Pages

Sunday, February 10, 2013

ဆုတောင်းပေးမယ်

မျက်ရည်များနဲ့ ရယ်နေတဲ့
ညကောင်းကင်ကိုလေ
အဝေးကနေ ငေးကြည့်ရင်းပေါ့
ငါဆုတစ်ခု တောင်းပေးပါတယ်
လင်းလက်တဲ့ကြယ်အပေါင်းနဲ့ အမြဲပျော်ပါစေလို့ပေါ့.....။

လွမ်းဆွေးပြီး အထီးကျန်စွာ
မှောင်မိုက်နေတဲ့ ညလေးကိုလေ
ကြေကွဲစွာနဲ့ အဖေါ်ပြုရင်းပေါ့
ငါလေဆုတစ်ခု တောင်းပေးပါတယ်
လမင်းလေး အမြဲသာပါစေလို့ပေါ့.....။
  
အချစ်စွမ်းအားများနဲ့ ကျယ်ပြောတဲ့ကောင်းကင်ဆီကိုလေ
ပျံသန်းဖို့ကြိုးစားနေတဲ့  ချစ်သူတွေကို
 ငါလေမြင်တော့ ဆုတစ်ခုတောင်းပေးပါတယ်
လှပတဲ့တောင်ပံလေးများ ထာဝစဉ်ပိုင်ဆိုင်နိုင်ပါစေလို့ပေါ့......။

ပျော်ရွှင်စွာကြည်နူးနေတဲ့ ချစ်သူတွေကိုလေ
ငေးကြည့်နေရင်းနဲ့ပေါ့ 
ငါလေဆုတစ်ခု တောင်းပေးပါတယ်
ပန်းခင်းသောလမ်း အမြဲလျှောက်လှမ်းနိုင်ကြပါစေလို့ပေါ့....။

လှောင်အိမ်ထဲက ငှက်ငယ်လေးရယ်လေ
ဝမ်းနည်းစွာနဲ့ နင့်စကားသံကို
သိနေသလို စိတ်ထဲမကောင်းသမို့
ငါလေဆုတစ်ခု တောင်းပေးပါတယ်
နင်လေအမြန်ဆုံး လွတ်လပ်ပါစေ...
ပျော်စရာတွေ ပိုင်ဆိုင်ပါစေလို့ပေါ့.....။

Sunday, February 3, 2013

ဆက်ရေး လို့မရတဲ့ ကမာ

ပြီးပြည့်စုံတဲ့သစ္စာတရားနဲ့  ကျွန်တော်ထိတွေ့ ချင်တယ်
မေမေ ကျွန်တော်က ကဗျာဆရာ
ကမ္ဘာတွေရေးရေးနေလို့
လူတွေနဲ့ ဝေးသွားသလားဆိုတာ
ကျွန်တော့်အသိဥာဏ်ထဲမှာ လိုက်ရှာတယ်
အထပ်လိုက် အထပ်လိုက်
လူ့ဘ၀ဆိုတာ မွေ့ပျော်ရွံရှာဖွယ်အတိလား
တွေဝေညှင်းသက်ရာ ခံစားမှုလား
အခု ဘာမှမသေချာတော့ဘူး
ကျွန်တော့်ခန္ဓာမှာ
အိမ်ဝေးနာနဲ့ အထီးကျန်ဆန်မှု
နည်းပညာနဲ့ ကုလို့မရတဲ့ရောဂါ
တရားလွန်ရှေးရိုးဆွဲများ
ဘယ်ဘာသာစကားနဲ့ ပြောရမလဲ
ရန်ကုန်ရဲ့  ရသအကြောင်း
မေမေမရှုရှိုက်ဖူးတဲ့ အထပ်မြင့်တိုက်ခန်းတွေအကြောင်း
အဆိုးထဲက အကောင်းမြင်ပါ
ကျွန်တော်ဟာ ကဗျာဆရာ
ကမ္ဘာအကြောင်း တစေ့တစောင်း
ဖင်ပုတ် ခေါင်းပုတ် စိတ်သိပ်ရှုပ်တယ်
ဂယက်ထဲမှာ ၀ဲလည်။


တစ်နေ့တစ်နေ့
ကျွန်တော်ရတဲ့ ငွေကြေး
မသေချာသေးတဲ့ ကဗျာရေးတွေ
တန်ရာတန်ကြေး အဆုံးစွန်ဝါဒ
အားလုံးရှိပြီး အားလုံးမသိမှု သိမ်ငယ်
နောင်နှစ်ပေါင်း တစ်ရာ
ကဗျာတွေ တဟုတ်တိုး ထွန်းကားလာရင်
လူငယ်တွေ ကြယ်တွေက
၂၁ ရာစုကဗျာတွေထဲက ကျွန်တော့်ကမ္ဘာ
ခေတ်ပေါ် ကဗျာလို့ သတ်မှတ်ရင်
ဒါမှမဟုတ် ကဗျာသမိုင်းကိုကြည့် အရှက်ရမိရင်
ကျွန်တော့်သမိုင်းကို ကျွန်တော် ဘယ်လိုရေးရမလဲ...။


ကသိကအောက် စိတ်ကူးများနဲ့
အမှန်တရားများကို ဖော်ထုတ်ပြောတတ်သူ
မသေချာခြင်းများကို ဖွဲ့ နွဲ့ မိသူ
ကျွန်တော်သိပ်မှားသလား မေမေ
ခုနေတော်တော်ကြာ
သွားရမယ့် အရပ်က ဒီလို ဒီပုံအတိုင်း
ရူးသွပ်ခြင်းကိုသာ တငွေ့ငွေ့ခံစားလို့ 
မီးထက်ပူသောမီးကို
ကျွန်တော်ရှာဇွေတွေ့ ရှိမိလေသလား
လွင့်ထွက်လာတဲ့ အပြုသဘောတွေက
နောက်ဆုံးမှာ ဘာမှမတတ်နိုင်ခြင်းလား
ခေတ်ရေစီးက သိပ်ထွားတယ်..။


လူတွေရဲ့ ပြုံးနေတဲ့မျက်လုံးများ
ကိုးရီးယားရုပ်ရှင်တွေမှာ သိပ်ခေတ်စားတာပဲ
အချစ် အနှစ်နဲ့ ရင်ခုန်ရစ်ရတဲ့ အရသာ
သစ္စာတရားကို မထိစမ်းနိုင်လို့
ဘာသာတရားအလို မေတ္တာထားတယ်
ကျွန်တော်ချစ်ခဲ့တဲ့ က္ကုထိလိင်များ
ကမ္ဘာမဆန်မှုဟာ  သွေးသားထပ်တူ
သူတို့ရဲ့  အပြုအမူခပ်များများ
အပေါစားဝတ္ထုဖတ်လိုက် ဖက်ရှင်လုပ်လိုက်
တစ်ယောက်ခံစားမှုမှာ တစ်ယောက်စစ်ပွဲဆင်လိုက်
အချစ်ဆိုတာ ငွေကြေးလို
ပြိုင်ဆိုင်စရာ ဂုဏ်ဒြပ်တစ်ခုလို
မေတ္တာရေးရဲ့  မြင့်မြတ်မှုက
ဘယ်တော့မှ မတွေ့ရှိနိုင်တော့တဲ့ ဒဏ္ဍာရီလို
ကျွန်တော်ကလည်း ခက်တယ်မေမေ
မိန်းကလေးတွေ ခေတ်ထဲစီးဆင်းဖို့လိုလားပြီး
မြင့်မြတ်တွေးခေါ်မှုကို နှစ်ခြိုက်
သူတို့ကလည်း မမိုက်ဘူး
စိတ်လိုက် ကိုယ်ပါ
ကျွန်တော်က အမှုန်အမွှားသာသာဖြစ်တည်မှုပါ
မော်ဒန် ပို့(စ်)မော်ဒန်ကို အသေးအဖွဲလေးနားလည်သူ
ခံစားချက်နဲ့ ကမ္ဘာကျယ်ခဲ့သူ
အပယ်ခံလူ......


တစ်လောကလုံး အူတိုင်အထိ ပုတ်ရိပျက်ဆွေးနေတော့
ဘယ်လိုဆက် အသက်ရှင်ရမလဲ
ဝေနေတဲ့ပန်းများလည်း အသုံးမ၀င်တော့
လင်းလက်နေတဲ့ လျှပ်စီးများလည်း မလှပတော့
ပြာကျလောင်မြိုက် အမှောင်တိုက်
ပိတ်ထားတဲ့ တံခါးတွေပြန်ဖွင့်ဖို့
ဘယ်နည်းပညာတွေ တိုးတက်စေရမလဲ
အသေးစားနာနိုတွေလား
နယူးကလီးယား စွမ်းအင်တွေလား
ကျွန်တော်ဘာမှ မလိုချင်ဘူး
ဟောဒီလို ရိုးရိုးရဲရဲ ပွင့်နေတဲ့စိတ်
ပေါ်ပေါ်လာနေတဲ့ အလင်း
အမှောင်ကိုခွင်းပါ အမှန်တရားမှာ စမ်းသပ်ပါ
သိပ်ကြာလာရင် ရက်လွန်ကုန်မယ်
အတွင်းထိလှိုက်စားလာမယ်
အနံ့ဆိုးတွေ ထွက်လာမယ်
ကျွန်တော်ဘာများတတ်နိုင်မလဲ မေမေ
ကျွန်တော့်နယ်ပယ်တွေ သိပ်ကျဉ်းလို့
သစ်ပင်တွေလည်း မစိုက်နိုင်ဘူး
ပတ်ဝန်းကျင်ထိန်းသိမ်းရေးလည်း မလုပ်နိုင်ဘူး
အရူးမီးပတ်လည်...

မျဉ်းတွေရဲ့  ကွေးကောက်မှု ထူမှုပါးမှုတွေကို ခံစားချင်တယ်

ဘ၀က အထူအပါးလိုတယ်
အသက်ဆက်ရှင်သန်ဖို့
အ၀န်း အ၀ိုင်း အလုံးလည်ပတ်နေသောသံသရာ
စိတ္တဇမှာ ဒြပ်မဲ့ပန်းချီလိုစွဲထင်
မြင်တွေ့နေရတဲ့ မသေချာအရောင်အဆင်း
ကိုယ့်ကိုကိုယ် အရောင်အသွေးစပ်ကြည့်တယ်
ကူပြောင်းပုံ ရှုပ်ထွေးပွေလီ
သိပ်ကြောက်ဖို့ကောင်းတယ်
တစ်ရောင်ကနေ တစ်ရောင်သို့
ကူးလူးယှက်နွယ် ကသောင်းကနင်း
ကျွန်တော် မလွယ်တော့ဘူး မေမေ
ကြေမွနေတဲ့ စုတ်ချက်များလို
တစ်ဖက်ကမ်းခတ် ရူးကျားကျား
အလင်းလား အမှောင်လား
စစ်မှန်သော အမှန်တရားတစ်ရားတစ်ခုနဲ့ တွေ့ချင်တယ်
နဖူးတွေ့ ဒူးတွေ့....
ကောက်ကြောင်းကွေး လိမ်ညာမှုတွေ
ဖြောင့်လိုက် ကောက်လိုက် ကွေးလိုက်
စောင်းလိုက် တည့်လိုက် ပြတ်လိုက်
ပန်းအိုးပေါ်မှ ပန်းများ
အရောင်လှုပ်ခတ်မှုဟာ မငြိမ်းချမ်းတော့
အပြာရောင် အင်ပရက်ရှင် လှိုင်းလုံးများ
တ၀ုန်းဝုန်း တဒိုင်းဒိုင်း လျှပ်ပန်းနွယ်
နေရောင်စီးဆင်း အတုအယောင်ပုံတူ
ရှင်သန်မှုကို ဘယ်မှာ ယုံယုံကြည်ကြည် အပ်နှံလို့ရမလဲ
လွတ်လပ်မှုကို ဘယ်အရောင်နဲ့ ရှာဖွေလို့ရမလဲ
တစ်ကြောင်းဆွဲ လိုင်းတွေအတိုင်း
အပိုင်း/ အပိုင်း /အပိုင်း
အပစ်အခတ်များနဲ့ ကမ္ဘာကမတည်ငြိမ်ဘူး
ကျွန်တော်ဒီအကြောင်းတွေ ခေါင်းစဉ်တပ်တော့
"ကမ္ဘာအ၀လွန်ရောဂါ"
"လှလို့ ၀လို့ ကမ္ဘာတွေ"
ပြဿနာ ပြဿနာ ပြဿနာ
တစ်ချက် နှစ်ချက် သုံးချက် အစရှိသဖြင့်
ပန်းချီကား တစ်ချပ်ပြီးသွားတယ်
လူတွေသိပ်မသိဘူး သိတဲ့လူခေါင်းတခါခါ
သနားလိုက်တာကွာဆိုတဲ့ မျက်လုံးမျိုး
ကင်းဘတ်တစ်ခုလုံး အရောင်စပ်တယ် ဘောင်ခတ်တယ်
ကျွန်တော်ထင်တယ်မေမေ
သေတော့မသေချာ
ဘ၀ဆိုတာ ဝေဒနာ...။

အကုန်လုံးမသိချင်ဘူး အကုန်လုံးသိချင်တယ်

ကွန်ယက်တွေနဲ့ ရွာဖြစ်သွားတဲ့ကမ္ဘာ
အဖြစ်အပျက်တွေစုစည်း
တစ်နေရာတည်းမှာ စင်္ကြာသဠာ
အင်တာနက် အီးမေးလ်
ဆိုက်ဘာကဖေး ယဉ်ကျေးမှု
ဒီသတင်းတွေကို ကျွန်တော်ဘယ်လိုပြုစုမလဲ
ကဗျာဆိုတာ
လောကရဲ့  မထိစမ်းနိုင်တဲ့ စိတ္တဇနာမ်လို
မှန်လုံခန်းထဲက ဖက်ရှင်ပစ္စည်းလို
ဘုရားသခင်ချီးမြှင့်တဲ့ ဆုလာဘ်တော်လို
အနာဂတ်ကလဲ စစ်တလင်းတစ်ခုလို
ရိုးသားမှုဟာ ဘုရားဟောထဲမှာပဲ ရှိခဲ့သလိုလို
ကျွန်တော့် ကမ္ဘာ......
နာကျင်စွာ နာကျည်းစွာ လူ့ ဂွစာ
ဟားတိုက်ရယ်......


မေမေ ကျွန်တော်စဉ်းစားမိတယ်
ကျွန်တော်ဟာ လောဘမီးမှာ ကျင်လည်ခဲ့သူလား
အဆိုးမြင်ဝါဒီမှာ တဖတ်ကမ်းခတ်တော်သူလား
ရောင့်ရဲတင်းတိမ်မှုမှာ အသားမကျခဲ့သူလား
ဘာသာစကားမှာ လမ်းမှားခဲ့သူလား
ရွေးခဲ့တဲ့ သင်္ကေတ နိမိတ်ပုံ ကာရန် ရစ်သမ်
ဘယ်တော့မှ ပြန်မကြိုက်နိုင်တော့တဲ့
ကိုယ်တိုင်ရေးကဗျာ
ကွာရှင်းမရတဲ့ မိန်းမလိုဖြစ်နေတော့
ဆုပ်လည်းစူး စားလည်းရူး
အဆီတ၀င်းဝင်း သဲတရှပ်ရှပ်
ရေးသားချက်ကို ဘယ်လိုဆက်ရမလဲ....။

ကျွန်တော်ဖြတ်သန်းခဲ့သော နေ့စဉ်ရက်ဆက်များ
တစ်နေရာမှ တစ်နေရာ ရွေ့ လျား
ကြားတောင်ကြော ပုံတောင်ပုံညာ
ခရီးသံသရာက ဒီလိုပဲ အတက်အဆင်းများသလား
မှုန်ဝါးဝါး
ဝါးနေတဲ့ အမြင်
အသွင်အပြင်မတူ ယဉ်ကျေးမှု
စုတုပြုရတာလဲ မကောင်းဘူး
အရူးအမူးနဲ့ ကျွန်တော့်ကမ္ဘာ.....။

ဟုတ်တယ်မေမေ
ကျွန်တော်ဟာ ကဗျာဆရာ
ရူးသွပ်ခြင်းမှာ ကျွန်တော့်အက္ခရာတွေ အဆုံးမရှိ
အသိ အသိ အသိ
သုညထက် သစ္စာရှိတဲ့ အနုပညာ
သေချာမှုမရှိတဲ့ ဂဏန်းသင်္ချာ
ခေတ်ထဲကို တိုးဝင်တယ်
အလဲ အကွဲ
သင်ယူခဲ့သော စာသားများ
မှန်ကန်ကြောင်းပြဆိုမှုမရှိလို့
အမှန်တရားကို ဘယ်မှာရှာရမလဲ
ရှိရှိသမျှ ကျွန်တော်မယုံတော့ဘူး
ဒါပဲတွေးစမ်းပါဆိုတာမျိုး အလိုမရှိတော့ဘူး
အဝေးကို တွေးတဲ့လူမိုက် သိပ်ကိုမိုက်ပါတယ် မေမေ.....
ကိုယ့်စိတ်နဲ့ကိုယ် တိုက်ရတာလည်း ကြိုက်ပါတယ် မေမေ.....။

၂၀၁၂
ဘ၀အကြောင်း တစေ့တစောင်း
ကျွန်တော်ဟာ မပြောင်းလဲတဲ့ သတ္တ၀ါ
ရန်ကုန်မှာ
အသက်ရှုကြပ်လာတယ် အနေရခက်လာတယ်
ဝင်္ကပါအလယ်
ကျွန်တော်မေမေ့ဆီ ဖုန်းခေါ်တော့
" လူကြီးမင်းမှာ ပိုက်ဆံမရှိပါသောကြောင့်
ခေါ်ဆို၍မရနိုင်ပါရှင်"
အဲသည်လို ငွေရေးကြေးရေး အလေးပေးတဲ့နေရာ
မေမေ ရောက်ဖူးချင်တဲ့ မြေကမ္ဘာ
ကျွန်တော်သိပ်သိတာပေါ့
မေမေဖူးတွေ့ချင်တဲ့ အံ့ဖွယ်ကိုးပါး ရွှေတိဂုံ
ညီလေးတွေထိတွေ့ချင်နေတဲ့ ဖက်ရှင်ပစ္စည်း
ဖေဖေပြောပြောနေတဲ့ မျိုးဆက်မြှင့်တင်ရေး
ကျွန်တော်ကတော့ ဒီမှာပွေးတယ်
အရေခွံ အထပ်ထပ်
နက်သတက်နက်လာသော အရေးအကြောင်း
ပြောင်းပြောင်းလာတဲ့ ရေစီးကြောင်းကဗျာ
ဒါမှမဟုတ်
ကျွန်တော့်တစ်ခုတည်းသော ယုံကြည်ရာ
ဆက်ရေးလို့မရတဲ့ အထာ.....
ကမ ၻာ။                    ။

ကြယ်သီချင်းနဲ့  လမင်းသံစဉ်

အချို့လူများသည် ချိန်ခွင်၏လက်များနှင့်တူ၏။
သူတို့သည် အထက်နှင့်အောက်ကို
အပြောင်းအလဲမြန်ကြသည်။
ငါသည်ကား သူတို့ကဲ့သို့မကျင့်။
ခိုင်ကြည်စွာ ရပ်တည်မည်။

အချို့လူများသည် အလွန် စကားများကြ၏။
စကားများသော ကြက်တူရွေးကို
လှောင်အိမ်ထဲမှာ ငါ မြင်ဖူးသည်။
စကားမပြောသော ကြက်တူရွေးတို့ကား
လွတ်လပ်ကြကုန်၏။
ငါသည်လည်း ...
ထိုသို့ပင် တိတ်ဆိတ်စွာ ပျံသန်းသွားမည်။

တောအုပ်ကို မီးရှို့လိုက ‘လေ’ ၏အကူအညီလိုသည်။
အချို့လူများသည်
မိတ်ဆွေကောင်းကို တန်ဖိုးမထားတတ်ကြ။
ငါသည်ကား... တန်ဖိုးထားမည်။
မိတ်ဆွေကောင်းကို လေးမြတ်စွာ ဆက်ဆံမည်။

အချို့လူများသည်
ရေမျက်နှာပြင်ပေါ်မှာ ထကြွသည့်လှိုင်းနှင့်တူသည်။
လျှပ်ပေါ်လော်လည်ကြ၏။
ငါသည်ကား သူတို့ကဲ့သို့မကျင့်။
ကျောက်စာတစ်ချပ်ပေါ်တွင် ထွင်းထားသည့်
အက္ခရာတစ်လုံးကဲ့သို့ ကျင့်မည်။
ငါ့လုပ်ရပ်ကို ခိုင်မာစေမည်။

အချို့လူများသည်
ညစ်ပေသောရေထဲမှာ
အင်္ကျီကို လျှော်ဖွပ်ကြ၏။
ငါကား ... ထိုသို့မကျင့်။
ငါ့ကိုယ်ငါ စင်ကြယ်မှုဖြင့် လျှော်ဖွပ်မည်။

အချို့လူများသည်
ဂွမ်းစကလေးကို သယ်ရွေ့ရန်
ဝန်လေးပျင်းရိနေတတ်ကြ၏။
ငါကား...
တောင်တန်းကြီးများကို မ ရွေ့ရသည့်တိုင်
ညည်ညူခြင်းကို မပြု။

အချို့လူများသည်...
အမှောင်ထဲမှာ မားမားရပ်ကြသည်။
သူတို့ကိုယ် သူတို့ ပြန်မမြင်ကြရ။
လူသည် ကိုယ့်ကိုယ်ကို ပြန်မြင်ရန်လိုသည်။
ငါကား... အလင်းထဲမှာပဲ ရပ်တည်မည်။

အချို့လူများသည်...
ကောင်းမြတ်ခြင်းတရားကို သိကြားသော်လည်း
မလိုက်နာကြ။
ဆေးလွယ်အိတ်ကို လွယ်ပြီး သူတို့ သေကြသည်။
ငါကား သူတို့ကို မတုပ။
ငါ့ဘ၀၏ အနာရောဂါများကို ထိုဆေးဝါးတို့ဖြင့် ကုမည်။

အချို့လူများသည်...
ကောင်းမြတ်ခြင်းတရားကို ဟောပြောသော်လည်း
ညီညွတ်သောလုပ်ရပ်ကို မပြသနိုင်။
ဘုရားစာရွတ်နေသော ကြက်တူရွေးများသဏ္ဌာန်ရှိ၏။
သူတို့၏ ဆုံးရှုံးမှုကို ငါ ဥပမာယူမည်။

အချို့လူများသည်...
ကောင်းမြတ်သောလုပ်ရပ်များကို
မရိုးမသားသောအကြံဉာဏ်ဖြင့် ပြုမူကြ၏။
သူတို့၏ လုပ်ရပ်သည်
ရေပြင်ကို ပစ်ခတ်သော မိုးကြိုးပမာရှိသည်။
ငါ... မချစ်ခင်။

အချို့လူများသည်...
ကိုယ်တိုင်နားမလည်သော ဒဿနတရားတို့ဖြင့်
အခြားသူကို ဦးဆောင်သည်။
အကန်းကိုလမ်းပြသော အကန်းနှင့်တူသည်။
သူ့နောက်သို့ ငါမလိုက်။

အချို့လူများသည်...
ကောင်းမြတ်သောတေးသွားကို တီးခတ်ရန်
မိမိကိုယ်ကို စောင်းကြိုးညှိခြင်း မပြုကြ။
ငါကား ထိုဂီတကို ကြားလိုလှသည်။
ညှိယူပြီးဖြစ်သော ငါ့စောင်းကြိုးတို့ကို
စင်ကြယ်စွာ တီးခတ်မည်။

ကဗျာမဆန်တဲ့ ကဗျာ

-ငါ့ရဲ့ ကစားပွဲတိုင်း အရှုံးတွေချည်း ထပ်ခဲ့

 ဒါပေမယ့် .... အခွင့်သင့်ရင်

 ဝှက်ထားတဲ့ စပိတ်တစ်ကို ထုတ်အသုံးချချင်တယ် ...

 လှည့်ဖြားတတ်တဲ့ ကံကြမ္မာကို

 တခါတလေတော့ ပြန်ပြီး ကောက်ကျစ်သင့်တယ်လေ။


-ဒီလိုနဲ့ ... လဲကျနေတဲ့အထိ

 ကံဇာတာက တက်မလာဘူး .....

 အတိတ်တစ်ခုလုံးလည်း မှောင်လှပြီ။



-နောင်တတွေနဲ့ မွန်းကျပ်ဖူးပါရဲ့ ....

 အဲဒီလွတ်လပ်မှုတွေကိုပဲ အပြစ်တင်ရင်း

 မဖြေချင်တဲ့ မေးခွန်းကို

 ထပ်ခါတလဲလဲ ဖြေနေရ .....။


-တကယ်ဆို ဒီနေရာက ထွက်သွားသင့်ပြီ

 ငါဘာကို ကြောက်နေတာလဲ?

 လောကမှာ ဘာကို ကြောက်လို့ ကြောက်ရမှန်းမသိတာ

 ကြောက်စရာ အကောင်းဆုံးပဲ။


-အတ္တကြီးလွန်းတဲ့ လူတွေကို ငါမုန်းတယ်။


-မှန်အမြဲကြည့်နေတဲ့ လူတွေကို ငါမုန်းတယ်။


-ကယ်တင်ရှင်ယောင် ဆောင်တဲ့ လူတွေကို ငါမုန်းတယ်။


-သေချာတာကတော့ ...

 လူမဆန်တဲ့ လူတွေကို ငါ မုန်း တယ်။ ။

ပျံသန်းခြင်း

မျိုးဆက်သစ်တွေအတွက် ရှင်သန်ခဲ့တဲ့ သူ

သူ လိုအပ်နေတာက သွေး

အသက်ပေးဖို့ ဝန်မလေးတဲ့ သူ

*ရည်ရွယ်ချက်က မွန်မြတ်တယ်

*ဆုံးဖြတ်ချက်က ပြတ်သားတယ်

ကြွားတာမဟုတ်ဘူး ...

 သူနဲ့တွေ့ရင် ခင်များဆိုလည်း *ဖျားမှာပဲ

သူရှင်သန်ခဲ့ရတာ *အဆိပ်ငွေ့တွေထဲ

လွတ်ဖို့ သိပ်မသေချာတဲ့ *ထောင်

ရှော့ခ်တိုက်ဖို့ စီမံထားတဲ့ လျှပ်စစ်တွေကြားက -

နောက်လူတွေအတွက် အသက်စွန့်ပြီး ရောက်လာခဲ့ရှာသူ

သူ ကျွန်တော့်ဆီ ရောက်လာတဲ့အချိန်မှာ -

ကျွန်တော် မသိဟန်ဆောင်နေခဲ့ပါတယ် ...

သူ *ပြန်သွားတော့မှ ယားနေတဲ့လက်ကို ကုတ်ဖဲ့ရင်း နှုတ်ဆက်လိုက်မိတယ် ...

Congratulations ... Mosqutio ... !

စိတ်မရှိပါနဲ့ -

ခင်များ အတောင်ပံ နဲ့ ကာရံကို ကျွန်တော် ခိုးချင်တယ် ..... ။       ။
အချစ်ကို အရောင်တွေနဲ့ခံစားကြည့်တော့

နတ်သမီးကကျွန်တော့်ကို မုန်းတယ်

မငြင်းပယ်ပါနဲ့ချစ်သူရယ် ...

နင်ဟာ ငါ့ကောင်းကင်ထဲက

မျက်ရည်မိုးတွေနဲ့ ရင်းခဲ့ရတဲ့

သက်တန့်လေး တစ်စင်းပါ ..... ။

အချစ်ကို တေးသွားလေးနဲ့ချော့အသိပ်မှာ

ထိပ်ထားလေးရဲ့ လှောင်ရယ်သံကို ကြားမိတယ် ...

ပျက်ရယ်မပြုပါနဲ့ချစ်သူရယ် ....

နင်ဟာ ငါ့ဂစ်တာအိုလေးရဲ့

ကမ္ဘာတည်သရွေ့ပျံ့လွင့်နေမယ့်

မူပိုင်သံစဉ်ချိုလေးတစ်ခုပါ ..... ။

အချစ်ကိုရွှေကာရံနဲ့နှိုင်းတော့

တော်ဝင်သူအတွက် ရိုင်းတယ်ထင်မယ် ....

လက်ခံပေးပါချစ်သူရယ် ...

နင်ဟာ ငါ့ဘ၀စာမျက်နှာပေါ်က

နှလုံးသွေးနဲ့ရေးချယ်ခဲ့ရတဲ့

ဝတ်မှုံကဗျာလေးတစ်ပုဒ်ပါ ချစ်သူ   ..... ။     ။

မျက်နှာဖုံးအောက်က စာမျက်နှာ

ငါ့စိတ်နဲ့ ငါကစားဖို့ 
 ငါ့လိပ်ပြာကို စတေးခဲ့တယ်.
 ဒီရင်မှာတော့ ဗလာဖြစ် ကျန်ခဲ့ပေမယ့်
 ထုနဲ့ထည်နဲ့ ဆိတ်သုဉ်းနေတဲ့ကောင်ပါ..။

-နာကျည်းနေတဲ့ ချစ်သူ့ စကားသံက
 (..နင့်ကို ငါမမုန်းရက်ပါဘူး.
  ဒါပေမယ့် ရင်ထဲမှာတော့ နာတယ်...၊ . .)
 ကြားတစ်ချက် မကြားတစ်ချက်နဲ့
 ရင်ကွဲမတတ် ခံစားနေရပေမယ့်
 လေတိုးသံကြောင့်မဟုတ်တာတော့
 သေချာပါတယ်..။

-မင်းဟာ ကိုယ့်အတွက်တော့
 နေ့ နံထောင့်မှာစောင့်တဲ့
 နတ်သမီးတစ်ပါးပါပဲ
 ရူးသွပ်စွာ ကိုးကွယ်ခဲ့ဖူးတာပေါ့..။

-မဖြစ်နိုင်ဘူးဆိုတာ
 ကိုယ့်နိယာမ မဟုတ်ပေမယ့်
 မဖြစ်သင့်တဲ့ အကြောင်းအရာတွေကြောင့်
 နှလုံးသားကို ဥပေက္ခာပြုပြီး
 ဦးနှောက်နဲ့ စဉ်းစားခဲ့တာကို
 ဆင်ခြေတစ်ခုရယ်လို့ 
 မင်းက ထင်နေတာကိုး..။

-ငါ့အပြုံးမျက်နှာမှာ
 ကြေကွဲခြင်းတွေ ဝေ့သီနေတယ်
 ...တောင်းပန်ပါတယ်ကွာ
 ငါ့ရယ်သံမှာ မျက်ရည်စတွေနဲ့မို့ ...။

-တကယ်ပြီးဆုံးသွားပြီလားလို့ 
 တွေးမိတဲ့အခါတိုင်း
 နှလုံးသားရဲ့ အတွင်းဘက်ဆုံး အပိုင်းမှာ
 နာကျင်ခံစားရတဲ့ အဖြစ်ရယ်..။

-အခုဆို..ငါ့ရင်ထဲမှာ
 လေပွေတွေ လဲ့လဲ့တိုက်ခတ်တယ်.
 စိတ်ထဲခံစားနေရသလောက်
 လေထဲပျံ့ ဝဲလိုက်ရရင်
 ဝေဒနာတစ်ပိုင်း မီးခိုးတစ်ပိုင်း
 ဖြစ်သွားတော့မယ်..။

-စာတစ်ကြောင်းသီတိုင်း
 ဆေးစက်ထင်ခဲ့ ငါ့မျက်ရည်
 အပြစ်မကင်းတဲ့ စာသားတွေက
 သက်သေဖြစ်လိမ့်မယ်.
 မငိုပဲကျတဲ့ မျက်ရည်
 တားနိုင်စွမ်း မရှိခဲ့ပြီ..။

-အခုတော့..
 အချစ်ကြောင့် ခေါင်းမော့ဖူးသူ
 အချစ်ကြောင့်ပဲ အခါခါ ခေါင်းငုံ့ ရင်း
 ည.ည အိပ်မက်ထဲမှာတော့
 ချစ်သူ့ ခြေရာလေးကိုတောင်
 အခါခါ ဒူးထောက်မိလေရဲ့ ..။    ။

ချစ်သူပြောစကား

ချစ်သူပြောတဲ့စကား
ပုံပြင်အတုဖြစ်နေလည်း
ငါ....ယုံကြည်တယ်....။   ။
ချစ်သူပြုံးတဲ့မျက်ဝန်း
ဟန်ဆောင်ခြင်းဆိုလည်း
ငါ....ရင်ခုန်တယ်....။    ။
ချစ်သူပေးတဲ့အနမ်း
အဆိပ်တွေလိမ်းကျံလည်း
ငါ့အတွက်.....ချိုမြိန်တယ်.....။     ။
မှတ်ထားလိုက်......အဲ့ဒါငါ့အတွက်အချစ်ပဲ...။   

Saturday, February 2, 2013

ဟန်ဆောင်တတ်သူရဲ့နိဂုံး

 သစ္စာတွေ အခြေပြုလို့ 

ကျိန်ဆိုမှုတွေ အမျိုးမျိုးနဲ့ 

မေတ္တာကို လှည့်စားတတ်တဲ့သူ......

ကဗျာ တွေ စာတွေ ဖွဲ့ ကာ

သနားစိတ်တွေဝင်လာအောင်လို့ 

သွေးဆောင်တတ်တဲ့ သူ..........

မာယာအမျိုမျိုး.လှည့်ဖြားမှု အမျိုးမျိုးနဲ့ 

သစ္စ္စာရှိယောင်ဆောင်တတ်တဲ့ သူ......

မရှိကို အရှိလုပ်ပြီး

ဟန်ရေးပြတတ်တဲ့ သူ.....

နောက်ကွယ်မှာ

ဖေါက်ပြန်မှု အမျိုးမျိုးနဲ့ 

လူတွေ မသိအောင်နေပြတတ်တဲ့ သူ....

ဟန်ဆောင်ကောင်းတဲ့ 

သူ့ လိုလူကို..

စွန့် လွှတ်လိုက်မှ..

စိတ်အေးချမ်းသာ

နေနိုင်မှာမို့ .

ကျိန်ဆိုခဲ့ တဲ့  စကားတွေအတိုင်း

ဘ၀မှာ မခံစားရစေနဲ့ လို့ 

ဆန္ဒပြုရင်း.......
You might also like:

ချစ်ရသူရေ.........

ချစ်ရသူရေ.........

မင်းလေးကို ကိုယ်က ရွေးချယ်ခဲ့တာ

      မဟုတ်ပါဘူးကွာ...        

ရွေးချယ်တယ်ဆိုတာ

အများကြီးထဲက တစ်ယောက်ကို.......

      အကြောင်းပြချက်တွေနဲ့ပေါ့ကွာ....       

ကိုယ်လေမင်းလေးကို

ချစ်တာပါ.......

မင်းလေးကို ပိုင်ဆိုင်ရသည်ဖြစ်စေ၊

ဆုံးရှုံးရသည်ဖြစ်စေ၊

ဆုံးရှုံးမှူတွေ ပိုင်ဆိုင်မှူတွေ

ကိုယ့်အတွက်တော့

ဘာမှမလိုပါဘူး...   

ကိုယ့်အတွက်ကတော့

တစ်ခုပဲ

     မင်းလေးကိုချစ်နေတာပါပဲလေ........

ဒီမှာချစ်သူ

တစ်ခါတစ်ခါ

အချစ်ဆုံးချစ်သူတွေက

အချစ်ဦးဖြစ်ချင်မှဖြစ်ကျတာပါ

အချစ်ဆုံးကို ရှာမတွေ့သေးတော့

ရည်းစားတွေ ထည်လဲတွဲခဲ့ကြချင်ကြမှာပါ

အချစ်ဦး ဖြစ်ဖို့ အတွက်

အချစ်ဆုံးဖြစ်ဖို့က အရေးကြီးပါတယ်

မင်းဟာငါ့ရဲ့အချစ်ဦးနဲ့ အချစ်ဆုံးပါ............

မိန်းမမာယာ

မုသားမပါ   လင်္ကာမချော

မုသားတွေကိုသာပြောပြောပြောပြီး

အချစ်ဆိုတဲ့စကား   မင်းပါးစပ်ဖျားမှာ

အရသာတစ်မျိုး  တွေ့ခဲ့တာလား????

မိန်းမမာယာ   သဲကိုးပြာတဲ့

တယ်    မှန်တဲ့ဤစကား

မာယာအမျိုးမျိုးတွေထား

ဖြူစင်တဲ့  ချစ်ခြင်းတရားကို

ညစ်နွမ်းစေခဲ့တာလဲ   မင်းရဲ့မာယာတစ်မျိုးပဲလား????

အို   အကိုရယ်  မောင်ရယ်

ကျွန်မဘဝမှာ  ပထမဆုံးချစ်ရတဲ့သူဟာ  အကိုရယ်ပါ

အကိုမရှိတဲ့ကမ္ဘာ  ကျွန်မမနေတက်တော့တာအမှန်ပါ

ဟိုရှောက်ပြောဒီရှောက်ပြော

နောက်ဆုံးပေးခဲ့တဲ့   အရာ

မင်းရင်ထဲကလာတဲ့အချစ်အတုတွေလား????

စွန့်စားမယ်  စွန့်စားမယ်

ဟိုး    အဝေးကလကမ္ဘာကိုတောင်လိုက်ရဲတယ်(ကိုကိုနဲ့တူတူပေါ့တဲ့)

(ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ)

နောက်ဆုံးတော့  ငါ့ရင်ကိုဓားနဲ့ထိုး

မာယာတွေအမျိုးမျိုးနဲ့  လှည့်စားသွားတာပဲလား???

မင်းလဲမမှားသလို ငါလဲရိုးသားခဲ့ပါတယ်

အပြင်ကကြည့်ရင်  ဖြူစင်တယ်

နှလုံးသားထဲဝင်ကြည့်တော့  မဲမှောင်နေတယ်

ယုယတယ်  ကြင်နာတယ် 

သေလောက်အောင်ချစ်ခဲ့ပါတယ်ဆိုတဲ့စကား

မင်းတွေ့တဲ့လူတိုင်းပြောခဲ့တာလား????

ကိုကိုချစ်တာထက်တောင်  ပိုချစ်တယ်

နားရှိလို့သာကြားခဲ့ရတယ်

အခုတော့  ငါသောက်သုံးမကျလို့ခံခဲ့ရတာပဲ

မင်းကိုတော့   ရူးလောက်အောင်ချစ်ခဲ့တယ်

ဒါပေမဲ့အခုတော့ငါ့အချစ်တွေပြောင်းသွားပြီ

မင်းကိုတွေ့တဲ့နေရာမှာပဲ   သတ်ချင်တယ်

ဆုတောင်းပေးလိုက်မယ်

new  လေးနဲ့ပြေလည်ပါစေ

ဘာကြောင့်ရယ်တော့မသိဘူး   မာယာများတဲ့မိန်းကလေးတွေကို  

ယနေ့ချိန်ထိမုန်းနေမိတာတော့  အမှန်ပဲ

လောကကြီးရေ

လောကကြီးရေ

နင်ကအိပ်မောကျနေလိုက်တာ

တကယ်ဘဲ...

ငါကတော့ခုထိအိပ်ရသေးဘူး..

နင်က..ပျော်ရွင်ခြင်း..

ဝမ်းနည်းခြင်း...ပူဆွေးခြင်းတွေ..တွေကို

နင်နဲ့မဆိုင်သလို..

လစ်လျု..ရှုနိုင်တယ်လေ..

နောက်....အရာအားလုံးတွေနဲ့ပြည့်စုံပြီး..

လှပတင့်တယ်နေတယ်..

ပျော်ရွင်ခြင်းကင်းတဲ့ငါ..

လွမ်းဆွတ်ခြင်း.တွေ

.ပူဆွေးခြင်းတွေဘဲပိုင်ဆိုင်တဲ့ငါ..

တခါတလေနင်ကိုအရွဲ့တိုက်ချင်တယ်..

စေတနာနဲ့လုပ်ပေမဲ့.စေတနာအမှားဖြစ်ရပြီး

စိတ်မကောင်းဖြစ်မိတဲ့ငါ..

ခင်မင်မူတွေနဲ့သံယောဇဉ်အမြစ်တွယ်ကျန်ခဲ့တဲ့ငါ..

မိုးပြေးလေးလို...ခဏလေးနဲ့ရွာပြီး..

နုတ်မဆက်ဘဲထွက်ခွာသွားသူက..ပေးတဲ့

..မိုးငွေ့လေးတွေနဲ့

ကျန်ခဲ့ရတဲ့ငါ...

ငါကတော့နင်နဲ့ဘာမှမဆိုင်လိုက်တာ

ငါရဲ့လောကကမ္ဘာလေးထဲမှာ..

ငါနေတတ်သလိုနေရင်း..ရူးကြောင်ကြောင်...

အတွေးတွေနဲ့.ချာချာ.လည်နေတုံးဘဲလေ..

ငါရဲ့ဘ၀ပေးကုသိုလ်ပေါ့....

နင်ကိုငါအရှုံးပေးပါတယ်.

.အမြဲလှပနေပါစေ...

လောကကြီးရေ...

မမျှော်လင့်ပဲ ကြေကွဲခဲ့ရသူမို့ပါ

မမျှော်လင့်ပဲ ကြေကွဲခဲ့ရသူမို့

မနှင်ပဲထားသွားတဲ့မင်းကို

မလွမ်းချင်လဲ ငိုနေမိတယ်

ပြန်မလာနိုင်မှန်းသိလည်း

တမ်းတနေမိတယ်

ငါ့အိမ်မက်တွေကို နင်းခြေသွားလဲ

မင်းသွားမယ့်လမ်းမှာ

ငါနှလုံးသွေးတွေနဲ့ ခင်းကျင်းပေးထားပါတယ်

ငါ့နောက်ကျောကို ဓါတ်နဲ့ထိုးဖို့

အစကကြိုသိခဲ့ရင်

ထက်ဆုံးဓါးနဲ့သွေးပေးပါတယ်

ငါမဟုတ်တဲ့ ရင်ခွင်သစ်မှာ

မင်းပျော်နိုင်ပါစေသာ

ပြန်မဆုံနိုင်မှန်း သိနေပေမယ့်

ပြန်မဆုံနိုင်မှန်း

သိနေပေမယ့်အမှတ်မရှိတဲ့

မျှော်လင့်ခြင်းတွေက..နင့်ကိုရှာဖွေနေကြတယ်လေ................။

မှန်းဆတမ်းတ

လွမ်းရအောင်လည်း....ကိုယ်ယောင်ဖျောက်သလို

ကောက်စရာခြေရာတောင်မချန်ခဲ့တဲ့နင့်ကို.....အရမ်းပဲချီးကျူးပါတယ်။

ခံစားချက်ဆိုတာ  ဗလာ
          
 အသိဥာဏ်တွေဝေဝါး..........ဘဝဆိုတာခါးမှန်း
                         
 နင်ပေးတဲ့ 

ပုစ္ဆာမဖြေမထုပ်နိုင်မှ...............ငါ့နားလည်လာခဲ့တယ်.....။

ဟင်းလင်းပြင်လို

အမှီိခိုမဲ့နေတဲ့ငါ့ရင်ခွင်ဟာ..

ခိုလုံစရာရင်ခွင်တစ်ခု မဖြစ်ခဲ့သလို

အခုတော့...အနားသတ်တွေတောင်မရှိတော့တဲ့

တောင်းစုတ်တစ်ခုလို...စုတ်ပြတ်သတ်နေတာ..နင့်ကြောင့်လို့လဲ..ငါမပြောတော့ပါဘူး။


လွမ်းတယ်ဆိုတဲ့

ဝေါဟာရတစ်ခုနဲ့

နင့်ကို..သတိတရတွေ့ချင်နေတာ

လုံလောက်တဲ့အကြောင်းပြမဟုတ်ဘူးလို့

နောကြေအောင်သိနေတဲ့ 

နင့်စိတ်ကြောင့်.....လက်လျှော့ပြီးတောလွမ်းရတောမယ်...။

နင်လဲတစ်နေ့တော့.

နင့်ကိုခေါင်းညိမ့်ခိုင်းတာ
 
ခဏတာတွက် မဟုတ်ခဲ့ဘူး။

နင့်ရဲ့လိမ်ညာမှုတွေကို
 
ငါ့နှလုံးသားက မလွန်ဆန်နိုင်ခဲ့ဘူး။
 
နင့်ကိုပေးဆပ်ခဲ့တာ
 
တော်ရုံအချစ်ကြောင့်မဟုတ်ဘူး။
 
နင့်ကိုမေ့လို့မရတာ
 
ငါ့မှတ်ဥာဏ်ကောင်းလွန်းလို့မဟုတ်ဘူး။
 
နင့်ကိုချစ်ခဲ့တာ
 
နင့်ပိုင်ဆိုင်မှုတွေကြောင့် မဟုတ်ခဲ့ဘူး။
 
ငါ့နှလုံးသားကော
 
ငါ့မာနပါမကျန် နင်ရိုက်ချိုးခဲ့တာ
 
ဒီနေ့ထိမေ့လို့မရခဲ့ဘူး။
 
ချစ်သူ ....နင်လဲတစ်နေ့တော့................

တစ်နေရာစီဝေးလို့ 

♥♥ ♥♥တစ်နေရာစီဝေးလို့ ♥♥ ♥♥

♥♥ ♥♥မေ့ကြကြေးဆို♥♥ ♥♥

♥♥ ♥♥အချစ်စစ်ဆိုတဲ့စကားလုံးကို♥♥ ♥♥

♥♥ ♥♥ကမ္ဘာအပြင်သာပစ်လိုက်တော့♥♥ ♥♥

♥♥ ♥♥တစ်နိုင်ငံစီခြားနေလို့ ♥♥ ♥♥

♥♥ ♥♥မပေါင်းရဘူးလို့ ♥♥ ♥♥

♥♥ ♥♥ဘယ်ဥပဒေမှာမှပြဌာန်းချက်မရှိဘူး♥♥ ♥♥

♥♥ ♥♥စစ်မှန်တဲ့ချစ်ခြင်းအတွက်♥♥ ♥♥

♥♥ ♥♥မဖြောင့်ဖြူးတဲ့လမ်းတွေလည်း♥♥ ♥♥

♥♥ ♥♥နားလည်မှု့ တွေနဲ့ ဖလှယ်ထားတဲ့♥♥ ♥♥

♥♥ ♥♥နှလုံးသားပန်းခင်းထက်မှာ♥♥ ♥♥

♥♥ ♥♥အလဲလဲအကွဲကွဲပြိုလဲသွားကြတာချည်းပဲ♥♥ ♥♥

♥♥ ♥♥တစ်ဦးလိုအင်တစ်ဦး♥♥ ♥♥

♥♥ ♥♥ဖြည့်ဆည်းပေးဖို့ အချစ်စစ်မှန်ရင်♥♥ ♥♥

♥♥ ♥♥ကမ္ဘာတစ်ဖက်ခြမ်းမှာ♥♥ ♥♥

♥♥ ♥♥လက်လှမ်းဖို့ ဝေးခဲ့ရင်တောင်♥♥ ♥♥

♥♥ ♥♥ကမ်းလင့်တဲ့အချစ်စစ်ပန်းခင်းက♥♥ ♥♥

♥♥ ♥♥ငါတို့ အတွက်လမ်းခင်းပြီးအတိဖြစ်လိမ့်မယ်♥♥ ♥♥

♥♥ ♥♥တစ်ခုပဲ..........

အချစ်စစ်နဲ့ သာချစ်နေဖို့ လိုတယ်♥♥ ♥♥♥♥ ♥♥♥♥ ♥♥♥♥

လိုချင်တာက...............

လိုချင်တာက...............
=================

ရုပ်လှနေဖို့ မလိုပါဘူးနှလုံးသားလှနေဖို့ပဲ လိုပါတယ်...။

ငွေကြေးချမ်းသာဖို့ မလိုပါဘူးအကျင့်သိက္ခာ မဆင်းရဲဖို့ပဲလိုပါတယ်...။

ပညာတတ်ကြီး ဖြစ်ဖို့ မလိုပါဘူးပညာ မမဲ့ဖို့ပဲလိုပါတယ်...။

ချွေတာတတ်ဖို့ မလိုပါဘူးသုံးစွဲတတ်ဖို့ပဲ လိုပါတယ်...။

လူတိုင်းကို ချစ်တတ်ဖို့မလိုပါဘူးလူတိုင်းကို ကြင်နာတတ်ဖို့ပဲလိုပါတယ်...။

စကားပြော ကောင်းဖို့မလိုပါဘူးစကားပြော တတ်ဖို့ပဲလိုပါတယ်...။

ခေတ်ဆန်လွန်း စရာမလိုပါဘူး..ခေတ်နဲ့လိုက်လျော ညီထွေတတ်ဖို့ပဲ လိုပါတယ်...။

အိမ်ရှင်မကောင်းတစ်ယောက် ဖြစ်ဖို့မလိုပါဘူးဘ၀ဖော်ကောင်း တစ်ယောက် ဖြစ်ဖို့လိုပါတယ်...။

အချစ်ကြီး ချစ်ဖို့မလိုပါဘူး
သဘောထားကြီးပြီး နားလည်မှု့ရှိဖို့ပဲလိုပါတယ်...။

နေရာတကာ အလျော့ပေးဖို့ မလိုပါဘူး
ကြည်ဖြူစွာ ခွင့်လွှတ်တတ်တဲ့ စိတ်ထားလေး ရှိဖို့ပဲ လိုပါတယ်.....။

loveb photos






true love

ချစ်တယ်လို့..
လွယ်လွယ်နဲ့မပြောတက်ပေမဲ့....
ချစ်တဲ့အကြောင်းကို....
သက်သေပြတက်တဲ့ချစ်သူ.....

သူချစ်တယ်လို့...
တစ်ခါပြောတိုင်းးး..
ကျွန်တော့်နှလုံးသားတစ်ပြင်လုံးးးး....
ပန်းရောင်သန်းလို့အပြုံပန်းတွေဝေဖူးးတယ်..
ယုံ...။ ။