Pages

Friday, June 8, 2012

ချစ်ခွင့်ရလျှင်


ကံအကြောင်းမကောင်းလို့ ခံရပေါင်းများလည်း
ဟဲ့ငနာ ဒီခေါင်းကဘာလို့မမှတ်တာလဲ
ခေါင်းကမှတ်မှ နောင်မခံရမှာပေါ့
ရင်နဲ့ရင်းရင် အရင်းတောင်မရဘူး
နှလုံးသားက မင်းအတွက်
မပြုသင့်တဲ့အရင်းနှီး
ဒီအလုပ်မင်းလုပ်ခဲ့တော့
ပြုတ်ပြီပေါ့ဒီအရင်း ပြုတ်လက်စနဲ့
ငုတ်တုပ်သာနေတော့ ဖြုတ်လိုက်ဟဲ့
ငါ့မျက်လုံး အရှုံးသမားအတွက်ပေးဆပ်မို့
ဒီငတုံးမှတ်ရအောင် “မှန်ကြောင်” လို့ဆဲ….
ခဲခဲ့လေသမျှ ငါ့မျက်ရည် သဲထက်သို့ကျစေတော့
ဒီသဲတွေကုန်စေအုံး အပြုံးဖက်လို့ ဆက်ငိုမယ်
ဆဲလို့လည်းငါမနာ ဆိုလို့လဲငါမမုန်း
ငါ့နှလုံးသားထက် အရှုံးအမြတ်မတွက်ပြီမို့
ကျေနပ်ပါတယ်……ချစ်ခွင့်ရလျှင်
                  emoboy7327@gmail.com

No comments:

Post a Comment