Pages

Friday, June 8, 2012

ပြန်လာပါချစ်သူ


ခပ်သောက်ရတော့
ဘယ်တော့မှ ကုန်နိုင်တယ် မရှိဘူး
အတိတ်နဲ့ အနာဂါတ်ကိုလည်း ထိုနည်းလည်းကောင်းပဲ……….ချစ်သူ၇ယ်....

   သံစဉ်တွေ ကြိုးပျက်တဲ့ည
ဖယောင်းတိုင်တစ်တိုင်နဲ့ ထွန်းညှိရင်း
လမင်းကို စိန်ခေါ်ဖူးတယ်……………

   နှုတ်ဆက်အနမ်းတွေဟာ ရေလိုစီးဆင်းသွား
အဲဒီရေတွေကို ဘယ်သူက ဆည်ဆောက်ပြီး
မာနတရားတွေကို မီးထွန်းပေးနေလည်း…………

   စာမေးပွဲတစ်ခုရဲ့ Result လို
နောက်ဆုံးက အမြဲရေ နေကျ
ကိုယ့် အဆင့်ကိုယ်တောင် အသံမြည်လာတယ်….

   မပြည့်ပေမယ့်
ဘောင်ဘင် မခတ်ခဲ့ဘူး….သတိရစိတ်ကို ခေါင်းအုံး
( မင်းရဲ့) ဓာတ်ပုံလေးကို ကြည့်ရင်း
မနက်ဖြန်များစွာကို

    ရောက်လာလိမ့်မယ်……….
ရောက်လာလိမ့်မယ်……….
လာလိမ့်နိုး……..
လာလိမ့်နိုး……..နဲ့ စောင့်ခဲ့ရတာ ကြာပေါ့ကွယ်……

                           emoboy7327@gmail.com

No comments:

Post a Comment