Pages

Sunday, September 9, 2012

မိန်မစိတ်သဘေားထား

၁) မနှိုင်းနဲ့ “သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက်ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာတတ်တယ်”လို့ ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တစ်ခြားမိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့်ရတာ မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူးစကားတွေထက် ပိုတန်ဖိုးပါတယ်။ ၂) လျှစ်လျှူမရှူနဲ့ မိန်းကလေးတွေရဲ့ ခံစားမှုအာရုံက လှုပ်ရှားလွယ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့ ပတ်သက်လာရင် မကောင်းတဲ့ဖက် တွေးမြင်လွယ်တယ်။ သဝန်တို၊ အူတိုလွယ်တယ်။ ကိုယ်အခက်အခဲ ကြုံတဲ့အခါ သူ့ကို ဖွင့်ပြောတိုင်ပင်ပြီး မျှဝေခံစားမယ်။ သူဝမ်းနည်းအားငယ်တဲ့အခါ လက်ကို တင်းတင်းဆုပ်ကိုင်ပြီး အကြင်နာငွေ့တွေနဲ့ ကူညီအားပေးမယ်။ အလုပ်မသွားခင် ပုစဉ်းရေနား အနမ်းလေးနဲ့ နှုတ်ဆက်မယ်၊ အိမ်ရောက်ရင်လည်း ပြန်ရောက်ကြောင်း ပွေ့ဖက်နှုတ်ဆက်မယ်။ အဲဒီလိုကိုယ့်အတွက် အပန်းမကြီးတဲ့ နှုတ်ဆက်ခြင်းတွေ၊ အပြုအမှုတွေက မိန်းကလေးတွေအတွက် တစ်သက်လုံး တွေးတိုင်း ကြည်နူးစေနိုင်ပါတယ်။ ၃) မျက်နှာထား မပြနဲ့ မိန်းကလေးတစ်ယောက်ကို ဒေါသမျက်နှာနဲ့ တင်းပြတတ်တဲ့ ယောက်ျားလောက် ကြည့်ရဆိုးတာ မရှိဘူး။ ကိုယ်က အပြင်မှာ မအားမလပ် စီးပွါးရှာနေသလို သူလည်း အိမ်မှုကိစ္စ၊ ကလေးတွေနဲ့ အလုပ်ရှုပ်နေတယ်ဆို သတိရပေးပါ။ နောက်ကနေ လိုအပ်သမျှ ဖြည့်ဆည်းပေးတဲ့ သူရှိလို့ အပြင်မှာ ကိုယ်စိတ်ချလက်ချ အလုပ်လုပ်နိုင်တယ်ဆိုတာ သတိရပေးပါ။ ကိုယ်အလုပ်က ပြန်ရောက်ရင် “ မိန်းမရေ.. ပင်ပန်းနေပြီလား” နဲ့ “ မပင်ပန်းပါဘူး.. အပြင်ထွက် အလုပ်လုပ်တဲ့ ယောက်ျားက ပိုပင်ပန်းတာ” ဆိုတဲ့ အပြန်အလှန် စကားပုံရိပ်တွေက လှပတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ လူကို ကြည်နူးစေပါတယ်။ ၄) ပြိုင်ကြတယ် ယောက်ျားတွေက အလုပ်ပြိုင်၊ ရာထူးပြိုင်သလို မိန်းကလေးတွေလည်း ကိုယ့်ယောက်ျား၊ ကိုယ့်ကလေးအကြောင်း ပြိုင်တတ်ကြတယ်။ ဒါကြောင့် လူတွေရှေ့မှာ မိန်းကလေးတွေကို မဟောက်၊ မအော်ဘဲ အကြင်နာတွေ၊ ဂရုစိုက်မှုတွေ ပေးပါ။ တစ်ခြားမိန်းကလေးတွေ မနာလိုဝန်တို ဖြစ်စေလောက်တဲ့ အချစ်ကို ရထားတဲ့ မင်းသမီးလို့ သူ့ကိုယ်သူ ထင်မြင်အောင် ကြင်နာပြပါ။ သူဟာထက်မြက်တဲ့ မိန်းကလေးဖြစ်ခဲ့ရင် ကိုယ့်အပေါင်းသင်းရှေ့မှာလည်း ကိုယ့်ဟာ မိန်းမကိုဂရုစိုက် ကြင်နာသူအဖြင့် သူမျက်နှာသာ ပြန်ပေးပါလိမ့်မယ်။ ၅) ကြည့်တတ်တယ် မိန်းမလှလေးတွေ မြင်ရင် ယောက်ျားလေးတွေ ကြည့်တတ်ကြသလို ယောက်ျားလေး ချောချောတွေကို မြင်ရင်လည်း မိန်းကလေးတွေ ကြည့်တတ်ပါတယ်။ ဒါကို သဝန်တို၊ စိတ်တိုနိုင်ပေမယ့် ချောတဲ့ ယောက်ျားကိုကြည့်တဲ့ မိန်းကလေးရဲ့အကြည့်က ချောတဲ့မိန်းကလေးကို ကြည့်တဲ့ ကိုယ့်အကြည့်ထက် ရိုးသားပါတယ်။ မိန်းကလေးတွေ ကြည့်တဲ့အကြည့်က လှတဲ့ပစ္စည်းတစ်ခု၊ ပန်းချီကားတစ်ချပ်ကို ကြည့်ရှုခံစား သလိုပဲ ယောက်ျားလေးတွေလို ကြည့်ပြီး စိတ်ကူးယဉ်တာတွေ မပါပါဘူး။ ၆) မရိုက်နဲ့ မိန်းကလေးတစ်ယောက်ကို ရိုက်တတ်တဲ့ ယောက်ျားလောက် အောက်တန်းကျတာ မရှိဘူး။ သူ့ကိုတကယ်ချစ်ရင် အပြန်အလှန် လေးစားမှုဆိုတာ ရှိသင့်တယ်။ လက်မပါသင့်ဘူး။ သူ့ကို မချစ်တော့ရင် ကိုယ့်နှလုံးသားကို ပြန်မေးကြည့်ပါ။ သူ့ကိုပျော်အောင် ဆက်ထားနိုင်မလား? တကယ်လို့ မထားနိုင်ခဲ့ရင် ဆုပ်ကိုင်မထားပါနဲ့။ လက်လွတ်လိုက်ပါ၊ သူ လွတ်လပ်ပါစေ။ ၇) နူးညံ့ပါ မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ထက်မြက်နေပါစေ ယောက်ျားတစ်ဦးရဲ့ ဦးဆောင်ဆုံးဖြတ်မှုကို ပိုအလေးထားကြတယ်။ ဒါမှ ကိုယ့်အတွက် ဘေးကင်းလုံခြုံတယ်လို့ ထင်တတ်ကြတယ်။ မိန်းမတွေဟာ ယောက်ျားတွေရဲ့ နူးညံ့ သိမ်မွေ့တာကို မလွန်ဆန်နိုင်ဘူး။ တကယ်လို့ မိန်းမတစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့မှုက ယောက်ျားတစ်ယောက်ကို ရင်ဆိုင်ဖို့ လက်နက်ဖြစ်ခဲ့တယ်ဆိုရင် ယောက်ျားတစ်ယောက်ရဲ့ နူးညံ့မှုက မိန်းကလေးအတွက် အဏှမြူပဲဖြစ်တယ်။ ဒါပေမယ့် မိန်းကလေးတွေမှာ မွေးရာပါ မိခင်စိတ်ရှိတာကြောင့် တစ်ခါတလေ ကိုယ့်ကို ကလေးလေးတစ်ယောက်လို အစစအရာရာ စိုးရိမ်စိတ်တွေပိုပြီး ဗျစ်တောက်ဗျစ်တောက် လိုက်ပြောမယ်။ အလိုလိုက်တတ်သလို၊ ဟိုဟာမလုပ်နဲ့ ဒီလိုလုပ်လို့ လိုက်စွက်ဖက်မယ်။ ဒါတွေကို အပြစ်မမြင် ဗွေမယူ၊ ဒေါသမထွက်ဘဲ နူးညံ့ပေးပါ။ သူဟာ မိခင်စိတ်ရှိတဲ့ မိန်းမသားဖြစ်နေလို့ပါပဲ။ ၈) မိသားစုဟာ ပထမ ယောက်ျားတွေဟာ အလုပ်ကို တာဝန်ယူရတယ်။ အလုပ်အတွက် စာရိတ္တ ကောင်းရတယ်။ အလုပ်ထဲမှာ ပျော်ရွှင်အောင် နေတတ်ဖို့နဲ့ အလုပ်ရဲ့ ကျေးကျွန်မဖြစ်ဖို့ သိတတ်ရတယ်။ အလုပ်လုပ်တာဟာ မိသားစု ပျော်ရွှင်ဖို့အတွက်၊ မိသားစု စားဝတ်နေရေးအတွက်ဆိုရင် ကိုယ်ချစ်တဲ့သူနဲ့ ကိုယ့်သားသမီးတွေ ပျော်ရွှင်ဖို့ ကိုယ်နဲ့အတူနေခွင့် အချိန်ကို မကြာခဏပေးပါ။ ၉) ယောက္ခမဆိုတာလည်း မိဘပဲ မိန်းမကို တကယ်ချစ်ရင် သူ့မိဘတွေကိုလည်း ချစ်ပါ။ စိတ်ထဲမှာ ဒါကိုယ့်မိဘတွေပဲလို့ ထည့်ထားပါ။ ယောက္ခမတွေကို ကိုယ့်မိဘအရင်းလို သဘောထားနိုင်ရင် သူတို့ကလည်း ကိုယ့်ကို သားအရင်းလို သဘောထားကြပါလိမ့်မယ်။ လူတွေက အသက်ကြီး အိုမင်းလာရင် ကလေးလေးနဲ့ တူသွားတတ်သတဲ့။ ဒါကြောင့် တစ်နေ့တစ်ခြား အိုမင်းလာတဲ့ ယောက္ခမ၊ မိဘတွေကို ကလေးတစ်ယောက် သဘောထားပြီး ဂရုစိုက်ပါ၊ ပြုစုပါ။ သူတို့ပျော်ရွှင်အောင် ချော့မြူပါ။ ကိုယ်လဲ တစ်နေ့နေ့မှာ အိုမင်းလာနိုင်တဲ့အတွက် ကြည့်မှန်တစ်ချပ်ကို ပြုလုပ်နေသလိုပဲ ကိုယ့်သားသမီးတွေ အတုယူနိုင်ဖို့ လူအိုတွေကို ဘယ်လိုဂရုစိုက် လေးစားရမယ်ဆိုတာကို သူတို့ သိမြင်ပါစေ။ ဒါမှ နောင်တစ်ချိန်မှာ ကိုယ့်ကို သူတို့ပြန်လေးစားပါလိမ့်မယ်။ ၁ဝ) သစ္စာ၊ ယုံကြည်ခြင်း၊ ခွင့်လွတ်ခြင်း၊ နားလည်ခြင်း လူနှစ်ယောက် ပေါင်းစပ်ဖို့ ဒါတွေ လိုအပ်ပါတယ်။ ကိစ္စတိုင်းကို ဖွင့်ပြော တိုင်ပင်သင့်တယ်ဆိုပေမယ့် တစ်ခါတလေ မတတ်သာတဲ့အချိန်မှာ ချိုသာတဲ့ မုသားကိုလည်း သုံးနိုင်ပါတယ်။ ပြဿနာတစ်ခုခု ရင်ဆိုင်ရပြီဆိုရင် မိန်းကလေးကို အပြစ်မတင်ခင် ကိစ္စတစ်ခုရဲ့ အတိမ်၊ အနက်ကို ဝေဖန်ပိုင်းခြားတတ်ဖို့ လိုပြီး ရှုထောင့် အဖက်ဖက်ကနေ အရင်ကြည့်ရှုခံစားပေးပါ။ မိန်းကလေးဖက်ကနေ ဝင်ရောက်ခံစားတတ်ဖို့လည်း လိုပါလိမ့်မယ်။ ကိုယ်ဟာ သူ့ရဲ့အချစ်ရဆုံးဖြစ်တဲ့အတွက် သူ့ကိုနားလည်ပေးပါ။ အားပေးပါ။ ခွင့်လွတ်ပေးပါ။

အချစ်တွေ ဘယ်လောက်မှ လုံလောက်သလဲ...?

တစ်ချိန်က စကားဟတာနဲ့ "+++ က အရေးပါတာလား ငါက အရေးပါတာလား?" လို့ ပြောတတ်တဲ့ ကောင်လေး
တစ်ယောက်နဲ့ ကျွန်မ ချစ်ကြိုက်ခဲ့ဖူးတယ်။ သူပြောတဲ့ "+++"က ဘယ်အရာမဆို ဖြစ်နိုင်တယ်။ ဥပမာ-- ကျွန်မရဲ့
ချစ်သူဟောင်းဖြစ်မယ်၊ ကျွန်မရဲ့ သူငယ်ချင်းတွေဖြစ်မယ်၊ ရုပ်ရှင်ကားပိုင်းရှည်တစ်ကားလည်း ဖြစ်နိုင်တယ်။

ချစ်သူက သင့်ကို "တီဗီက အရေးပါတာလား? ငါကအရေးပါတာလား?" လို့မေးတဲ့အခါ သင့်စိတ်ထဲမှာ "ဒီ နုံအတဲ့ကလေး
သူငယ် ငါ့ရှေ့ကပျောက်သွားတာ အကောင်းဆုံးပဲ" လို့ တွေးကောင်းတွေးလိမ့်မယ်။ အဲဒီနောက် နာရီဝက်ကြည့်ပြီး သူနဲ့
ချိန်းတွေ့ဖို့ စိတ်ကူးထားတဲ့ သင့်စိတ်ကူးကိုပြောင်းပြီး တစ်နေကုန်အခွေတွေကို သင်ထိုင်ကြည့်ကောင်း ကြည့်နေလိမ့်
မယ်။ အဲဒီမှာ ချစ်သူက "တီဗီကြည့်တာနဲ့" သူ့ကိုယ်သူ နှိုင်းလာတဲ့အခါ သူ့စိတ်ကို သင် ပိုဂလိချင်လာလိမ့်မယ်။ ဒါပေမယ့်
သိပ်မကြာပါဘူး... သင့်ကိုယ်သင်လည်း မရင့်ကျက်သူဖြစ်ကြောင်း သင်သတိထားမိပါလိမ့်မယ်။

သူ့ကို သင်ချစ်တယ်။ သူနဲ့လက်ချင်းတွဲပြီး ပျော်ပျော်ပါးပါးလျှောက်လည်ဖို့ကိုလည်း သင်မျှော်လင့်တယ်။ ဒါပေမယ့်
အခြေအနေက ဘာဖြစ်လို့ ဒီလိုပုံစံပြောင်းသွားခဲ့ရသလဲ? သင့်စိတ်ထဲမှာ သူစိတ်တိုတာကို ပျော်ရွှင်တာထက်
ပိုစေချင်တာလား?

ဒီလိုအခြေအနေမျိုးကို တစ်ချိန်က ကျွန်မဆန်းစစ်ခဲ့ဖူးတယ်။ ဒါဟာ စိတ်နေသဘောထားကြောင့်ဖြစ်မယ်လို့ ကျွန်မထင်
တယ်။ တကယ်လို့ သူငယ်ချင်းတွေနဲ့ ကျွန်မထွက်လည်တယ်ဆိုပါစို့။ "သူငယ်ချင်းတွေက အရေးပါတာလား?
ငါက အရေးပါတာလား?" လို့ပြောမယ့်အစား "ပျော်ပျော်ကစားခဲ့နော်" လို့ သူပြောခဲ့ရင် ညနေ၀င်မိုးချုပ်ထိ သူ့ဖုန်းမကိုင်
ဘဲ သူငယ်ချင်းတွေနဲ့ တစ်နေကုန်လျှောက်လည်မယ့် အစီအစဉ်ကိုဖျက်ပြီး သူ့ဆီ ကျွန်မအမြန်ပြန်လာမိလိမ့်မယ်။

တကယ်လို့ ဇာတ်လမ်းတွဲတွေ ကျွန်မကြည့်ချင်တဲ့အခါ ဖုန်းမချခင် "ဇာတ်လမ်းက အရေးပါတာလား ငါက အရေးပါတာ
လား?"လို့ ပြောမယ့်အစား "အင်း.. ကြည့်ပြီး စောစောအိပ်နော်" လို့ သူပြောခဲ့ရင် နာရီဝက်လောက်ပဲ အခွေကြည့်ပြီး
မအိပ်ခင် သူ့ကိုတမင်မက်ဆေ့မပို့မယ့် စိတ်ကူးကိုဖျက်ပြီး "နင့်ကို ငါလွမ်းတယ်" လို့ သူ့ကို ကျွန်မဖုန်းဆက်မိလိမ့်မယ်။

နောက်ဆုံးမှာ အဲဒီကောင်လေးနဲ့ကျွန်မ လမ်းခွဲလိုက်ကြတယ်။ "နင့်အချစ်တွေ ငါ့အတွက် မလုံလောက်ဘူး" လို့ သူကဆို
ပါတယ်။ ဘယ်လိုအခြေအနေမှ "လုံလောက်တယ်" လို့ ခေါ်သလဲလို့ သူ့ကို ကျွန်မ မေးကြည့်ချင်ပါတယ်။ သူကလွဲပြီး
အရာရာကို ဥပေက္ခာပြုမှ လုံလောက်တယ်လို့ ဆိုရမလား? ကိုယ်ပိုင်လွတ်လပ်မှုတွေ၊ ကိုယ်ပိုင်အခွင့်အရေးတွေကို လက်
လွတ်ပြီး အရာအားလုံး သူ့အတွက်ပေးဆပ်မှ လုံလောက်တယ်လို့ ခေါ်မလား?

သာမန်အားဖြင့် ငယ်ငယ်လေးကတည်းက စိတ်ကူးယဉ်ဆန်တဲ့အချစ်ဝတ္ထု၊ အချစ်ရုပ်ရှင်တွေနဲ့ ကြီးပြင်းလာခဲ့တဲ့ ကျွန်မ
တို့ဟာ အချစ်အတွက် ပေးဆပ်ရမှာကို လိုလားကြတယ်။ "အချစ်အတွက် အရာရာပေးဆပ်ရဲတယ်" ဆိုတာကို ယုံကြည်
ထားကြတယ်။

ဒါပေမယ့် တစ်ခါတလေမှာ အချစ်ဟာ အလှူခံဖြတ်ပိုင်းနဲ့တူတယ်။ ကျွန်မတို့မှာ တစ်ပြားတစ်ချပ်မှမလှူတဲ့ ဆုံးဖြတ်ချက်
တွေရှိပေမယ့် အသိစိတ်ကကျွန်မတို့ကို တစ်ကိုယ်ကောင်းမဆန်ဖို့ နှိုးဆော်နေတယ်။ မမြင်ရတဲ့ အသိစိတ်ကို အားနာတာ
ကြောင့် စိတ်မပါတပါနဲ့ ပထအကြိမ် ကျွန်မတို့လှူတယ်။ ဒုတိယအကြိမ်၊ တတိယအကြိမ်... နောက်တော့ အလှူခံသူက
ကျွန်မတို့လှူတာကို "လှူသင့်လှူထိုက်တယ်" လို့ ထင်ပြီး ကျေးဇူးစကားတစ်ခွန်းမှ မပြောဘဲ လှူသမျှကို ယူသွားတော့
တယ်။ ကိုယ့်ဘက်ကချည်းပေးဆပ်ဖို့ ကျွန်မတို့ ပင်ပန်းနွမ်းနယ်လာတဲ့အခါ၊ တစ်ဘက်လူက အကြွေးတောင်းသူ
တစ်ယောက်လို "အချစ်အတွက် ပေးဆပ်မယ်ဆို" လို့ အတင်းအကျပ် တောင်းဆိုလာတဲ့အခါ၊ ပေးဆပ်ရမှာကို ကျွန်မတို့
ကြောက်တတ်လာတယ်။

ကျွန်မ မဆိုးဘူးလို့ ကျွန်မကိုယ်ကျွန်မထင်တယ်။ ဒါပေမယ့် "ချစ်တာ မလုံလောက်ဘူး" လို့ တခြားသူအပြစ်ဖို့တဲ့အခါ
အပြစ်ရှိတဲ့လက်ဝါးကပ်တိုင်ကို ထမ်းထားရတယ်လို့ ကိုယ့်ကိုယ်ထင်မိတယ်။ လမ်းခွဲချိန်မှာလည်း ကျွန်မ မနာကျင်၊
မခံစားရခဲ့ရတာ မဟုတ်ဘူး။ ကျွန်မလည်း သူ့ကိုချစ်လို့ နာကျင်၊ ခံစားခဲ့တာရပါပဲ။

အချစ်ကို မတူတဲ့အတိမ်အနက်နဲ့ သတ်မှတ်ခဲ့လို့၊ သူ့အပေါ် ကျွန်မရဲ့အချစ်တွေ မလုံလောက်လို့၊ သူလိုအင်တွေများလို့
ဒါတွေဟာ ကျွန်မတို့ လမ်းခွဲကြတဲ့ အကြောင်းပြချက်ဖြစ်ခဲ့တယ်။ အင်တာဗျူးတစ်ခုမှာ ဒါရိုက်တာတစ်ဦး ဖြေခဲ့တဲ့အဖြေ
ကို ကျွန်မသွားသတိရတယ်။ သူဖြေခဲ့တာက "အချစ်တွေ မလောက်လို့ လမ်းခွဲလိုက်ကြတယ်" တဲ့။

သူပြောချင်တဲ့ အကြောင်းအရာက ရိုမီယိုနဲ့ ဂျူးလိယက်လို နိုင်ငံအချင်းချင်း ရန်ငြိုးထားပြီး မညားကြတဲ့ဇာတ် အခုခေတ်
မှာ မရှိတော့ဘူး။ အခုခေတ်လူတွေ လမ်းခွဲကြတဲ့အကြောင်းက အချစ်တွေ မလောက်လို့ဖြစ်တယ်။

အချစ်တွေမလောက်လည်း အချစ်က ရှိနေဦးမှာဖြစ်တယ်။ ဒါပေမယ့် လူတွေမှာ အချစ်ရှိနေရုံနဲ့ မလုံလောက်သေးဘူး။
သူနဲ့လမ်းခွဲလိုက်တယ်ဆိုတိုင်း သူ့ကိုယ်မချစ်လို့ မဟုတ်ဘူး။ အချစ်တွေ မလောက်လို့ဖြစ်တယ်။ လူ့ဘ၀လမ်းခရီးက ရှည်
လျားတယ်။ အဲဒီလမ်းခရီးမှာ သူ့တစ်ယောက်ပဲ ရှိနေရုံနဲ့ မလုံလောက်နိုင်ပါဘူး။

နင့်ကိုငါချစ်တယ်။ ဒါပေမယ့် ငါ့မှာ သူငယ်ချင်း၊ အပေါင်းအသင်းဆိုတာရှိတယ်။ ၀တ်ကောင်းစားလှတွေကို ငါကြိုက်တယ်
ဇာတ်လမ်းတွဲတွေ ငါကြိုက်တယ်။ ငါ့အချစ်၊ ငါမေတ္တာတွေကို ငါ့အလုပ်၊ ငါ့လွတ်လပ်မှုအတွက် ခွဲဝေပေးရဦးမယ်။ နင့်ကို
ချစ်တဲ့ ငါ့အချစ်တွေ ဘယ်လောက်မှ လုံလောက်တယ်လို့ ထင်သလဲ?

ဒီလောက်ဆို တော်ပီပေါ့

ချစ်သူ နင်က အောင်နိုင်သူလို ပြုံးတဲ့အခါ ငါမျက်ရည်နဲ့ လက်ခုပ်တီးမှာပေါ့ နေ ခဏသာတာ တစ်ဘ၀စာထင်ပြီး ပုံအပ်ချစ်မိသူ ငါ့အတွက်တော့ ငေးမျှော်ခြင်းပညာ နင်ကျင်ခြင်း စိတ်ဒဏ်ရာ တွေဝေခြင်း လက္ခဏာ ဒါတွေအားလုံးက တန်ဖိုးဖြတ်မရတဲ့ ရင်ခုန်သံလက်ကျန်လေးတွေပေါ့ ကျေနပ်လိုက်ပါချစ်သူ မင်းပစ်လိုက်တဲ့ ဥပေက္ခာ မိုးကြိုးသံလျက်က ငါ့အသဲနှလုံးတစ်ခုစာ ဖူလုံပါတယ် အချစ်ဆိုတာ ပေးဆပ်ခြင်းသက်သက်လို့ သတ္တိရှိရှိ လက်ခံနိုင်အောင် နင်စွမ်းဆောင်နိုင်ခဲ့ပါတယ် ဒီလောက်ဆို တော်ပီပေါ့….

“ဟိုအ၇င်ကလို နင်ငါ့ ကိုချစ်သေးလား”

အတိပ်ကိုလဲမတူးဆွ အနာဂါတ်ကိုလဲ မတွေးမျှော် အ၇ာ၇ာဟာမင်းအတွက် ဖယောင်းဖြစ်ချင်ခဲ့ သူကို လမ်းခွဲစကားတွေ အကြိမ်ကြိမ်ပြောပီး မနှိပ်စက်ပါနဲ့ လားချစ်သူ၇ယ်… တစ်ကယ်တော့  လမ်းခွဲတာ ၀မ်းနည်းစ၇ာမဟုတ်ပေမယ့်  တားဆီးထားတဲ့ မျက်၇ည်တံတိုင်တွေပျိုကာကြတော့  အသက်၇ှုတိုင်း အ၇ှိက်ခက်တယ်… ချစ်သူဆီက ကြင်နာချင်တဲ့ တိမ်ပြာလေးတစ်ချို့ တစ်လေတောင် တစ်ချက်ကလေးမှ အ၇ိပ်အေ၇ာင်လွင့် မလာခဲ့ ဘူး…. မဖိတ်ခေါ်ပဲေ၇ာက်လာတဲ့  သံသယမုန်တိုင်းတွေနဲ့ ပဲ နေ့ တိုင်းအဖေါ်ပြု၇ှင်သန်နေ၇င်း တိတ်တခိုး မ၀ံ့မ၇ဲ မေးချင်နေမိတယ် “ဟိုအ၇င်ကလို နင်ငါ့ ကိုချစ်သေးလား” လို့ …

ငါ့နှလုံးသားကိုအကြိမ်ကြိမ်သတ်လှည့်ပါ

ရင်ခုန်ခဲ့ဖူးပါသည် သူ.အပြုံးတစ်ချက်ကို မြင်ခဲ့ရတဲ့ အခိုက်အတန်.လေးမှာ…… ကြည်နူးခဲ့ဖူးပါသည် သူ.နဲ.အတူရှိခဲ့ဖူးတဲ့တစ်ခဏတာမှာ….. ... ပျော်ရွှင်ခဲ့ဖူးပါသည် သူ.လက်ကိုဆွဲလို.လမ်းလျှောက်ခဲ့စဉ် ကာလတစ်ခုမှာ...... အသည်းနင့်အောင်ချစ်ခဲ့ဖူးပါသည် သူ.အကြင်နာတွေပိုင်ဆိုင်ခဲ့ရတဲ့ တိုတောင်းတဲ့အချိန်လေးတစ်ခုမှာ….. ဘာပဲဖြစ်ဖြစ်ကျေးဇူးတင်ပါတယ် ချစ်သူ မင်းဘေးမှာ ခဏတာနေခွင့်ရခဲ့တဲ့အတွက်…. မင်းကို ခဏတာချစ်ခွင့်ရခဲ့တဲ့အတွက်…. မင်းအချစ်တွေကိုခဏတာပိုင်ဆိုင်ခွင့်ရခဲ့တဲ့အတွက်…. ကျေးဇူးတင်ပါတယ်… ကျေးဇူးပြုပြီး..... မင်းပျော်ရွင်နိုင်ဖို.ဆို ငါ့နှလုံးသားကိုအကြိမ်ကြိမ်သတ်လှည့်ပါ……။

...ထားမသွားနဲချစ်သူ...

ချစ်သူရယ်.. မြတ်မြတ်နိုးနိုးကြင်နာတယ်။ အပြုံးတွေမင်းမျက်နှာပြင်ပေါ် ၀တ်ဆင်ဖို့၁၀ခါပြန် နာကျင်ပါစေ..မင်းအပြုံးကလန်းတယ်။ ချစ်တယ်ဆိုတာကို ချစ်တယ်ဆိုရုံလေးပဲချစ်ခဲ့ချင်တာပါ.. လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ကင်းတဲ့ နှလုံးသားတစ်စုံကို ပေးဆပ်ချင်တယ်..မင်းနားခိုရာပေါ့.. အေးမျှစေဖို့အာမခံတယ်။ နှောင်ကြိုးတွေနဲ့တော့ မရစ်ပတ်ချင်ဘူး ချစ်သူ။ လွတ်လပ်စွာပျံသန်းဖို့ကောင်းကင်ဟာမင်းအတွက်ပါ ယုံကြည်မှုတွေကငါ့ရဲ့လက်ဆောင်.. နောက်ပြီး.. မင်းလက်အပ်ခဲ့တဲ့သံယောဇဉ်ကြိုးကိုတော့ အမြဲကိုင်ဆောင်ထားပေးပါ။ တစ်ချိန်တစ်ခါက မရည်ရွယ်ခဲ့တဲ့ ဒဏ်ရာတွေမင်းဆီလမ်းမှားခဲ့တာ တောင်းပန်ပါတယ် နောင်တတွေကငါ့ရင်ခွင်ကို အဆက်မပြတ်မွှန်းနေဆဲပါ.. ဓါးသွားတောင် ထက်လို့ပေါ့။ မင်းချစ်တာထက် ငါပိုချစ်တယ်လို့တဇွတ်ထိုး မညင်းပါဘူး။ မင်းရဲ့အချစ်က ငါ့ရဲ့ဘ၀ မင်းရဲ့ဂရုဏာကငါ့ရဲ့နည်းပြ မင်းဟာငါ့ရဲ့ရတနာ ငါ့ရယ်သံတွေအော်ဟစ်တာ ငါ့ကိုပိုင်စိုးသူကမင်းမို့ပါ..။ ညဆိုလွမ်းတိုင်း ကျနေကျ မျက်ရည်တွေအတွက် ခေါင်းအုံးကသက်သေပေါ့။့ တွယ်တာမိတာ မှားမယ်ဆိုလည်း အသေသာသတ်လိုက်ကြပါ။ မင်းမရှိတဲ့ ငါ့ဘ၀ဟာ ခါးသက်နေမှာမို့ ထားမသွားနဲ့..ချစ်သူ။.......

မပြောလည်းသိတယ်

နင်ငါ့ကိုမချစ်မှန်းသိပါတယ်... ထပ်ပြီးတော့ ငါ့ရဲ့အရှုံးကို .. ထပ်ခါထပ်ခါသိအောင်မပြောပါနဲံ.. နင်ငါ့ကို ရင်ထဲ မှာ မရှိမှန်းသိပါတယ်.. ဟန်ဆောင်ဂရုစိုက်မှုတွေ နဲံ ငါ့ကို မနှစ်သိမ့်ပါနဲ့... နင့်ရဲ့စိတ်ပူရမဲ့..စိုးရိမ်ရမဲ့သူက...ငါမဟုတ်မှန်း..သိပါတယ်.. ထပ်ပြီးတော့ ဟန်ဆောင်စကားတွေ နဲ့ မစိုးရိမ်ပြပါနဲ့.. နင့်ရဲ့နှုတ်ခမ်းတစ်စုံမှာ အနမ်းတစ်ပွင့်ခြွေဖို့..ငါ့ကမထိုက်တန်မှန်းသိပါတယ်.. ထပ်ပြီးတော့ ဟန်ဆောင် အကြင်နာတွေ နဲံ ဖြေသိမ့်ပေးမနေပါနဲ့...