မျှော်ငေးရင်းနဲ့ပေါ.
အဖေါ်ကွဲငှက်
မျှော်လင့်ချက်မဲ့ မဲ့နဲ့
စိုစွတ်စွာ ငိုရင်းလေ
လေအဆန်ထဲ ပျံခဲ့တယ်…။ ။
ကောင်းကင်မှာ ညို
ရင်ထဲက ငိုရင်း
ညိုး ညိုးကျလာတဲ့
မိုးရေစက်တွေက
ငါ့အသည်းကို ပိုကွဲစေတယ်…။ ။
ဒီလိုနဲ့လေ… ဒီလိုနဲ့ ငါရှေ့ဆက်
အသည်းမပါတဲ့ ရင်ဘတ်က
တစ်ချက်တစ်ချက်ကျ
မင်းနဲ့ပတ်သက်မှုလေးတွေ
တိုက်ဆိုင်လာခဲ့ရင်
ပြန်ရှင်သန်လာသလို…
ဒါပေမယ့် စက္ကန့်မျှသာလေ…။ ။
မိုးကောင်းကင်မှာ
ညအခါ ကြယ်တွေ လင်းပေမယ့်
လမင်းက တိမ်အကွယ်မှာ
ငိုနေတယ်…။ ။
ငါလည်း ငိုနေတယ်
သစ်လွင်ဆဲ မင်း ဓါတ်ပုံလေးကို
ငေးမောရင်းပေါ့လေ…။ ။
emoboy7327@gmail.com
No comments:
Post a Comment