိတ်ဖြစ်အောင် ကြိုးစားအားထုပ် သွား ကြတာမဟုတ်လား။ ဒါကြောင့် လူသားတိုင်းမှာ မွေးဖွားလာပြီ ဆိုကတည်းက ပူးတွဲပါဝင်လာတဲ့ ဒီချစ်တတ်တဲ့စိတ် ဆိုတာကို ကောင်းတယ်လို့ ပြောလို့မရသလို မကောင်းဘူးလို့ပြောလို့လည်း မရပြန်ဘူး။ ဘာကြောင့်လည်း ဆိုတော့ ဒီအချစ်ဆိုတဲ့ အရာဟာ သဘာဝတရား များစွာထဲက သဘာဝတစ်ခုပဲ မဟုတ်လား။

အချစ်ကိုဘယ်လိုရင်ဆိုင်မလဲ

အိုကေနော်....။ ဒီအချစ်ဆိုတဲ့ အရာကြီးကို ကျွန်တော်တို့ ဘယ်လို ရင်ဆိုင်ကြမလဲ။ လူဆိုတာကလည်း လူအမျိုးမျိုးရှိတာဆိုတော့ အချစ်ဆိုတဲ့ အရာကို တွေ့ဆုံရင်ဆိုင်လာကြရတဲ့ အခါမှာလည်း တစ်ယောက်နဲ့တစ်ယောက် ခံယူချက်ခြင်း၊ ခံစားချက်ခြင်း မတူညီကြတဲ့အတွက် ရင်ဆိုင်ပုံခြင်းလည်း မတူညီကြပြန်ဘူး။ တစ်ချို့က နူးနူးညံ့ညံ့လေးရင်ဆိုင်ကြတယ်။ တစ်ချို့တော့ ကြမ်းကြမ်းတမ်းတမ်း ရင်ဆိုင်တတ်ကြတယ်။ တစ်ချို့ကတော့ ဘာသာတရားနဲ့လက်တွဲပြီး ရင်ဆိုင်တတ်ကြတယ်။ တစ်ချို့ကြပြန်တော့ အရက်ဆိုင်ကနေ ရင်ဆိုင်တတ်ကြတယ်။ ကဲ...ကိုယ့်ပါတ်ဝန်းကျင်မှာရှိတဲ့ လူတွေကိုပဲ လိုက်ကြည့်လိုက်ပါဦး။ တစ်ယောက်နဲ့ တစ်ယောက် တူညီကြသလားလို့။

အချစ်ရဲ့အကျိုးသက်ရောက်မှု့

နောက်တစ်ခုက အကျိုးသက်ရောက်မှု့။ တစ်ချိုကတော့ အချစ်ကြောင့် ကောင်းသွားကြတယ်။ တစ်ချို့ကြပြန်တော့ဆိုးသွားကြတယ်။ တစ်ချို့ကြပြန်တော့ ကြီးပွား ချမ်းသာသွားကြတယ်။ တစ်ချို့ကြပြန်တော့ ဆင်းရဲ မွဲတေ သွားကြတယ်။တစ်ချို့ကြပြန်တော့ ကိုယ့်ကိုကို သတ်သေ သွားကြတယ်။ တစ်ချို့ကြပြန်တော့ အသက်ကို ရှည်သထက်ရှည်အောင်နေထိုင်သွားကြတယ်။ တစ်ချို့ကြတော့ အောင်မြင်သွားကြပြီး တစ်ချို့ကြတော့ ကျရှုံးသွားကြတယ်။ ဒါတွေက အချစ်ရဲ့အကျိုးသက်ရောက်မှု့တွေပေါ့။ (ကျွန်တော်ကတော့ အချစ်ကြောင့် ရိုးသားသွားတယ်။ မနက်ဖြန်တွေ ရှင်သန်လာတယ်)

အဲဒီတော့ ကျွန်တော်တို့ ရင်ထဲကို အချစ်ဆိုတဲ့အရာက ၀င်ရောက်လာပြီ ဆိုကြပါစို့။ ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။အခု ကျွန်တော်က စိတ်တန်ခိုးနဲ့ ပါတ်သက်ပြီး ပြောမှာဆိုတော့ ဒီပြင့်အပြင်က ကြိုးစား အားထုပ်မှု့တွေကိုမပြောတော့ဘူး။ စိတ်တန်ခိုးနဲ့ ပါတ်သက်တာကိုပဲ ပြောတာကောင်းတယ်။ အဲဒီတော့ ခေါင်းစဉ်တစ်ခုလောက်ပေးကြမယ်။ ပေးလိုက်တဲ့ခေါင်းစဉ်က နည်းနည်းတော့ ကြမ်းချင်ကြမ်းမယ်။ ဒါပေမယ့် ရှင်းအောင်ရေးတာ ဆိုတော့နားလည်ပေးပါ။

ကိုယ်ကြိုက်နေသူက ကိုယ့်ကို ပြန်ကြိုက်အောင်-စိတ်တန်ခိုးနဲ့ ညှို့နည်း

ဥပမာ ကောင်မလေးတစ်ယောက်က ကောင်လေးတစ်ယောက်ကို တိတ်တဆိတ် စွဲလန်းနေတယ်။ ချစ်ခင်နေတယ်။ ကြိုက်နေပြီ ဆိုကြပါစို့။ အရေးကြီးတာက အဲဒီကောင်လေး ကိုယ့်ကိုပြန်ချစ်အောင် ၊ ပြန်ကြိုက်အောင် ဘယ်လိုလုပ်မလဲ။ တစ်ခု သတိပြုရမှာက ဒီနေရာမှာ ကျွန်တော်တို့လုပ်မှာက စိတ်အလုပ်ကို လုပ်မှာနော်။ ရုပ်အလုပ် မဟုတ်ဘူး။

အဆင့် (တစ်)- ပြင်းပြသောစိတ်နှင့်ယုံကြည်ချက်ရှိရမယ်။

ကျွန်တော်တို့မှာ အရမ်းအရေးကြီးတာက စိတ်အား ထက်သန်ခြင်း ဆိုတာပါပဲ။ မိမိလုပ်တဲ့အလုပ်ကို ယုံကြည်ရမယ်။ ငါဒီစိတ် အလုပ်ကိုလုပ်တယ်။ တစ်နေ့ထက်တစ်နေ့ ငါအလိုရှိတဲ့အရာနဲ့ ပို၍ပို၍ နီးစပ်လာပြီ ဆိုတာကိုလေးလေးနက်နက် ယုံကြည်ထားရမယ်။ နောက်ပြီး စိတ်ဇောထက်သန်စွာနဲ့ နေ့စဉ်ပုံမှန် လုပ်သွားရမယ်။ဦးတည်ချက်ကလည်း တိကျနေရမယ်။ အကြီးလိုလို အငယ်လိုလို မရဘူးနော်။ သက်မွန်မြင့်ဆိုရင် သက်မွန်မြင့်ပဲနော်။ သက်မွန်မြင့်ကို မရရင် အေးမြတ်သူကွာ အဲဒီလိုမရဘူး။ ကိုယ့်ရဲ့ ဦးတည်ချက်၊ ကိုယ့်ရဲ့ ပစ်မှတ်က ကွက်တိဖြစ်နေရမယ်။

တစ်ခုခုကို သေသေချာချာ ဦးတည်ထားရမယ်။

နောက်တစ်ခုက ကိုယ်က ဘာလိုချင်နေတာလဲ။ ကောင်လေးရဲ့ မေတ္တာတရားနော်။ အဲဒီတော့ သူ့ဆီက စစ်မှန်တဲ့မေတ္တာတရားကို ကိုယ်က လိုချင်နေတာဆိုရင် ကိုယ့်ဆီမှာလည်း စစ်မှန်တဲ့ မေတ္တာတရား ရှိနေရမယ်နော်။ စစ်မှန်ရမယ်။ ကိုယ်က အတုကြီးဆိုရင် သူ့ဆီကလည်း အတုကြီး ပြန်လာလိမ့်မယ်နော်။ ဒါဟာ အမှန်တရားပဲ။ တန်ပြန်သက်ရောက်မှု့ပဲ။ တူညီတဲ့ တုန့်ပြန်မှု့ပဲ။

အဆင့်(၂)- သူ့မျက်နှာကို တိတိကျကျ ပြတ်ပြတ်သားသား မြင်ယောင်နိုင်ရမယ်။

ဒါကိုတော့ နိမိတ်လို့ ပြောရင်ရမလားပဲ။ ကိုယ်ကြိုက်နေတဲ့ ကောင်လေးရဲ့ ပုံကို ပြတ်ပြတ်သားသား အာရုံပြုနိုင်ရမယ်။ဝါးတားတားကြီး ဖြစ်နေလို့ မရဘူးနော်။ ရှင်းရှင်းလင်းလင်း မြင်ယောင်နိုင်ရမယ်။

အဆင့်(၃)- သူနဲ့ကိုယ်နဲ့ အပြင်မှာ စကားပြောနေသလို မြင်ယောင်ရမယ်။

အိုကေ...။ စပြီ။ ကောင်လေးကို ညှို့တော့မယ်။ အရင်ဆုံး ငြိမ်ငြိမ်လေး ထိုင်နေပြီးစရမယ်။

ငြိမ်ငြိမ်လေး ထိုင်ရမယ်ဆိုတာက ကိုယ့်ရဲ့ ယောက်ယက်ခတ်နေတဲ့ စိတ်ကို အတည်ငြိမ်ဆုံး ဖြစ်အောင် စုစည်းလိုက်တာပဲ။ဘာကြောင့်လဲဆိုတော့ တည်ငြိမ်တဲ့ စိတ်ကသာ အောင်မြင်စေမှာဖြစ်တယ်။ ဒါကိုလည်း သမာဓိလို့ ပြောရင်ရမလား။ဘယ်လိုပဲပြောပြော အဓိကကတော့ သင့်ရဲ့ စိတ်ဟာ အေးချမ်းပေါ့ပါးနေရမယ်။ တည်ငြိမ်နေရမယ်။ ယောက်ယက်ခတ်မနေရဘူး။ ပူလောင်မနေရဘူး။ ဟိုရောက်ဒီရောက် ဖြစ်မနေရဘူး။ ကိုယ်ချစ်ခင် စွဲလန်းနေတဲ့ ကောင်မလေးဆီကို ကိုယ့်ရဲ့ စိတ်အာရုံကို အပြည့်အ၀ စေလွှတ်တော့မှာ ဖြစ်တယ်။

အဆင့်(၄)- ကိုယ်ကြိုက်တဲ့ ကောင်လေးကို စိတ်ကူးနဲ့ အရင်သွားတွေ့ရမယ်။

အိုကေ ...။ နောက်တစ်ဆင့်တက်ပြီ။ သွားတွေ့တော့မယ်။ အ၀တ်အစား သန့်သန့်ရှင်းရှင်း ၀တ်ပြီး တက်ကြွတဲ့ခြေလှမ်းတွေနဲ့ ကောင်လေးကို သွားတွေ့မယ်။ ရောက်ပြီ။ ကောင်လေးကို တွေ့ရပြီ။ ကိုယ်က ကောင်မလေးကိုအရင်ဆုံး လှိုက်လှိုက်လှဲလှဲ ပြုံးပြလိုက်။ အဲဒီမှာ ကောင်လေးကလည်း ကိုယ့်ကို လှိုက်လှဲဖော်ရွှေစွာပြန်လည်ပြုံးပြတယ်နော်။ အဲဒီမှာ ကိုယ်က ကောင်လေးကို အချစ်တွေ၊ မေတ္တာတွေ ပြည့်ဝနေတဲ့ မျက်ဝန်းတွေနဲ့ကောင်လေးရဲ့ မျက်ဝန်းကို စိုက်ပြီး ကြည့်လိုက်တယ်။ ကောင်လေးကလည်း ကိုယ့်မျက်ဝန်းတွေကို ပြန်လည်စိုက်ကြည့်နေပြီ။ သူနဲ့ ကိုယ်နဲ့ မျက်လုံးခြင်းဆုံ နေပြီနော်။ မျက်စိကို လုံးဝမလွဲလိုက်နဲ့။ စိုက်သာကြည့်နေ။ ပြီးတော့မှကိုယ့်ရင်ထဲမှာ ဖြစ်နေတဲ့ စိတ်ခံစားချက်တွေကို တစ်လုံးချင်းချင်း သူ့ကို ပြောပြလိုက်မယ်။

ဒီမှာ ကိုအောင်။ ကျွန်မ ကိုအောင့်ကို စကား ပြောချင်တယ်။ ကျွန်မစကားကို သေသေချာချာ နားထောင်နော်။ကျွန်မကတော့ ကိုအောင့်ကို အရမ်းချစ်တယ်။ စစ်မှန်တဲ့ မေတ္တာတရားတွေနဲ့ တကယ်မြတ်မြတ်နိုးနိုး ချစ်တာပါ။အရမ်းလည်း စွဲလန်းနေပါတယ်။ ကျွန်မက ကိုအောင့်ကို စွဲလန်းချစ်ခင်နေသလိုပဲ ကိုအောင်ကလည်း ကျွန်မကိုပြန်ချစ်ရမယ်။ ပြန်ချစ်တယ် မဟုတ်လားလို့ တစ်ခါတည်း ပြန်မေးလိုက်တယ်။ အဲဒီမှာ သူက ကိုယ့်ကို တစ်ခါတည်းပြုံးပျော် ရွှင်လန်းစွာနဲ့ စကားပြန်ပြောတယ်။ ကျွန်တော်လည်း မကို ချစ်ပါတယ်ပေါ့။

(ဒါက ဥပမာ ပြောတာနော်။ တော်ကြာ ကိုယ့်မှာ ချစ်သူရှိတဲ့လူတွေက ဘာလုပ်ရမှန်းမသိ ဖြစ်နေဦးမယ်။ ကိုယ့်မှာ

ချစ်သူရည်းစားရှိတဲ့ လူတွေကြပြန်တော့ ကိုယ့်ချစ်သူရဲ့ ရင်ထဲကိုဝင်ပြီး ကိုယ့်ကို ပိုချစ်သထက်ချစ်အောင်၊စွဲလန်းသထက် စွဲလန်းအောင် ၊ သတိယသထက် သတိယအောင် ၀င်ပြီး ကိုယ်ချစ်သူလေးရဲ့ စိတ်ကို ညှို့လို့ရတာပေါ။)

အခု အပေါ်မှာ ပြောခဲ့တာတွေ အားလုံးဟာ စိတ်ကူးနေတာနော်။ စိတ်ကူးနေတာ။ အဲဒီလို နေ့တိုင်း စိတ်ကူးရမယ်။ ထက်သန်တဲ့ စိတ်၊ တက်ကြွတဲ့ စိတ်နဲ့ နေ့တိုင်း စိတ်ကူးရမယ်။ ဘယ်နှစ်ရက်လုပ်ရမလဲ လို့တော့ မမေးပါနဲ့။ ကိုယ့်ရဲ့ စိတ်အားထက်သန်ရင် ထက်သန်သလောက် မြန်မယ်။ ကိုယ့်စိတ်က စွဲလန်းရင် စွဲလန်းသလောက် မြန်မယ်။ တကယ်လုပ်ရင် သေချာပေါက် အောင်မြင်မှာလားလို့ မေးရင်တော့ တကယ်ကို သေချာပေါက် အောင်မြင်ပါ့မယ်ဆိုတာကို အာမခံပေးလိုက်ပါတယ်။

အဆင့်(၅)- ဘယ်အချိန်လုပ်ရင် အကောင်းဆုံးလဲ။

အကောင်းဆုံးကတော့ ကိုယ်ကြိုက်နေတဲ့ ကောင်မလေး အိပ်စက်တဲ့အချိန် လုပ်တာ အကောင်းဆုံးပါပဲ။ မိတ်ဆွေများခင်ဗျား။ စိတ်ပညာနှင့် ပါတ်သက်၍ ကျွန်တော်ဟာ ပညာရှင်မဟုတ်ပါ။ ဆရာသခင် လမ်းပြပေးခဲ့သော

နည်းနာများကို အခြေခံ၍ စိတ်တန်ခိုးဆိုသော လမ်းရှည်ကြီးကို စိတ်ရှည်လက်ရှည် ဆက်လက် ခရီးဆက်နေသော သာမန်လူတစ်ဦးပင်ဖြစ်ပါတယ်။ ကျွန်ုပ်သည် ကောင်းကင်ပေါ်လည်း ပြန်သန်း နိုင်သော တန်ခိုးကို မလိုချင်ပါ။ ရေထဲမှာသွားနိုင်သော သူလည်း မဖြစ်လိုပါ။ အရာ ၀တ္ထုများကို မတို့မထိပဲ ရွေ့ရှားအောင်လည်း မစွမ်းဆောင်ချင်ပါ။

ကျွန်ုပ်လိုချင်သော စိတ်တန်ခိုး ဆိုသည်မှာကား ကျွန်ုပ်နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသော လူမှု့ရေး၊ စီးပွားရေး၊ လုပ်ငန်းဆောင်တာ ကိစ္စများကိုသာ ကျွန်ုပ် ဆန္ဒရှိသည့်အတိုင်း စေစားနိုင်သူသာ ဖြစ်ချင်ပါသည်။ ထို့ကြောင့်အောင်မြင်သော ဘ၀ခရီးလမ်းကို ကျွန်ုပ်ကဲ့သို့ ရှေ့ရှု့ကြကုန်သော သူအပေါင်းတို့အတွက် ရည်ရွယ်၍ အနည်းငယ်မျှသော အသိတရားဖြင့် ပြန်လည်ရေးသား ပေးလိုက်ရခြင်း ဖြစ်ပါတယ်။