ငါနင့်ကိုမေးခွင့်ပေးပါ
သဲပြင်မှာရေးတဲ့စာတွေဟာ
အကြောင်းတစ်ခုခုကြောင့်အလွယ်တကူပျက်တတ်သလို
ငါ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ
ကမ္ဗည်းထိုးတာတဲ့ နင့်ကိုလည်း
လွယ်လွယ်ကူကူ မေ့လိုက်ချင်တယ်….။
နာကျင်တာ၊ဝမ်းနည်းးတတ်တာ..
အားငယ်တတ်တာ၊မျက်ရည်ကျတတ်တာတွေဟာ….
ငါအရင်းနှီးဆုံး အရာတွေဆိုပေမယ့်
အဲ့အရာတွေကို နင်က ငါ့ကိုလက်ဆောင်အဖြစ်ပေးတဲ့အခါ
ငါကြေကွဲနာကျင်စွာ လက်ခံရင်း
“ငါနင့်ကို မေ့လိုက်ချင်တယ်”
တကယ်လို့ နင်ဂိမ်းတစ်ခုကို ကစားနေတာဆိုရင်
နင်ဂိမ်းထဲမှာ ဝင်ကစားခဲ့တာ ငါ့နှလုံးသားဖြစ်ပြီး
ရှုံးသွားတာကတော့ ငါ့အချစ်ပါ….။
ငါ့နှလုံးသားက ရှုံးသွားတဲ့ ငါ့အချစ်အတွက်
နာကျင်ခံစားရတဲ့ အခါ
“ငါနင့်ကိုမေ့လိုက်ချင်တယ်”
တစ်ချိန်ကျရင် နင့်ဘေးကထွက်သွားပါလို့
မပြောပေမဲ့…….
ငါ့အလိုက်တသိထွက်သွားပေးရမဲ့သူပါ…။
နင့်ဘေးနားရှိနေခွင့်ရတဲ့ အဓိပ္ပာယ်ရှိတဲ့ အခိုက်တန့်လေးတွေမှာ
နင်နဲ့ ပျော်ရွှင်စရာတွေ..အမှတ်ရစရာတွေ
ငါ ဖန်တီးချင်ခဲ့ပါတယ်….။
ငါ့ ဖန်တီးမှုတွေကို နင်စိတ်မပါတိုင်း
အရမ်းငိုချင်လာပီး..စိတ်အားငယ်မိတဲ့အခါ
“ငါနင့်ကို မေ့လိုက်ချင်ပါတယ်”
ငါနင့်ကိုချစ်တယ် ဆိုတာထက်
ပိုမိုလေးနက်တဲ့ စကားလုံးမျိုးရှိရင်
ငါနင့်ကိုပြောပြချင်ပါတယ်…။
ဒါကို နင်မသိနိုင်တဲ့အခါ
“ငါနင့်ကို မေ့လိုက်ချင်ပါတယ်”
ဒါပေမယ့် နင်နဲ့တွေ့တဲ့ အခါ
ငါတကယ်မေ့လိုက်တာက
နင့်ကို မေ့ပစ်လိုက်ချင်တဲ့ ဆိုတဲ့ ငါ့စိတ်ပါပဲ……။
emoboy7327@gmail.com
No comments:
Post a Comment