Pages

Friday, July 27, 2012

အထက်တန်းကျစိတ်

  1. အထက်တန်းကျတဲ့စိတ်ဆိုတာ သူတစ်ဖက်သားကကိုယ့်ကို ဂရုပြုဆက်ဆံချင်သလို၊ ကိုယ်ကလည်း တစ်ဖက်သားကို အလေးပြုဂရုစိုက်တတ်သူဖြစ်တယ်။
  2. အထက်တန်းကျတဲ့စိတ်ဆိုတာ ရန်သူနဲ့ဓါးချင်းယှဉ်ခုတ်ရာမှာ ရန်သူဓါးကဓါးလွတ်ကျခဲ့ရင် တောင်မှ လွတ်ကျသွားတဲ့ဓါးကို ကောက်ယူပေးနိုင်တဲ့စိတ်မျိုးဖြစ်တယ်။
  3. အထက်တန်းကျတဲ့စိတ်ဆိုတာ ကိုယ်ခံရတဲ့အလှည်.မှာအပြုံးမပျက်ရင်ဆုင်နိုင်ပြီး၊ ကိုယ်ကအပေါ်ဆီကရတဲ့အခါမျိုးမှာသင်ပုန်းချေပြီးခွင့်လွှတ်တတ်တဲ့စိတ်မျိုးဖြစ်တယ်။
  4. အထက်တန်းကျတဲ့စိတ်ဆိုတာ လူတိုင်းအပေါ်မှာဆွေမျိုးသားချင်းတွေလိုမေတ္တာထား၊ ကိုယ်ချင်းစာတရားနဲ့ဆက်ဆံတတ်ပြီး၊ ဒုက္ခရောက်နေသူကိုကူညီတတ်သူဖြစ်တယ်။
  5. အထက်တန်းကျတဲ့စိတ်ဆိုတာ လူတချိုရဲ့အောင်မြင်မှုနဲ. ချမ်းသာသုခအတွက်ရန်သူဖြစ်နေစေအုံးတော.ကျေနပ်နှစ်သိပ်နေနိုင်သူဖြစ်တယ်။