Pages

Saturday, June 9, 2012

တသက်တာအချစ်

ကောင်မလေးရယ်
မက်မောစရာမရှိတဲ့ငါ့ ကဘာထဲမှာ
မင်းခဏတာနားခိုခဲ့တာလား
ဒါမှမဟုတ် ငါလိုကောင်ကို
ကဘာ ပြိုအောင်တမင်လုပ်ခဲ့တာလား
ငါ့မှာမင်းကိုချစ်တာတစ်ခုဘဲ ချမ်းသာတာပါ
အရာရာနိမ့်ကျတဲ့ငါ့ဘ၀ကို
မြေထဲရောက်အောင်မလုပ်ပါနဲ့
မင်းကိုချစ်သူလို့ခေါ်တဲ့ငါ့ပါးစပ်
အခုထိယောင်ပြီးထွက်နေဆဲပါ
မင်းကိုမုန်းလို့မရတဲ့ငါ့ဘဝ
အမြဲခံစားနေရမှာပါပဲလေ
ဒီဘ၀ရဲ့အချစ်သမိုင်းမှာ
မင်းအနိုင်နဲ့ပိုင်းသွားခဲ့ပြီပေါ့
မင်းကိုအရှုံးပေးနေရကိနဲ့
ဘာလို့အမုန်းကြွေးတွေထပ်နေရတာလဲ
မင်းပေးတဲ့အမုန်းတွေကိုပိုက်ပြီး
ငါပြုံးနေလိုက်ပါမယ်ကောင်မလေးရယ်
ငါ့ရင်ထဲကတော့တစ်သက်လုံး
မင်းကိုချစ်နေဦးမှာပါပဲလေ
                 emoboy7327@gmail.com

No comments:

Post a Comment