ဆူးတွေဝိုင်းရံနေတဲ့နှင်းဆီ
ဆူစေချင်မူးစေချင်လို့
ရနံ့ပြင်း ဆူခက်ခင်းတာမဟုတ် ....
လှပတဲ့ ပွင့်ဖက်
မွေးပျံ့စေတဲ့ဝတ်မှုံ
မကြွေပဲဝေစေ
မနွမ်းပဲလန်းစေဖို့
ဝိုင်းရံထားတဲ့ဆူးချက်
အဖြည့်ခံသက်သက်ပေါ့
နှင်းဆီရယ်...............
တကယ်တော့..............
ကိုယ့်ဘ၀ကလည်း
နှင်းဆီအောက်က
အဖြည့်ခံဆူးချက်ပါ
နှင်းဆီ၇ယ်.............
နှင်းဆီကို ကျရောက်မယ့်
အန္တရာယ်ကို ကာကွယ်ယုံသက်သက်
နှင်းဆီအတွက်.............
အဖြည့်ခံသက်သက်
ဆူးချက်ကလေးပါ............
နှင်းဆီ.................
No comments:
Post a Comment