Pages

Friday, June 8, 2012

ဆုတောင်း

အချစ်လေ ငါရင်ကိုခွဲပြီးပြေးသွားတာ အမုန်းတွေဝင်လာတဲ့အထိပေါ့ ငါလေချစ်လိုက်ရတာ အသည်းကွဲတဲ့အထိပါပဲ

နှလုံးသားတွေအလံထူလို့မင်းအရှေ့မှာလေ ဒါကိုသူသိပါစေ

ငါပေါ့ စိတ်ကူးရင်းရူးရတော့မယ်ထင်တယ် အိပ်မက်တွေက တစ္ဆေလိုပဲခြောက်လန့်နေတယ်

ဒီရင်ကို ဇရပ်များထင်သလားချစ်သူရယ် ဝင်လိုက်ထွက်လိုက်နဲ့လေ ပျော်နေတာ

ငါကတော့မင်းသွားတိုင်းချန်ထားတဲ့ခြေရာလားကွယ် အင်းလေ မင်းစေတနာရှိသလောက်ပေါ့ ဘယ်တတ်နိုင်မလဲနော်

ငါရဲ့အချစ်ကမင်းသွားတိုင်းပါတဲ့ဖိနပ်တစ်ရံလောက်မှာအရည်အချင်းမရှိရင်တော့ ငါ့အချစ်ကိုငါမုန်းမိမှာပဲ မင်းကငါ့ဘဝလေ

အကြင်နာတွေငါအတွက်မရှိရင်နေပါလေ ငါအတွက်နာကြင်ခြင်းဟာ ချိုမြိန်တယ်ချစ်သူ

မင်းပေးတဲ့အမုန်းကိုလက်ဆောင်အဖြစ်သိမ်းထားမယ်နော်ချစ်သူ ခွင့်ပြုပါနော်

ငါလေမင်းအနားမှာနေချင်တာမင်းသိပါစေချစ်သူ ငါလေလွမ်းတိုင်းမင်းကိုတမ်းတပါရစေနော် ခွင့်ပြုပါ.....

ငါလေမင်းရဲ့အပြုံးတွေကိုခိုးယူမိတယ် ခွင့်လွတ်ပါ ငါမင်းရဲ့အချစ်ကိုမျှော်နေပါရစေနော် ချစ်ရသူရယ်
                            emoboy7327@gmail.com

No comments:

Post a Comment