Pages

Tuesday, July 21, 2015

တန်ဖိုးထားပါ

ကမ္ဘာမြေပြင်ရဲ့မျက်နှာပြင်ဧရိယာက ၁၉၆.၉ မီလီယံစတုရန်းမိုင်ရှိတယ်။

အဲ့ဒီလောက်ကျယ်တဲ့မျက်နှာပြင်မှာ မင်းနဲ့ ငါဆုံဖို့အခွင့်အလမ်းက ၅ဘီလီယံပုံ ၁ ပုံသာရှိခဲ့သလို ငါနဲ့ မင်းဆုံဖို့အခွင့်အလမ်းကလည်း ၅ဘီလီယံပုံတစ်ပုံသာရှိခဲ့တယ်။

ငါတို့တွေ့ဆုံပြီး အမြဲအရိပ်မခွာနေဖို့အခွင့်အလမ်းက ၅ ဘီလီယံပုံ ၁ ပုံဆတိုးပဲရှိခဲ့တယ်…ဟင့်အင် ~~~ဒီထက်တောင်နည်းနိုင်ပါသေးတယ်။

ဒါပေမယ့် ငါတို့တွေ့ဆုံခဲ့ကြပြီး…ချစ်ခြင်းမေတ္တာဆိုတဲ့အရာလေးကြောင့် ငါတို့တွေ့ဆုံခဲ့ကြပြီ… တချို့ကိစ္စမှာ သချာင်္ပညာရှင်ကတောင် ဦးနှောက်စားလက်မှိုင်ချရပါတယ်။

ဒီလောက်ကျယ်ပြောတဲ့လောကကြီးမှာ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံရင်းနှီးဖို့ မလွယ်ကူပါဘူး။နှလုံးသားချင်းထပ်တူကျပြီး ချစ်ကြိုက်ဖို့ဆိုတာ ပိုမလွယ်ကူပါဘူး။ဝေးသွား၊ခွဲသွားမှ လွမ်းပြဆွေးပြနေမယ့်အစား လက်ရှိတွေ့ဆုံပိုင်ဆိုင်နေချိန်မှာ
တန်ဖိုးထားတာကအကောင်းဆုံးပါ…

သူငယ်ချင်း

သူငယ်ချင်း
မင်းအပြုံးတွေ အသက်မပါတော့ဘူး
လောကကြီးကို စိတ်နာနေတယ်ဆိုတာ ငါ သိတယ်။
သူငယ်ချင်း
မင်းမျက်လုံးတွေ အရောင်မလက်တော့ဘူး
တစ်ခုခုကို စိုးရိမ်နေတယ်ဆိုတာ ငါ သိတယ်။

သူငယ်ချင်း
မင်းစကားတွေ သိပ်မပြောတော့ဘူး
မထူးတော့တဲ့စကားတွေ မဖွင့်တော့ဘူးဆိုတာ ငါ သိတယ်။
သူငယ်ချင်း
မင်းခြေလှမ်းတွေ မသွက်တော့ဘူး
မျှော်လင့်ချက်တွေ မဲ့နေတယ်ဆိုတာ ငါ သိတယ်။
သူငယ်ချင်း
မင်းစိတ်ထားတွေ အရင်လိုမဟုတ်တော့ဘူး
ဖြားယောင်းမှုတွေ စိုးမိုးနေတာ ငါ သိတယ်။
သူငယ်ချင်း
အတူတူနေလာကြတဲ့ငါတို့တွေ
တစ်ယောက်ကိုတစ်ယောက်မမုန်းဘူးရက်ဘူးဆိုတာ ငါ သိတယ်။
သူငယ်ချင်း
ငါတို့ဆော့ခဲ့တဲ့ ဘောလုံးကွင်းကြီးရယ်
ဝယ်စားနေကျ အာလူးခြောက်ကြော်သည်ကြီးရယ်
အသံပေးပြီး ခေါ်တတ်တဲ့ ရေခဲခြစ်သည်ကြီးရယ်
ဆံပင်ညှပ်ဆရာရယ်က ငါတို့သူငယ်ချင်းနှစ်ယောက်ကို
အရင်လို ပျော်ရွှင်နေတာကို မြင်ချင်သတဲ့လေ။

Sunday, February 16, 2014

(21)ရာစု၏ အချစ်မေတ္တာ

အချစ်မေတ္တာတွေရှားပါးနေတဲ့(21)ရာစုသစ်မှာ
စစ်မှန်တဲ့မေတ္တာစစ်နဲ့မင်းတစ်ယောက်ကို
ပေးခဲ့ဖူးတယ်......
နှောင်ကြိုးမဲ့သံစဉ်တစ်ခုမဟုတ်ပေမယ့်
လေးနက်မှုတွေပျော်ဝင်နေတဲ့
ကဗျာတစ်ပုဒ်ဖြစ်နေတယ်ဆိုတာ
လက်ခံနိုင်မလား?ချစ်သူ......
လူတစ်ယောက်ရဲ့ခံစားချက်တိုင်းဟာ
စာမျက်နှာတွေပေါ်မှာရှိတတ်တယ်
နံရံတွေပေါ်မှာရှိတတ်တယ်
ကိုယ်ရဲ့ခံစားချက်တွေကတော့
ကိုယ့်နှလုံးသားရဲ့နံရံတစ်ဖက်မှာရှိတယ်.........

Tuesday, November 26, 2013

အောင်မြင်မှုရဲ့အဓိကလိုအပ်ချက်(၁၀)ချက်

  1. အပြုံးအနည်းငယ်ပိုပါ။

  2. နှုတ်အနည်းငယ်ချိုပါ။

  3. လှုပ်ရှာမှုအနည်းငယ်မြန်ပါ။

  4. အလုပ်အနည်းငယ်ကြိုးစားပါ။

  5. သဘောထားအနည်းငယ်ကြီးပါ။

  6. ဦးနှောက်အနည်းငယ်ရှင်ထားပါ။

  7. ထိရောက်မှုအားအနည်းငယ်မြှင့်ပါ။

  8. အကြောင်းပြချက်အနည်းငယ်လျှော့ပါ။

  9. အကျင့်ဆိုးအနည်းငယ်လျှော့ပါ။

  10. စကားပြောအနည်းငယ်နည်းပါ။

Monday, November 25, 2013

အတွေးအမြင်

  1. အစားထိုးမရတဲ့ဆုံးရှုံးမှုနှစ်ခုသာရှိတယ်၊အဲ့ဒါမိဘနဲ့အချိန်ပဲ။
  2. လူတစ်ယောက်ရဲ့ဘုန်းတန်ခိုးဆိုတာအလုပ်လုပ်ခြင်းပဲ။
  3. ဆင်ခြေပေးတဲ့ပါးစပ်ထမင်းငတ်တတ်တယ်။
  4. နေသလိုဖြစ်တဲ့ဘ၀မှာဖြစ်သလိုမနေပါနဲ့။
  5. လုပ်ချင်တာထက်၊လုပ်သင့်တာလုပ်ဖို့အရေးကြီးတယ်။
  6. အပြောနဲ့ကဲ့ရဲ့တတ်သူကို အလုပ်နဲ့အနိုင်ယူရမယ်။
  7. မေ့တယ်ဆိုတာမလေးစားလို့၊ကြောက်တယ်ဆိုတာမခိုင်လုံလို့။
  8. အသိတရာရှိရှိနဲ့ စာရိတ္တကောင်းအောင်ကြိုးစားရင် လူရာဝင်တာပဲ။
  9. နှေးတာအရေးမကြီးဘူး၊ရပ်မနေဖို့ပဲရေးကြီးတယ်။
  10. အပြောကြီးတာဟာ မလုပ်ချင်တာကို ဖုန်းကွယ်တဲ့နည်းတစ်မျိုးပဲ။
  11. အခက်အခဲဆိုတာ ညည်းတွားဖို့မဟုတ်၊ကျော်လွှားဖို့။
  12. တန်ဖိုးဆိုတာကြည့်တတ်သူ၊သိတတ်သူအပေါ်မှာမှာပဲမူတည်တယ်။
  13. စိတ်ဓာတ်ကျခြင်ဟာအချိန်ဖြုန်းခြင်တစ်မျိုးပဲ။
  14. ကြိုးစားခြင်းကိုဘ၀လို့ယုံကြည်ပါ။
  15. ဂုဏ်သိက္ခာပါသောအောင်မြင်မှုကိုသာမြတ်နိုးပါ။
  16. မနာလိုမဖြစ်ပါနဲ့၊လုပ်တဲ့သူကနေရာရမှာပဲ။
  17. စာရိတ္တကောင်းရင်နောက်ကြောင်းရှင်းတယ်။
  18. မလုပ်တတ်ကြောင်းများများပြောလေမလုပ်တတ်လေ။
  19. အချိန်ဖြုန်းတာဟာဥစ္စာဓနဖြုန်းတာပါပဲ။
  20. လိုသလောက်မရနိုင်ပေမယ့် လုပ်သလောက်တော့ရနိုင်ပါတယ်။
  21. အရေးမကြီးတာကိုအပ်ကြောင်းမထပ်မိပါစေနဲ့။
  22. အပြောနဲ့မလုပ်၊အလုပ်နဲ့ပြော။
  23. ကိုယ့်ဘ၀ကိုယ်သိ၊ကိုယ့်အားကိုယ်ကိုး၊လဲရင်ပြန်ထ၊ဒါဘ၀ပဲ။
  24. အကျင့်စာရိတ္တသည်ထိုသူ၏ကံကြမ္မာပင်ဖြစ်သည်။
  25. လူ့ဘုံဆိုတာ လုံးလ၀ီရိယဘုံပါ။
  26. ရောဂါပြင်းလျှင်ဆေးရှိသည်၊လူပျင်းလျှင်ဆေးမရှိပါ။
  27. ဘ၀ကြိုးဝိုင်းထဲကဒုက္ခကိုဇွဲနဲ့အလဲထိုး။
  28. မိဘဒုက္ခသုတ်မစားနဲ့၊မိဘမျက်ရည်ဟင်ချိုလုပ်မသောက်မိပါစေနဲ့။
  29. ဘ၀တိုင်းကိုဖျက်ဆီးနေတာ၊မာနတရားပဲ။
  30. အပြစ်မရှာကြပါနဲ့အဖြေရှာကြပါ ။

Tuesday, October 8, 2013

ရိုးရိုးလေးပဲချစ်တယ်

မြန်မာဆန်ဆန်သနပ်ခါးလေးနဲ့
ချစ်စရာကောင်းတဲ့
ကောင်မလေးရယ်...
ကဗျာဆန်းဆန်းစကားလုံးလေးတွေ
ပြောမပြတတ်ပေမယ့်
မဟာဆန်တဲ့မင်းကို
ချစ်မိနေတော့
ရိုးရိုးလေးပဲ"ချစ်တယ်"လို့
ပြောပြချင်တယ်
ကောင်မလေးရယ်...