Pages

Saturday, May 26, 2012

အချစ်မီးရှူးတိုင်

အချစ်မီးရှူးတိုင်က ဘ၀ရဲ့ အမှောင်ထုကို  ဖယ်ရှား

သင်္ချိုင်းဂူကို ပြန်လည်ရှင်သန်စေတယ်။

ဒါပေမဲ့ အချစ်မီးရှူးတိုင်ကို

လေဟာပြင်မှာမျှော်ငေးသူတွေအပေါ်

အကျိုးမဲ့ မတောက်ပစေနဲ့။

နေနဲ့ လ ကဲ့သို့ အကျိုးပြုသူကို

ကျောမခိုင်းစေနဲ့။

အချစ် မီးရှူးတိုင် မရှိရင်

နေ့ရောညပါ  လမ်းရှာမတွေ့တဲ့သူ ဖြစ်လိမ့်မယ်။  ။

emoboy7327@gmail.com

ကောင်ချီပေးပါလိမ့်မယ်

ကိုယ်  မင်းအတွက် စကျင်ကျောက်တိုင်တွေ၊ သလင်းကျောက်တွေနဲ့
မိုးနန်းတော် တည်ဆောက်ပေးခဲ့ပါတယ်။
ကိုယ့်အတွက်
မင်း  ဘယ်လောက်လှလှပပပြောင်းလဲသွားခဲ့
တယ်ဆိုတာ
ကြေးမုံ တစ်ထောင်က ကိုယ့်ကို  ပြောပြနိုင်အောင်ပေါ့။

မင့်ကို ငါချစ်ခဲ့တယ်၊ မင့်ကို ငါ ချစ်လျက်ပါပဲ။
ခဏတာခံစားမှုလေးက ရှိနိုင်
ဒါပေမယ့်  ငါ့အချစ်က မင့်ကို အနှောင့်အယှက် မဖြစ်စေချင်ဘူး။
မင့်ကို နာကျင်စေချင်တဲ့ ဆန္ဒ ငါ့မှာမရှိဘူး။
မင့်ကို ငါချစ်ခဲ့ရဲ့။ ငါသိတဲ့ မျှော်လင့်ချက်မဲ့မှု၊
မနာလို ၀န်တိုမှု၊ ရှက်ရွံ့မှုတွေဟာ အချီးနှီး ဖြစ်ပေမယ့်
နူးညံ့တဲ့၊ သစ္စာရှိတဲ့ အချစ်ကို ဖွဲ့စည်း။
ဘုရားသခင်က မင်းကို အချစ်ခံရဖို့
 ကောင်းချီးပေးပါလိမ့် မယ်။

သူငယ်ချင်း


သူငယ်ချင်း....နင်ကို ..ချစ်တယ်လို့ပြောတဲ့ကောင်လေးတွေကို
မေးကြည့်..ငါလိုချစ်နိုင်လားလို့
သူငယ်ချင်းနင်ကိုမြတ်နိုးတယ်လို့ပြောတဲ့နင်ကိုမြတ်နိုးတဲ့သူတွေကို
မေးကြည့်...ငါလိုမြတ်နိုးနိုင်လားလို့....
သူငယ်ချင်း..နင်ကိုချစ်တဲ့ညီအကိုမောင်နှမတွေကို
မေးကြည့်..ငါလိုချစ်နိုင်လားလို့....
တကယ်ပါ...နင်ကိုချစ်တယ်...မြတ်နိုးတယ်ဆိုတာ....
ဘယ်သူမှ...မမှီပါဘူးကွာ...........

ယုံရဲ့လား.....သူငယ်ချင်း..

Friday, May 25, 2012

ချစ်သူ

လေညှင်းတိုက်ခတ် ၊ ယိမ့်နွဲ့တတ်တဲ
အော်.... ပန်းကလေးရယ်..
လောကအလှ ၊ ဆန်သမျှပန်း
မျာှးလွန့်ရင်လည်း ၊ တစ်ပင်ပျိုး၍
တစ်ပွင့်ချစ်သူ ၊ ဥယဉ်မှုအပူ
ပန်းကလေးခမျာ၊ မသိလေချာ
ပွင့်လွှာဝတ်မုံ၊ ညှိုးမှာစိုးထိုက်
မေတ္တာရေစမ်း၊ ဖျန်ပတ်ထိုက်တခိုး
သည်အချစ်မျိုး၊ ဖွင့်ဟမဖြစ်

emoboy7327@gmail.com

Saturday, May 5, 2012

ချစ်သူ


နင်ရဲ့အိမ်မက်တစ်စုံကို
ငါခဏခိုးပြီ
နင်နဲ့ငါ ရဲ့ပျော်စရာအချိန်တွေကို
အိမ်မက်တစ်စုံအဖြစ်ပြန်ပြီးလက်ဆောင်ပေးရင်
ကောင်မလေး............................နင်ကျေနပ်မလား ?

Friday, May 4, 2012

ကဗျာ


အလကာၤမဟုတ္တဲ့....ကဗ်ာတစ္ပုဒ္နဲ့
နင်ကိုတမ်းချင်းတစ်ပုဒ်တော့စပ်လိုက်ချင်တယ်....
နင်ချစ်တာ....လူကိုလား....နှလုံးသားကိုလား....
ငါချစ်တာ....နင်ရဲ့ ..နှလုံးသားဖြူစင်မူ့ကိုပါ
ယုံရဲ့လား .....ကောင်မလေး