Pages

Sunday, June 10, 2012

ချစ်သူ ယုံနော်

အတွေ့မှာ သိလို့  ရင်ခုန်တဲ့အခါ
အကြည့်က စူးလို့ မနေတတ်ပြန်
ဒါပေမယ့်လဲ ချစ်သွားခဲ့တဲ့ ဒီစိတ်
မင်းရဲ့ အလိုကျ ချစ်ခဲ့ပြီးမှ
မလွမ်းချင်(မခံစားချင်)ဆိုတဲ့
ဆင်ခြေတစ်ခုနဲ့
အမုန်းတွေကို  ပစ်ပေါက်ခဲ့တာ
ဘာသဘောလဲ မေးချင်ပေမယ့်
ကိုယ်တိုင် ပြတ်သားစွာနဲ့ ကျောခိုင်းခဲ့ပြီးမှ
မညာတတ်တဲ့ မျက်ဝန်းမှာ မိုးတွေပြိုနေလဲ
မင်းရဲ့ ဟန်ဆောင်မှုက ကမ်းကုန်နေမှတော့
ကိုယ့်ရဲ့ မာနတွေလဲ မနေသာဘူးပေါ့။
ဒါပေမယ့်လဲ  သမိုင်းတင် ချစ်သူရေ
ပထ၀ီထဲမှာ ရှင်သန်နေသရွေ့တော့
နွေးထွေးမှု ပေးတဲ့ရင်ခွင်လေးရယ်
ချိုသာယာခဲ့ နှုတ်ခမ်းတစ်စုံနဲ့
ကမ်းလင့်နေကျ လက်အစုံကို
ပိုင်ဆိုင်ခွင့် ဝေးပြီဆိုတဲ့ အသိက
အရာရာကို သံသယနဲ့
ကြည့်တတ်လာ
ချစ်တယ်လို့ ပြောလာသူတွေကိုလဲ
မင်း  (   )မဟုတ်မှန်း သိတာနဲ့
နာကျင်နေကျ 
ဒီရင်ဟာ(ခင်မင်မှုကလွဲရင်)
မင်းကလွဲရင်
ဘယ်တော့မှ  မချစ်တတ်ဘူး
ဆိုတာ  ချစ်သူ  ယုံနော်။
                            emoboy7327@gmail.com

No comments:

Post a Comment