Pages

Thursday, January 31, 2013

သိသင့်တယ်နော်

(၁)


"မျက်လုံးဖွင့်ပြီး အိပ်ကြည့်စမ်းပါ အချစ်ရယ်...."

အဲသည်သီချင်းလေးကို ဟိုးအရင်တုန်းက နားထောင်လိုက်ရရင် ကြံကြံဖန်ဖန်

ရေးတတ်ပါပေတယ်လို့ ပြောပြောပြီးရီနေခဲ့ကြရဲ့...။

အိပ်ပါတယ်ဆိုမှ ဘယ်လိုလုပ် မျက်လုံး ဖွင့် ထားပါ့မလဲပေါ့..။


(၂)


ဖေဖေါ်ဝါရီမနက်ခင်းက ဆောင်းနှင်းမြူ တွေ ဝေ့၀ဲ ကျနေသည်လေ။

နှင်းတွေကြားမှာ ဘုရားထီးတော်ကို ဖူးမြှော်ရသည်ကလည်း ကြည်နူးစရာ တစ်မျိုးလို

ကုသိုလ်ပွားမိသည်။

ရွှေတိဂုံစေတီတော်ကြီး အနောက်ဘက်မုဒ်မှ  ကျောက်စိမ်းဆင်းတုတော်..။

ဘုရားရှေ့မှာ တစ်စုံတစ်ယောက်ကို စောင့်မျှော်နေသော

အနီရောင်လေး တစ်ယောက်  ..။

အဲသည်မှာ ကျွန်တော့် အိပ်မက်တွေအစပြုခဲ့သည်...။


(၃)


ကျွန်တော်တို့တွေ့ဆုံမှုက အိပ်မက်တွေလိုပါပဲ..။

မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရတာက

ဒီလိုနေ့ရက်မျိုး ရောက်လာခဲ့မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့တာပါ။

တစ်ယောက်နဲ့  တစ်ယောက် ဓါတ်ပုံလေး အပြန်အလှန် ပို့ဘူးယုံ ၊ စကားတွေ

ဖုန်းနဲ့အပြန်အလှန် ပြောဘူးယုံ ပဲရှိခဲ့တာ..။

ခုလိုရင်ဆိုင်တွေ့ ဆုံရတော့ တစ်ယောက်မျက်နှာတစ်ယောက်

ရဲရဲ မကြည့်ရဲခဲ့ကြတာလဲ ရင်ခုန်စရာတစ်မျိုးကောင်းနေပြန်ရဲ့..။

" ရောက်နေတာကြာပြီလား.."

" ဟုတ် "

" နဲ နဲနောက်ကြသွားတယ် "

" ရပါတယ်..လာမယ်လို့ယုံကြည်လို့ စောင့်နေတာလေ "

" ဘာလို့ ယုံကြည်ရတာလဲ.."

" အဲဆို ဘာလို့လာခဲ့ ရတာလဲ.."

နှစ်ယောက်သား အပျော်တွေနဲ့ ရင်းနှီးသွားခဲ့တဲ့ မနက်ခင်းလေးတစ်ခုပါ..။

အဲဒီမှာ ကျွန်တော့်အိပ်မက်တွေ ရင်ခုန်သံအရှိန်မြင့် ခဲ့ပေါ့..။


(၄)



အိပ်မက်ဆိုတာ အိပ်နေတုန်း မက်တာပါတဲ့..။

ကျွန်တော်က နိုးနေရင်း မက်ခဲ့တာဖြစ်သည်..။

မျက်လုံးဖွင့်ပြီး အိပ်တတ်လာပါသည်..။

"မျက်လုံးဖွင့်ပြီး အိပ်ကြည့်စမ်းပါ အချစ်ရယ်...."  အဲသည်သီချင်းကို

ကျွန်တော်ဆိုတတ်ခဲ့ ပါပြီ။

နားလည်ခဲ့ပါသည်။

ကျွန်တော့် ချစ်ခြင်းတွေအကုန်ပါသွားသော

သူမချစ်ခြင်းတွေ အကုန်ပေးခဲ့ သော အိပ်မက်လှလှလေးတစ်ခု ..

ကျွန်တော် ဆက်မက်နေမိသည်....။


(၅)


ကျွန်တော်တို့ တွေ့ဆုံချိန်က တိုတောင်းပေမယ့်

နားလည်မှုက ရှည်လျားခဲ့ပြီ..။

ဖြူစင် နှလုံးသားလေးတစ်ခုကို ကျွန်တော့်အိပ်မက်တွေအတွက်

သူမချန်ထားရစ်ခဲ့သည်..။

ချစ်တတ်လွန်းသော အချစ်တစ်ခုအကြောင်းကိုလဲ ကျွန်တော် ရင်နင့်ခဲ့ရသည်..။



(၆)



" ဘယ်မှာဖြစ်ဖြစ်

တွယ်တာရစ်ငင် ၊  ထာဝရထင်သော

ရင်ထဲအရိပ် ၊ စွဲလန်းစိတ်ဖြင့်

အိပ်မက်တိုင်းမှာရှိနေသူ..."


ကျွန်တော်

မျက်လုံးဖွင့်ပြီးအိပ်နေပါသည်...

သူမကို တကယ်ချစ်ခဲ့မိလို့ ဖြစ်ပါသည်..

အိပ်မက် မက်နေပါသည်

အိပ်မက်မဟုတ်ခဲ့သောအချစ်စစ် တစ်ခုလည်းဖြစ်ပါသည်...။   ။

ချစ်သူ

အချစ်မိုးကောင်ကင်ကြီးကိုသာသိပြီး
အချစ်ကြောင့် လွမ်းရတဲ့
အလွမ်းဟင်းလင်းပြင်ကိုသိဖို့
ဘာကြောင့် မကြိုးစားခဲ့တာလဲ
အလွမ်း တချို့ကဆေးဖြစ်စေနိုင်သလို
တချို့ အလွမ်းတွေကဘ၀တက်လမ်းကို
ဘေးဖြစ်စေတတ်တယ်နော် ။
ပိုက်ဆံ နောက်လိုက်နေတာလား
ဒါမှမဟုတ် ၀ါသနာပါလို့ပဲလား
မင်းရဲ့လိုက်ခြင်းတွေကို
သုတေသန မပြုချင်တော့ပေမယ့်လဲ
တစ်ယောက်ရဲ့ အခြားတစ်ဖက်မှာ
နောက်ထပ် တစ်ယောက်တွေ
ထက်ပြီးရင်းထပ်
ရင်နှစ်မွှာ အပ်ပြီးရင်းအပ်နေပြီနော်
အတပ်ပြောရရင်
မင်းရဲ့ သိက္ခာတွေလဲ
စုတ်ပြတ်သတ်နေပါပြီ ။
ကျောက်တိုင်း အပြစ်ရှိတာကို
မှတ်ယူပြီး အသစ်အသစ်တွေ
ထပ်တလဲလဲ ရှာနေရင်တော့
မင်းလေး ဘဝ
အဖတ်ဆယ်ရမှာ မဟုတ်ဘူးနော်
မင်းရဲ့ ချစ်သက်တမ်းကို
ဘယ်သူမှ မခန့်မှန်းနိုင်အောင်
အပြောင်းမြန်လှပါတယ်
ဒါက မင်လေးရဲ့ (ကိုယ်ပိုင် အရည်အခြင်း)
ရပ်လိုက်ပါတော့ တော်ပါတော့
မော်ကြွားနေထိုင်မှုက
မင်း ဘ၀ ကိုလက်မှိုင်ချရအောင်
ဖြစ်သွားမှာစိုးလို့ပါ ။

ချစ်သူတစ်ဥိး အလိုရှိသည်

ချစ်သူတစ်ဥိး အလိုရှိသည်
ကောင်မလေးတွေသိပ်မငေးနဲ့
ပြီးတော့လည်းလေ
အိပ်ပျက်စရာကဗျာလျော့ရေး
အရက်ဆေးလိပ်သိပ်မသောက်နဲ့
တီဘီကင်ဆာ ဖျားနာခေါင်းကိုက်
တစ်ခုခုဖြစ်ရင်စိတ်ညစ်ရမှာ
ဒီကသိလား…ဒါပဲနော်
သူများစကားနားမထောင်ရင်
သံယောဇဉ်တွေဖြတ်ပစ်လိုက်မယ်
အနမ်းပွင့်တွေရုတ်သိမ်းပစ်မယ်
သုံးလေးရက်လောက်စိတ်ကောက်လိုက်မယ်
ဤသို့..ဤသို့
ချစ်မိန့် ချစ်သံ ချစ်ရာဇသံများ
ဟန်ပန်မူရာပိုင်နိုင်စွာနဲ့ပြောကြားတတ်သူ
ချစ်သူတစ်ဦး “အလိုရှိသည်”
မှတ်ချက်…….၁၈ နှစ်ထက်မငယ်ရ
၂၅ နှစ်ထက်မကြီးရ

သိပ်ချစ်လို့

သိပ်ချစ်လို့
ငါ့ရင်ထဲမှာ
မင်းကိုမေ့ဖို့
မင်းကိုမလွမ်းဖို့
မင်းကိုသတိမရဖို့
မင်းအသံကြားရင်
ရင်မခုန်အောင်လို့
မင်းရဲ့အသံမှာ
မနစ်မမျောဖို့
မင်းပေးတဲ့အိပ်မက်မှာ
ငါမမျှော်လင့်ဖို့
အိပ်မက်ထဲ
မင်းမလာဖို့
မင်းပေးတဲ့အလွမ်းမှာ
ငါမခံစားဖို့
မင်းရဲ့အသံနဲ့ငါမသိအောင်
နှလုံးသားကို ဖဲ့မယူဖို့
ငါ့ကိုယ်ငါမညာဖို့
ပြီးတော့
ငါမင်းကိုမချစ်မိအောင်လို့
ငါ့နှလုံးသားကို ငါ စတေးရဦးမယ်။ ။

အချစ်နှင့်ကဗျာအပိုင်းအစ

အချစ်နှင့်ကဗျာအပိုင်းအစ
ကဗျာ ၁၊ကမ္ဘာမြေဆုံးတိုင်
မျက်လုံးခြင်းဆုံ ရင်ခုန်စွာဖြင့်
ဒီရင် အသဲ စွဲမြဲစေကွယ်
သွေဖယ်ခြင်းတို့  နိဂုံးချုပ်ကို
ငါ့….ရင်မှာစွဲ..
ရပ်စဲအောင်လို.
မင်းကစေစား…ထိုသို့ ဆိုစေ
ဆင်ခြေများကို နှစ်မြုပ်…
ဂုတ်သွေးစုပ်လဲ…
ကမ္ဘာ မြေဆုံးတိုင်
ခံယူသွားမယ်…
ကဗျာ၂ ။ပျောက်ဆုံးခြင်း
မေးခွန်းတွေ ပြည့်နှက်နေလဲ
လိုချင်တာ အဖြေတွေမဟုတ်ခဲ့ဘူး …
စကားလုံးတွေ အပြည့်ရှိနေလဲ
ဖြေရှင်းချက်တွေ အထင်မခံချင်ဘူး …
ကိုယ်မကျူးလွန်တဲ့ အမှားတွေအတွက်
ဒဏ်ခံခတ်ရဖန်များလာတော့
အားနာခြင်းဆိုတဲ့ ဝေါဟာရ
ငါ့သမိုင်းထဲက ပျောက်ကွယ်သွားတယ် …
ကြာပါပြီ ..ဒီလိုနဲ့ပဲ …
ငါလဲ ငါမဟုတ်တော့တာ
နေ့ ရက် များစွာ ကြာနေပြီ …..
ကဗျာ ၃ “တကယ်လို့များ … တစ်နေ့မှာ …”
တခါတလေ
ဘာမှမဟုတ်တဲ့ မာနဆိုတာတွေ
ခဏလောက်ဘေးဖယ်ထားပြီး
မင်းကို အပြေးလာတွေ့ချင်မိတယ် ……
ဘယ်လိုမှ ပြန်ဆက်လို့မရနိုင်တော့တဲ့
အပြီးသတ်ဇာတ်လမ်းတစ်ပုဒ်လို့
ဘယ်သူကသတ်မှတ်လိုက်တာလဲ
တကယ်ဆို ..
အတ္တကိုယ်စီရှိကြတာမှန်သလို
အလေးအနက်ထားချစ်ခဲ့ဖူးတာလဲ
အသေအချာပဲ မဟုတ်လား …….
ပြန်လာခဲ့ပါလို့
ဘယ်တော့မှ ကိုယ်ကစ
တောင်းပန်မိမှာမဟုတ်ပေမဲ့
ယောင်ယောင်နိုးတဲ့ ညတိုင်းမှာ
ရှိနေကျ မင်းအရိပ်တွေကို
ပြန်ရလိုရငြား
အားကိုးတကြီး တောင့်တမိပြန်တယ် ………
နုပျိုခြင်းရဲ့အနှစ်သာရကို
အိုမင်းရင့်ရော်ချိန်ကျမှ နားလည်တယ်တဲ့ ..
ကျန်းမာခြင်းရဲ့ တန်ဖိုးကို
နေထိုင်မကောင်းဖြစ်မှ ပိုသိလာတယ်တဲ့ ..
မင်းအနားမှာ …
အဖြည့်ခံအဖြစ် ကိုယ်ရှိခဲ့ဖူးတာတွေကို
ပြန်လိုချင်လာတဲ့ တစ်နေ့ကျ
မင်းဘ၀မှာ …
အားငယ်ဝမ်းနည်းနေမိတာမျိုးနဲ့
တိတ်တခိုး ကိုယ့်ကို သတိရနေခဲ့တယ်ဆိုရင်
(ချစ်သူရယ်)
မ၀ံ့ရဲမှုတွေနဲ့ စိတ်ညစ်မခံပါနဲ့နော်
ကိုယ်လဲမင်းလိုပါပဲလို့
အတ္တကင်းစွာဝန်ခံဖို့
(မင်းကို) နေ့ရှိသရွေ့ ကိုယ်စောင့်နေမှာပါ …………..

အမုန်းစည်းလေးခြားမှာစိုးတယ်

အမုန်းစည်းလေးခြားမှာစိုးတယ်
မမြင်ရမတွေ့ ရလို့Cool
မလေးနက်ဘူးထင်လို့လား….
ပြောခဲ့တဲ့စကားတွေကို
မုသားဖက်တယ်ထင်လို့လား…
ရင်တွင်းကချစ်ခြင်းတွေကို
အတုအယောင်တွေလို့ ထင်လို့ လား…
အနေဝေးလို့ 
သွေးအေးသွားမယ်ထင်လို့ လား
သံသယတွေပိုကဲလာရင်
အမုန်းစည်းလေးခြားမှာစိုးမိတယ်…Kiss
နားလည်မှုလေးတွေနဲ့ 
အမုန်းမရှိတဲ့ကမ္ဘာလေးဆီလှမ်းချင်လို့ 
ဒို့ လက်ကိုမြဲမြဲကိုင်ထားစမ်းပါ…
ယုံကြည်မှုလေးတွေနဲ့ အပြုံးဆက်ပြီးလှမ်းမှာပေါ့
ဒို့ ရင်ထဲကလေးနက်တဲ့ချစ်ခြင်းက
မုသားဖက်တဲ့အတုအယောင်မဟုတ်တာမို့ 
အနေဝေးရင်သွေးအေးသွားဖို့ 
ဖြစ်နိုင်ပါ့မလား…စဉ်းစားလေ…
ဒီတစ်ခါ…အမှိုက်ကားလာရင်…
သံသယလေးတွေအရင်သွားပစ်လိုက်နော်….

လွမ်းတယ်..

လွမ်းတယ်..
သတိရတိုင်းမင်းပို.ထားခဲ့တဲ့
စာလေးတွေပြန်ဖတ်ရင်း
ငါကျေနပ်နေဆဲပါ
လမ်းခွဲခါနီးမင်းပြောခဲ့တဲ့စကားလေးတစ်ခွန်း
ငါမှတ်မိနေသေးတယ်
ဖြစ်နိုင်ရင်သူငယ်ချင်းလိုနေကြရအောင်တဲ့
ငါလက်ခံပေးခဲ့ပါတယ်
အခုတော့….
လွမ်းနေသူရင်ထဲမှာ
မွန်းကျပ်နေတဲ့စကားလေးတွေကို
သူငယ်ချင်းလေးအဖြစ်နဲ့တစ်ချိန်ကချစ်သူကိုပြောချင်ပါတယ်
ငါမင်းကိုတစ်ရက်မှမေ့လို့မရခဲ့ပါဘူး…………..တကယ်ပါ…
နင့်ကို
အချစ်ဆုံးလို့
သိလိုက်ရချိန်မှာ
ငါ့ဘေးမှာနင်မရှိတော့ဘူး…
တကယ်တော့ငါဟာ
အိမ်မက်တစ်ခုထဲက
လန့်နိုးလာသူပါ…
နင်ဟာငါ့ကို
ချစ်တတ်လာအောင်
သင်ပေးခဲ့သလို
ချစ်တတ်တော့မယ့်
အချိန်ရောက်တော့မှ
ငါ့အနားကခွဲပြီး
မုန်းတတ်လာအောင်လည်း
လေ့ကျင့်ပေးသွားခဲ့တယ်…
နင့်ကိုအပြစ်မတင်ပါဘူး
တကယ်တော့အပြစ်ရှိသူဟာ
နင့်ကိုချစ်မိခဲ့၊ချစ်သွားခဲ့တဲ့ငါပါ…
ဘယ်ဆီဘယ်မှာမသေချာတဲ့
ဆုံနိုင်ခွင့်တစ်ခုကို
မျှော်ကိုးရင်းတွေ့ကြဖို့ဆိုတာ
မဖြစ်နိုင်တဲ့အခါ
ငါ့အတွက်တော့
မင်းဓာတ်ပုံလေးကသာ
အလွမ်းပြေစရာပါ။
၁ယောက်ထဲပါ။
၂ယောက်မရှိပါဘူး။
၃သုံးနေကျစကားမဟုတ်လို့ပါ။
၎စားပေးပါ။
၅ရင်ထဲကိုဝင်ကြည့်ပါလား။
၆ကပ်နေတယ်။
၇ရက်ပတ်လုံးမင်းကိုလွမ်းလို့…
မင်းကိုသိပ်ချစ်ခဲ့တာကိုတော့ယုံပေးပါကွာ။

ခဏလေး

ခဏလေး
တကယ်ကိုခဏလေးပါပဲ
ဆုံတွေ့ခဲ့ကြတဲ့အချိန်တိုလေးအတွင်းမှာ
တစ်ဦးနဲ့တစ်ဦးချစ်ခဲ့ကြတယ်..
မှတ်မှတ်ရရ
တကယ့်ကိုမှတ်မှတ်ရရလေးတွေပါပဲ
ချစ်ခဲ့ကြတဲ့အတိုင်းအတာတစ်ခုမှာ
ငါပျော်ရွှင်ခဲ့ရတယ်။
ရက်စက်မှု
တကယ်ကိုရက်စက်မှုလေးပါပဲ
ပျော်ရွှင်နေတဲ့ငါ့ဘ၀ကို
ကံကြမ္မာမုန်တိုင်းထန်ခဲ့တယ်
ခါးသီးမှု
တကယ့်ကိုခါးသီးမှုတွေပါပဲ
ကံကြမ္မာမုန်တိုင်းရဲ့အောက်မှာ
တို့နှစ်ယောက်လမ်းခွဲခဲ့ရတယ်
တိတ်တိတ်လေး
တကယ့်ကိုတိတ်တိတ်လေးပါပဲ
လမ်းခွဲကြရတဲ့အချိန်လေးမှာ
အလွမ်းဝေဒနာတွေနဲ့ငါ့ရင်မှာဗလောင်ဆူခဲ့ရတယ်။

ပေးအပ်ပါရစေ

ပေးအပ်ပါရစေ
အနမ်းတွေ ပျိုးချခဲ့တဲ့ နေ့တုန်းက
ငါ….က သူရဲကောင်းကြီးပေါ့
ကမ္ဘာကြီး တစ်ခုလုံးလည်း လင်းပြလို့ပေါ့
ရင်ခုန်သံ တိုးဖွဖွမှာ ချစ်သူရယ်သံက
စည်းချက်သံ တချပ်ချပ် လိုက်တယ်..။
ကောင်းကင်ကြီးရယ်
လေညှင်းလေးရယ် ချစ်သူရယ်သံရယ်
ပြီးတော့ ခိုးကြောင်ခိုးဝှက် အနမ်းတစ်ချို့ရယ်
ပြီးပြည့်စုံခြင်းထက် ပိုမိုပြီး ပြည့်စုံ ခဲ့ပါတယ်။
အလင်းနှစ်ထက် လျှင်မြန်တဲ့
သတိရခြင်းတွေ တပွေ့တစ်ပိုက်ကြီးနဲ့
ချစ်သူကို လွမ်းရတာ
အာရုဏ်ဦးမှာ ပွင့်တဲ့ပန်းလို
မျှော်လင့်ချက်တွေ မွှေးမြလန်းဆန်းတယ်။
မြှားအစင်းပေါင်း ထောင့်ငါးရာ
တိုက်ရိုက်မှန်တဲ့ ရင်ဘတ်မှာ စူးနစ်ခဲ့ပြီး
နှလုံးသား တစ်ခုလုံးလည်း မိုးရွာချ ထားခံရသလို
စိမ်းလန်းဖူးငုံ တစ်လောကလုံး သာယာတယ်။
အပြာရောင်တွေ ရွှဲရွှဲစိုပြီး
ရင်ဘတ် တစ်ခုလုံး ဆေးကြောတဲ့နေ့
ရင်ခုန်သံ တစ်ခုလုံးက
လင်းမြတုန်ခါပြီး စိုတောက်နေခဲ့တယ်
ချစ်ခြင်းတို့ ပွင့်တဲ့အချိန်
ဗီးနပ်စ်တောင် ပါးစပ်အဟောင်း သားနဲ့ပေါ့။
မပျိုးပဲ ရွာချခဲ့တဲ့ မိုး
မငြိုးပဲ ဒဏ်ရာတွေ မပေးပါနဲ့လား
စံပယ်ရဲ့ ဖြူစင်ခြင်းမျိုးနဲ့
ငါ့ဘ၀ တစ်ခုလုံး မင်းလက်ထဲ အပ်ခဲ့ချင်တယ်။

လမင်းလေးရဲ့ ဘဝ

လမင်းလေးရဲ့ ဘဝ
နေမင်းကြီးရှိခဲ့လို့ လမင်းလေးဆိုတာဖြစ်ထွန်းလာခဲ့တယ်ဆိုတာသိခဲ့ကြပြီးသားပါ
နေမင်းကြီးမရှိရင်လမင်းဆိုတာလည်းရှိလာမှာမဟုတ်ပါဘူး
နေမင်းကြီးကတော့ နေ့တိုင်းထွန်းလင်းတောက်ပနေမှာပါ…
လမင်းမှာတော့ နေမင်းကြီးရဲ့ အလင်းရောင်မပေးတဲ့ရက်မှာတော့ လမိုက်ညဖြစ်ခဲ့ရပါပြီ…
အဲ့ဒီနေ့ကို လမင်းလေးလိုချင်နေမယ်ထင်ကြသလားဗျာ….
လူတွေသတ်မှတ်လို့ လမိုက်ညလည်းရှိခဲ့ပြီပဲ..
လမင်းလေးဘ၀မှာ..ဘယ်လောက်အားငယ်နေမလဲဗျာ
လမင်းလေးက နေမင်းကြီးကို…..ဘ၀အဖြစ်သတ်မှတ်ခဲ့တာလေ…
နေမင်းကြီးကိုမျှော်လင့်နေတာ…..မှားနိုင်သလားဗျာ…

ဒီည………

ဒီည………
မခံနိုင်တဲ့  ဒီအသည်းကိုပဲ
စကားလုံးတွေနဲ့  နင်ဖဲ့ ဖဲ့ ခြွေတယ်
ယဲ့ ယဲ့ လေးကျန်တော့တာတောင်
နောက်ဆုံးပြောလိုက်တဲ့  စကားတခွန်းကို
သဲ့ သဲ့ လေး ကြားလိုက်သေးတယ် ငါနင့်ကိုမချစ်ဘူးတဲ့ ……….။
ဒီည..
ဒီစိတ်နဲ့  အိပ်မရတာခဏခဏပါပဲ
သန်းခေါင်ထက်ညဥ့်မနက်တော့ပါဘူး
အခုကြည့်လေ ဒီကဗျာကို ရေးနေတာ ည ၁၂ နာရီကျော်နေပြီ
အားလုံးအိပ်နေချိန်မှာ လွမ်းတဲ့ စိတ်လေးတရေးနိုးလာတယ်
ပြီးတော့ ဒီကဗျာလေးကို ရေးဖြစ်တယ်
ငါ့စိတ်တွေလေ လွင့် နေတာမဟုတ်ဘူးနော် နင့်ဆီကိုရောက်နေတာ………..။
ဒီည…..
ဒီကဗျာလေးသာ နင်ဖတ်ဖြစ်မယ်ဆိုရင်
ငါ့အိပ်ပျက်ညတွေက မပြောပလောက်ဘူး
တစ်လောကလုံးမှာ တစ်ယောက်သောသူကို ရည်ရွယ်တယ်
နောက်တစ်ယောက်ဆက်ချစ်မရတဲ့ အတွက်
ဒီညမှာဒီကဗျာလေးနဲ့ ပဲသစ္စာဆိုလိုက်တယ်
ငါနင့်ကိုအရမ်းချစ်ခဲ့ တယ်ကောင်မလေးရယ်………………..။

မုန်းလို့ ရပီ

မုန်းလို့ ရပီ
အနေဝေးတော့
ကလေးအမေတွေတောင်သွေးအေးကြသတဲ့ 
နင်သွေးအေးသွားတာလည်း မထူးဆန်းတော့ပါဘူး
ယုံလို့ မရတဲ့ သူတွေထဲ နင်ကအရှေ့ ဆုံးကဆိုတာငါအစကမသိခဲ့ ဘူး
ငါကလည်းတကယ်ကိုအကန်းကောင် နင်ပြောတာအကုန်ယုံခဲ့ တယ်………။
ချစ်တယ်ဆိုတဲ့  ရထဲကမပါတဲ့ 
စကားလုံးတွေနဲ့ နင်နုတ်ဖျားကအကြိမ်၁၀၀ မကပြောခဲ့ တယ်
ငါနင့်ကို ချစ်တယ်လို့ တခွန်းပဲပြောခဲ့ ဖူးတယ်
တသက်လုံးအတွက် အဲဒီတခွန်းတည်းနဲ ပဲနင့်ကိုငါချစ်ပြခဲ့ တယ်……………။
လွမ်းလို့ မျက်ရည်ကျတာတောင်
ယောင်္ကျားမပီဘူး ပြောချင်ပြောလေ
နင်အသည်းမာပေမယ့် ငါ့အသည်းမမာနိုင်ဘူး
အသုံးမကျတဲ့ ငါ့နှလုံးသားက
နင်တယောက်တည်းကိုမှချစ်မိတယ်
နှလုံးသားမလှတဲ့  နင့်ကို ငါအရှုံးပေးပြီးချစ်ခဲ့ တယ်
နင်ငါ့လိုမခံစားရပါစေနဲ့  နေမြင့်လေအရူးရင်လေ လည်း မဖြစ်ပါစေနဲ့ 
ဒီကဗျာကို နင်ဖတ်ပြီးရင်တော့ ငါ့ကိုမုန်းလို့ ရပြီ……………..။

ချစ်သူအတွက်

အလွမ်းသီချင်းတွေနဲ့  လမ်းဘေးထိုင်ပီး သီချင်းဆိုဖို့ လဲမရှိတော့ဘူး
ငါဟာ အရွယ်ရောက်လာပီ……..
ငါ့သူငယ်ချင်းတစ်ယောက် မတောက်တခေါက်နဲ့ 
၁၈ နှစ်လောက်မှာ အိမ်ထောင်ကျသွား
သူအရမ်းပျော်နေမိလေသလား….
အိမ်ထောင်သက် ၆နှစ်ထက်ကျော်
အမျှော်အမြင်မရှိ သူယူမိလေပြီတဲ့ ….(နောင်တစကား).
why???? လို့ မေးတော့…………
မရိုင်းမယဉ် နှိုင်းယှဉ်ဖြေလိုက်တာက
ရင်သေွးရလို့  အဖေဖြစ်
အခြေမနှစ်မရှိတော့မျက်နှာငယ်
ရှက်စရာလူ့ အလယ်မှာ သူသားကိုကျောင်းထား
ခေါင်းစားရပါလားတဲ့ …….
ကျန်းမာရေးက မကောင်း
ဘယ်သူဆီမှလက်ဖြန့် တောင်းလို့ မရဘူးတဲ့………….
သားအတွက် ခဲတံနဲ့ စာအုပ် အလုပ်လုပ်လို့ သူဝယ်
သူတကယ်(သူငယ်ချင်း)မလွယ်ဘူးတဲ့။
ကြိုးစားလို့ လှုပ်ရှား တစ်နေ့ လုပ်မှတစ်နေ့ စား
သူ့ မယားကညိုငြင် သူ့ ရင်ခွင်ဟာလောင်ကျွမ်းခဲ့ ပြီ။
ရှေ့ ရေးကိုမျှော်မတွေး ခဏလေးအတွက်သာယာ
ဘာဆိုဘာမှ အစီအစဉ်ချမထား သူ့ သားအတွက်ဘယ်ရင်အေးရမလဲ……
မပြည့်စုံပဲနဲ့ မိန်းမယူ ငါ့သူငယ်ချင်းနည်းတူ
မင်းတို့ မဖြစ်ဖို့  ကြိုးစားလို့ အားထုတ်
ငွေသိန်းရာထုပ်ကို မိဘတစ်ဝက် ကိုယ်တစ်ဝက်နဲ့ 
ရှာဖွေကြိုးစား စီးပွားရမှ မင်းနဲ့ ငါ လက်ထပ်မယ်ချစ်သူ။
ငါ့သူငယ်ချင်းလို အချစ်ကိုရှေ့ တန်းတင်
အများအမြင်မှာတော့ အချစ်သူရဲကောင်း
စာဗူးတောင်းငှက်လောက်မှ တင့်တယ်အောင် အိမ်မဆောက်နိုင်ရင်
မင်းလဲ ငါ့ရင်ခွင်ထဲ ခိုဝင်ဖို့  ခွင့်မပြုနိုင်သေးဘူးချစ်သူ….
မိဘကိုဦးထိပ်မှာထား ချစ်သူကိုနှလုံးသားမှာထား
အလုပ်များစွာနဲ့  ကိုယ့်ဘ၀ကို ၂နှစ်လောက်တော့သည်းခံ ပီးစောင့်ပေးဦးနော်
ကြိုးစားလိုက်ဦးမယ်………………………………..။

မင်းကိုပျော်စေချင်ခဲ့ ငါ

မင်းကိုပျော်စေချင်ခဲ့ ငါ
အခုတော့လေ…..မင်းအတွက် အပျော်ဆိုတာတွေ
ငါနောက်ထပ် မဖန်တီးချင်တော့ဘူး
ငါနဲ့ ဝေးခဲ့ပြီးနောက်
မင်းပျော်နေချိန်တွေတဒင်္ဂမှာ
အပျော်တွေ ပျောက်ရှသွားခဲ့ရင်
အရင်ဆုံးဝမ်းနည်းရမှာ ငါပါ ။
မင်းပြန်ချစ်ချိန်တွေ မျှော်လင့်တောင့်တနေတဲ့ ငါ
အခုတော့လေ…..မင်းပြန်မချစ်ခဲ့တာ ကောင်းပါတယ်လို့ 
ငါ လက်ခံနိုင်ခဲ့ပြီ
ငါတို့ နှစ်ဦးသား သံယောဇဉ်ရဲ့ နှောင်ဖွဲ့ ခြင်းအောက် တမ်းတခြင်းကြုံလာတိုင်း
မင်း ပူဆွေးမိရင် အရင်ဆုံးနာကျင်ရမှာ ငါပါ ။
မင်းနဲ့ ဆုံတွေ့ ချင်တဲ့ ငါ
အခုတော့လေ…..ကြုံဆုံလာမှာ
ငါ ကြောက်နေတတ်ပြီ
ဆုံတွေခြင်းနောက် ခွဲခွဲချိန်တွေတိုင်း မင်းမျက်ရည်စတွေ ပေါ်လာခဲ့ရင်
အရင်ဆုံး ရှိုက်သံတွေက နှလုံးသားဆီမှာ
ပဲ့ တင်ထပ်နေမှာ ငါပါ ။
ငါလေ….
မပြောင်းလဲ မဟောင်းနွမ်းပဲ အနက်ရှိုင်းဆုံးနေရာလေးမှာ
မင်း အပေါ်မှာချစ်ခဲ့တာတွေ သိမ်းဆည်းရင်း
တိတ်ဆိတ်စွာနဲ့  ကျောခိုင်းပါရစေ….
ဘာကြောင့်လဲဆိုရင်…..
ငါ့ အတွက် မင်းကိုချစ်ခဲ့ခြင်းက
ငါကိုယ်တိုင် ဝေခွဲမရနိုင်တဲ့ အဖြစ်တွေ နေရှိခဲ့လို့ ပါ ။

ချစ်သူ

ချစ်သူ ရဲ့
အပြုံးတစ်ချက်ကို မြင်ရဖို့အရေး
ငါ..တိတ်တိတ်လေး ထိုင်ငေးခဲ့ဘူးတယ်…….။
ချစ်သူ
ပြုံးလိုက်တိုင်း
ပန်းကလေးတွေ ငိုသွားသလို
ငါ့ ရင်ထဲ မြတ်နိုးခြင်းတွေက
ပြိုကြတော့မယ့် မိုးတိမ်စိုင်တွေလိုပေါ့…….။
ဖြူစင်ကျော့ရှင်းတဲ့
ချစ်သူရဲ့ လှပခြင်းတွေကို
ကဗျာမှာ ရေးဖွဲရင်း
ငါ… တိတ်တိတ်လေး ချစ်ခဲ့ခြင်းတွေနဲ့………….။
နှလုံးသားရဲ့ နှိုးစက်က
ငါ့….ညတွေကို အိပ်ပျက်စေခဲ့ပြီ……
ချစ်သူလာမယ့် လမ်းမှာ စောင့်မျှော်ရင်း
ငါ့……..ရင်ထဲမှာ
တိတ်တဆိတ် ရူးသွပ်နေခြင်းတွေ………..။
မမြင်ရတဲ့ တစ်နေ့တာမှာ
တစ်သက်တာအတွက် စိတ်အစဉ်
ကြည်လင်မှု မရှိပဲ
တမ်းတမှု နေ့စွဲတွေကို အဖြေရှာရင်း
ငါ…. တိတ်တိတ်ကလေး လွမ်းတတ်ခဲ့ ခြင်းတွေနဲ့…………။
ငါ….
မထင်မိခဲ့ပါဘူး
ဖြူစင်လွန်းတဲ့ မျက်ဝန်းက
မာယာတွေနဲ့ အရောင်စွန်းထင်းနေမှန်းကို………..။
နင့် သတင်းတွေ ကြားချိန်တိုင်း
ငါ့ နားတွေ ထိုင်းသွားချင်တယ်………
နင့် အကြောင်းကို တွေးမိရင်
ဘာမှမသိအောင် ရူးသွားချင်တယ်……
ငါ့ရဲ့ မျက်ဝန်းမှာ
မျှော်လင့်ချက်အလင်း ရောင်တွေအစား
မျက်ရည်များ အစားထိုးလာရင်
ထာဝရ အတွက် ကန်းသွားချင်တယ်………..။
ကောင်မလေးရေ…….
တိတ်တိတ်ကလေး ချစ်ခဲ့တယ်….
တိတ်တိတ်ကလေးပဲ လွမ်းခဲ့တယ်……
နောက်ဆုံး….
တိတ်တိတ်ကလေးပဲ နင့်ကိုမုန်းလိုက်တယ်……….။

နင်ပြန်မလာတော့တဲ့ 

နင်ပြန်မလာတော့တဲ့ 
ငါ့ရင်ခွင်ဟောင်းတနေရာမှာ
ဘယ်သူ့ ကိုမှ အစားထိုးလို့ မရခဲ့ ပါဘူး
ငါ့နှလုံးသားတခါးကို သော့ပိတ်
တိတ်တိတ်လေး အိပ်နေခဲ့ တယ်………..။
ငါ့ရင်ခုန်သံက တစ်နှစ်ကိုတခါခုန်တယ်
တခါခုန်တိုင်း ခက်ထားတဲ့ သော့ချက်တွေပျက်စီးကုန်တယ်
နင်အဖြေပေးခဲ့ တဲ့  နေ့လေးရောက်တိုင်း
နှစ်တိုင်းတစ်နှစ်တခါခုန်ခဲ့ တယ်
တချို့ နှစ်တွေဆို ငါ့ရင်ခုန်သံက
ငါ့အသက်ကို တောင်ရန်ရှာစေခဲ့ တယ်
အဓိကသော့ချက် က နင့်ကိုအပိုင်းပေးထားတော့
နင့်ကလွှဲပြီး ဘယ်သူမှ ငါ့နှ လုံးသားတခါးကို ဖွင်မရခဲ့ ဘူး…………..။
နင့်ကို ဘယ်လောက်ထိချစ်မှာလဲလို့  ပြောမပြချင်ဘူး
ဘယ်လောက်ထိမြတ်နိုးလဲဆိုရင်တော့
ဒီကမ္ဘာမှာငါအမြတ်နိုးဆုံးအရာက
နင်ပါလို့ ပြောပြီးငါ့ရင်ဘက်ထဲက နင့်ကို ပြလိုက်မယ်
ဘယ်လောက်အထိတန်ဖိုးထားလဲမေးခဲ့ တော့
တန်းဖိုးဖြတ်လို့ မရအောင်ကို တန်ဖိုးထားပါတယ်
ဘယ်လောက်အထိပေးဆပ်မလဲမေးရင်တော့
နင်လိုချင်သမျှ ပေးဖို့ အဆင့်သင့်ပါ
ဘယ်အချိန်ထိချစ်နေမှာလဲလို့ မေးဦးမလို့ လား
ငါ့ခန္ဒ္ဒာ မြေကျတဲ့ အထိချစ်နေမှာပါချစ်သူရယ်…………………………။

ကောင်မလေး

နင်နဲ့ ငါကြား
စကားလုံးတွေဆင့်ပွား မှားခဲ့ရတဲ့အတွက်
တစ်ကြိမ်တစ်ခါ မက အကြိမ်ကြိမ်အခါခါ
ငါတောင်းပန်ချင်တယ် …….
နင်မချစ်တဲ့ ငါ
နင့်ကိုမှအချစ်ဆုံး ငါ
နင့်ရဲ့ …
ဥပက္ခာဆိုတဲ့ အမုန်းကြားမှာ
ငါလေ ခံနိုင်ရည်တွေ မရှိလို့ ပါ …..
ပြန်လာခဲ့ပါနော်
နင်နဲ့ ငါ
အရင်လိုစကားလေးတွေကြား
ငါလေမမှားရအောင် ပြင်ပါ့မယ် ……
နင်ရှိမှနေပျော်တဲ့ ငါ့ဘဝ
အရင်လို မခင်ချင်တော့ရင်တောင်
ဧည့်သည်အဖြစ်နဲ့ 
နင်ခဏလေးဖြစ်ဖြစ်
ပြန်လာခဲ့ပေးပါလား
နင် ငါ့ကို ကျောမခိုင်းလိုက်ပါနဲ့ နော်…..

ကောင်မလေးရယ်…..

ကောင်မလေးရယ်…..
အချစ်ဆိုတာက………..
ပေးတိုင်လည်း ယူလို့ မရသလို
ယူချင်နေလည်းပေးလို့ မရတာတွေရှိတယ်
ပေးတိုင်းလည်း လက်ခံလို့ မရတဲ့ အခြေနေတွေလည်းရှိသေးတယ်………..။
ပေးဆပ်သူနဲ့ လက်ကခံသူ
နားလည်မှူရှိဖို့ က အဓိကကျတယ်
အရင်က ငါမှားခဲ့ တယ်ငါ့နှလုံးသားရဲ့ စေညွှန်ရာကို
ငါ့ဦးနှောက်ကလိုက်လုပ်ပေးနေတော့ ငါလေ
မချစ်သင့်တဲ့ သူကိုချစ်မိပြီး ချစ်သင့်တဲ့ သူကိုတော့မျက်ကွယ်ပြုမိတယ်………..။
အခုလေငါ့နှလုံသားတခါးအမြဲဖွင့် ထားတယ်
ဒါပေမယ့်ငါ့နှလုံးသာကး ငါ့ဦးနှောက်အောက်ကိုရောက်သွားပြီ
ငါ့ဦးနှောက်ကစဉ်းစားပြီး နှလုံးသားကိုပြန်ပြီးစေညွှန်နေတယ်
ဝင်ချင်တဲ့ သူဝင် ထွက်ချင်တဲ့ သူထွက် အချိန်တော့
ငါ့ဦးနှောက်ကစဉ်းစားပြီး အားလုံးကို CANCEL လုပ်ပစ်လိုက်တယ်
ငါအခုနှလုံးတခါးဖွင့်ထားတယ် ဘယ်သူဝင်ရဲသေးလဲ
ဝင်လာသူအားလုံး CANCEL လုပ်ပစ်လိုက်မယ်…………………………….။

ကောင်မလေးအတွက်

ဝေးကြ ပြီဆိုမှတော့
ဘယ်ခေါင်းစဉ်တပ်ပြီး
ဘာစာတွေပဲရေးရေး
ရင်နာခြင်းတွေနဲ့ 
အလွမ်းတွေပဲပြည့်နေပါတယ်ချစ်သူ………………….။
ခိုင်မာခဲ့တဲ့ တွဲလက်တွေ
ကွဲအက်မသွားတော့ဘူးလို့ 
ယုံကြည်လာခဲ့ပြီးမှ
ခေါင်းစဉ်ရှာ မရတဲ့ပြဿနာတွေနဲ့ 
ရှင်းမရအောင် ရှုပ်လာခဲ့ရတယ်…………………………………။
အမုန်းတွေဆို အရှုံးတွေပို
အပြုံးတွေငိုလာတဲ့
မျော်လင့်ချက်မနက်ဖြန်တွေအကြောင်း
ငါမစဉ်းစားချင်တော့ဘူး……………………………..။
ပေးလိုက်တဲ့စာနဲ့  ရလာတဲ့သတင်းတွေက
အတင်းတွေမဟုတ်ဘူးဆိုတာ
နင်ကိုယ်တိုင်ရေးလာတဲ့စာရမှ
ငါယုံကြည့်လိုက်တော့တယ်…………………………………….။
လမ်းအတူလျှောက် ၊ ဈေးအတူရောက်
ငါတို့ ရဲ့မျော်လင့်ခြင်အိမ်မက်တွေကိုခေါက်ပြီး
ဘ၀ပန်းခင်းကိုပျော်ပျော်ကြီးနင်း၇ဲနေမှတော့
ငါဘက်ကအယူခံဝင်နေလည်း
ပယ်ချခံနေရမှာသိနေပြီလေ
သေမိန့် ပေးခံထားရပြီး
မျော်လင့်ချက်ပျောက်သွားတဲ့
ဘ၀ကိုငါမလိုချင်ပဲရောက်နေမှတော့
ဖူးမျှော်ခွင့်လာ မတောင်းတော့ပါဘူး…………………………………..။
ဇာတ်လမ်းတွေဘယ်လိုဆင်ရေးရေး
စာရေးသူတစ်ယောက်ရဲ့ နောက်ကွယ်က
အတ္တကတော့ပါလာစမြဲပါပဲ
ဝေးကွာခြင်းဆိုတဲ့ ဒုက္ခကို
နင်မခံစားနိုင်မှတော့
တွေ့ ရာလူနဲ့ သာယာနေတတ်တာ
အဆန်းဟုတ်တော့မယ်မထင်ပါဘူး………………..။
နင်ခိုင်းနှိုင်း ပြတဲ့ဥပမာတွေထဲမှာ
မိန်းမကောင်းမိန်းမမြတ်အင်္ဂါ
တစ်ခုမှငါရှာမရဘူး
မိန်းကလေးဆိုတာလက်သာယာမှနေချင်တာ
အနေနီးစပ်လို့ ဖြစ်သွားတယ်ဆိုတာတွေ
ရှိတော့ရှိနေပါတယ် ကြားလည်းကြာဖူးပါတယ်…………………….။
ဒါပေမယ့်လည်း ယောက်ျားသေသွားလို့ 
နောက်လူအစားမထိုးဘဲ
ဘ၀ကို မာန်မာန အပြည့်နဲ့ ရဲရဲ ရင်ဆိုင် လျှောက်လှမ်းနိုင်တဲ့
သစ္စာရှင်မိန်းမမြတ်တွေလည်းရှိနေပါသေးတယ်……………………..။
အနှိမ်ခံဘ၀နဲ့ လူမျိုးရေးခွဲခြားတဲသူဌေးတွေက
ငါတို့ ဘ၀ကို နေ့ စဉ်သာယာမှုမပေးဘူးလေ
ပညာတော်သင်သွားတဲ့သူတွေလိုတော့
နေ့ စဉ်စာရေး ဖုန်းဆက်မမေးနိုင်ခဲ့တာ
ငါ့ဘ၀ရဲ့ ဆိုးရွားလှတဲ့ ကံပေါ့……………………………..။
တကယ်တော့ အချစ်ဆိုတာ
အနေနီးခြင်းဝေးခြင်းကြောင့်
အရောင်တွေပြောင်းတတ်မှန်း
ငါအခုမှပဲသိရတယ်
သစ္စာဖောက်တယ်သိနေမှတော့
ဘယ်ခေါင်းစဉ်တတ်ပြီး ဘာအကြောင်းမှ လာမရေးပြပါနဲ့ ……….။
တကယ့်ဘ၀ဆိုတာက
နင်ကြည့်ဘူးတဲ့ ကိုရီးယားကားတွေလို
နင်ကြားဘူးတဲ့ အာဇာနည်သီချင်းလို မဟုတ်ဘူးဟ
ခွင့်ပြုတယ် ခွင့်လွတ်တယ်ကို ငါမခံစားတတ်တော့
သေလောက်အောင် ချစ်နေမိလည်း
ဒီဘ၀ ဒီမျှနဲ့ ပဲ ရှိပါစေ………………………………..။

ချစ်သူအတွက်

ဘာကြောင့်မှန်းရယ်မသိနင့်အကြောင်းပဲတွေးနေလို့
ဘာ့ကြောင့်မှန်းရယ်မသိနင့်စကားများကြားယောင်တုန်း
နင်မချစ်တော့ဘူးဆိုမှငါပိုတိုးလို့ချစ်နေသလို
အရာရာပြီးလွန်သွားကာမှငါပြန်စခွင့်ရချင်သလို
ခွဲခွာခြင်းကိုငါလေသတိမထားမိသေးခင်နှုတ်ဆက်ခြင်းကိုခံနိုင်ရေအားမရှိသေးခင်
နင်ထားသွားခဲ့ပေမဲ့ငါတစ်ခုတော့ပြောချင်တယ်
ငါလေနင့်ကိုချစ်တုန်းပဲငါလေဟိုးအရင်ကအတိုင်းပဲ
နင်ယူသွားတဲ့ငါ့ရဲ့နှလုံးသားနေရာကွက်လပ်ဖြစ်နေဆဲ
ဟိုအရင်ကငါချစ်ဖူးတဲ့နင်ကပြောင်းလဲလို့သွားလဲ
ဟိုအရင်ကနင်ချစ်ဖူးတဲ့မိန်းကလေးငါဟိုးတုန်းကလိုပဲမပြောင်းလဲ…
ငါ့အိပ်မက်တွေထဲနင့်အကြောင်းတွေခဏခဏမက်နေလို့
နင်ဘာဖြစ်လို့များပါလဲငါအဝေးကစိတ်ပူလို့
မဆိုင်တော့မှန်းငါသိနေလဲတို့တစိမ်းတော့မဖြစ်ချင်လို့
တခါတလေလမ်းမှာတွေ့ရင်လဲနင်အမုန်းတို့ကြည့်ပါဆို
ငါ့စိတ်ထဲမှာဘယ်လိုမှမပြတ်သေးပဲ
လူတွေပြောနေကျတယ်ငါတကယ်အချစ်ရူးတဲ့
နင်နောက်တခေါက်လှည့်လာလဲငါလေခေါင်းညိတ်မိမှာပဲ
ငါလေနင့်ကိုချစ်တုန်းပဲရင်မှာဟိုးအရင်ကအတိုင်းပဲ
နင်ယူသွားတဲ့ငါ့ရဲ့နှလုံးသားနေရာကွက်လပ်ဖြစ်နေဆဲ

ချစ်သူအတွက်

လောကကြီးရဲ့မျက်နှာပေးခံရသူမဖြစ်ချင်ပါ
နွေးထွေးတဲ့မင်းချစ်ချင်းတွေကိုသာ
တပ်မက်စွာငါရူးသွပ်တယ်
တန်ခိုးအာဏာစည်းစိမ်တွေမလိုချင်
ကြည်လင်တဲ့မင်းမျက်ဝန်းလေးပဲ
အမြဲတမ်းငေးခွင့်ရချင်တယ်
ကမာကျော်သူရဲကောင်းငါမဖြစ်ချင်
မင်းလက်ဝါးလေးကိုသာ မလွတ်တမ်းဆုပ်ကိုင်ခွင့်ရမယ့်
သာမန်အညတရလေးပဲငါဖြစ်ချင်တယ်
ဘယ်သူအကြင်နာမှမတပ်မက်ချင်
မင်းရင်ခွင်မှာမှေးစက်ခွင့်လေးသာ
ငါလိုချင်တယ်မျှော်လင့်တယ်
ဘ၀မှာဘာကိုမှမမက်မောပါ
မင်းနဲ့ငါရဲ့တွဲလက်တစ်စုံ
ထာ၀၇ခိုင်မြဲဖို့အရေးငါအတွက်တော့
မဟာအခွင့်အရေးပါပဲ
ချစ်သူရယ်

ချစ်သူအတွက်

ချစ်သူအတွက်
ကိုယ်ကမင်းရဲ့ နေမ၀င်အချစ်မဟုတ်ခဲ့ရင်တောင်
ဆည်းဆာချိန်လေးမှာ ရပ်တန့်နေပါရစေ
မင်းရဲ့ကောင်းကင်တစ်ခု မဖြစ်ခဲ့ရင်တောင်
မင်းကိုအရိပ်ပေးမယ့် တိမ်စိုင်းလေးတော့ဖြစ်ပါရစေ
မင်းဘ၀ရဲ့လမင်းကြီမဟုတ်ခဲ့ရင်တောင်
မင်းကိုလမ်းပြမယ့် ကြယ်တစ်ပွင့်တော့ဖြစ်ပါစေ
မင်းဘေး အချိန်တိုင်းနေခွင့်မရရင်တောင်
မင်းအနားက အရိပ်လေးတော့ဖြစ်ပါရစေ
မင်းအတွက် တောက်ပတဲ့အလင်း မဖြစ်ချင်နေပါ
မင်းအတွက်ဖရောင်းတိုင်လေးတော့ဖြစ်ပါရစေမင်းရဲ့အချစ်ဦးမဟုတ်ခဲ့ရင်တောင်
မင်းရဲအချစ်ဆုံးတော့ဖြစ်ပါရစေ
ချစ်သူ….မင်းကိုယ့်ကို
ချစ်ရင်ချစ်မယ် မုန်းရင်မုန်းမယ်
သနားရင်သနားမယ်
ရက်စက်ရင်ရက်စက်မယ်
မခန့်မှန်းနိုင်ပေမယ့်
ကိုယ်ကတော့
သစ္စာဆိုရဲပါတယ်
ကိုယ်မင်းကို သိပ်ချစ်တယ်

လက်တွဲဖော်ချစ်သူ

အနုမြူစစ်ကြီးဖြစ်မဖြစ်ထက်
ကိုယ်က မင်းပြန်ချစ်မချစ်ပဲ အရေးကြီးနေမိတယ်။
ကွန်မြူနစ်စနစ်ရဲ့ ကျဆုံးမှုထက်
ဘုံစနစ်နဲ့ မင်းကို မျှော်လင့်နေတတ်သူတွေကိုပဲ
စိတ်ညစ်နေမိတယ်။
သစ်ရွက်လှုပ်ရင်လည်းချစ်တယ်။
သက်ဆင် မရှိတော့ရင်လည်းချစ်တယ်။
ကိုယ့်နှလုံးသားကို မဲပေးသူမရှိလည်း
လမ်းမလွတ်ပေမယ့် နတ်ရဲတဲ့သစ်ပင်လို
ပေကပ်ရှင်သန်ရင်းချစ်တယ်။
လေးဖြူသီချင်း မဆိုတော့လည်း
ကိုယ်က မင်းကို ချစ်နေမှာပါပဲ
တို့မြို့လေးကို လူမုန်းများနေလည်း
ချစ်တယ်။
ဆူနာမီနဲ့နီးကပ် ..ကက်ထရီနာလို
အဆုံးရှုံးများစေတတ်လည်း ချစ်မယ်။
တင်မိုသီ မက်ဗေး ကွယ်လွန်ပြီးလည်း
ငါကမင်းကို ချစ်နေဆဲ။
မင်းကိုချစ်နေရမယ်ဆို
အမေရိကန်အမုန်းသမားလည်း ဖြစ်ချင်တယ်
အီရတ်က အသေခံဗုံးတစ်လုံးလည်း ဖြစ်မယ်
ကြိုးပေးခံရမယ့် ပင်လယ်ဓားပြတွေထဲလည်း
ကိုယ်ဝင်ရောက် တန်းစီပြရဲပါတယ်။
ချစ်ရတာမမောပါဘူး ကလေးရယ်
အလင်းမဲ့ ညတွေများလို့ လမ်းမှားမှားနေတာကပဲ ခက်ခဲ။
ပဲရစ်မင်းသားလိုလည်းချစ်တယ်၊ ထရိုဂျင်မြင်းရုပ်ကြီးလိုလည်းချစ်တယ်။
မင်းကိုရဖို့အတွက်ဆို ရေနံဈေးတွေတက်နေလည်း
ကြက်ဆူဆီနဲ့ခုတ်မောင်းရင်း
အဖာအထေးများခဲ့တဲ့ လမ်းဟောင်းကြီးအတိုင်း
ချစ်မယ်။
တကယ်ပါကောင်မလေးရယ်
လိမ်ခဲ့တာတွေများလို့
ကြမ်းပိုးနဲ့လိပ်မခွဲတတ်တော့ပေမယ့်
မင်းကိုတော့ . . . .
သည်းသည်းမည်းမည်း ချစ်နေခဲ့တာ အမှန်။

လက်တွဲဖော်ချစ်သူ

အလွမ်း….

အလွမ်း…..

ငါလွမ်းတတ်နေပြီလား…

ဩော် ငါလွမ်းနေတာလား?

အင်းလေ ချစ်တတ်ခဲ့မှတော့ လွမ်းတတ်မှာပေါ့လေ…

အဲ့ဒီအလွမ်းအကြောင်းဟြေရမယ်ဆိုရင်

အလွမ်း၌သာခြေထောက်ပါရင်လေ

ငါ့ရင်မှာခြေရာတွေပြည့်နေပြီ…..

အလွမ်းဆိုတာ ချစ်ခြင်း၏ တိုင်းတာမှုတစ်ခုလို့ဆိုရင်ရမလား

အမေ ရေ သားလေ အရမ်းလွမ်းတယ်လို့ အော်လိုက်ချင်တယ်ဗျာ…..

အမေနဲ့ခွဲရတုန်းကထက်ပိုလွမ်းနေသလိုပဲ…

အမေ့ကိုမချစ်လို့မဟုတ်ပါဘူး အမေဟာအမေပါပဲ

ဒီလောကမှာ မိန်းမလို့သားသတ်မှတ်ထားတဲ့သူ

နှစ်ယောက်ထဲကတစ်ယောက်ကြောင့်ပေါ့ဗျာ…..

ငါ့အလွမ်းတွေကြောင့် သူလေးဒုက္ခမတွေ့ပါစေနဲ့ဗျာ……

လက်တွဲဖော်ချစ်သူ

ငါ့သစ္စာကို မင်းပိုင်တယ်

ငါ့မေတ္တာကို မင်းအစိုးရတယ်

နှလုံးသားတစ်နေရာမှာ

တစ်သက်စာ မင်းနေရာယူပြီးနေပြီပဲ

ဘာလိုသေးလို့လဲ …

လက်တွဲဖော်ချစ်သူ

အချစ်ရှိသောကဗျာ

လရောင်ရေ……….

ကောင်မလေးတစ်ယောက်ကို

ငါဘယ်လောက်ထိ မြတ်နိုးတယ်ဆိုတာ

ငါ့ကိုယ်စားပြောပေးပါ…………………။

ဆုံတွေ့ခွင့် မရနိုင်သေးတဲ့

အချိန်ခဏမှာ ငါတစ်ယောက်ထဲ

လွမ်းနေတာကို

မိုးစက်တွေအသိဆုံးပါ………………။

အသံတွေအက်ကွဲ

ရင်တုန်လှိုက်မော

အိမ်မက်ဆိုးတွေကိုလည်း

ထပ်မမက်ချင်တော့ဘူး………………..။

အနီးဆုံးမှာပဲ နေချင်ခဲ့တာပါ

အခုတော့ အဝေးကပဲ

ကဗျာတွေနဲ့ အလွမ်းဖြေ

ရေးထားတဲ့ ကဗျာတွေမှာ

ငါ့အချစ်တွေပျော်ဝင်နေတယ်…………………….။

Hello ) ) ) ) ) ) ) ) ချစ်သူ –

နေ၀င်ရီတရော မိုးသောက်လို့

မိုးချုပ်ရောက်ရင်လေး

မျှော်နေမယ် ဖုန်းသံလေး

ကြည်နူးမှုနှင့် အတွေးဝင်

ပြန်ပြောင်းကာလေး

အပ်ကြောင်းတွေလည်း ထပ်နေတယ်

ချစ်တယ်ချစ်တယ် သူ့အသံလေး

ကလင်ကလင် – – -

ထမြည်နေတယ် တယ်လီဖုန်း

တိတ်တိတ်လေး ကိုင်ကာ

တိုးတိုးလေး နားထောင်မိတယ်

ချစ်ကြောင်းတွေကိုကွယ်

ဒယ်ဒီနှင့်မာမီ ရိပ်မိမှာလည်း

စိုးလှတယ်

သူငယ်ချင်းရယ် သူငယ်ချင်းရယ်

ပြောရတာလည်း မနည်းပါကွယ်

အရိပ်အကဲကိုကြည့်

အခြေအနေကိုလည်း

အသုံးချရာတာ

သူအတွက်ပါပဲကွယ်

ဖုန်းပြောရင်းနဲ့အိပ်ချင်လာ

နား နားဘေးမှာ ထားကာလေး

အိပ်စက်မိတယ်

သူမေးတိုင်း အင်း– အင်း–

ဖြေနေမိတယ်

ဖုန်းသံလေး ပြတ်သွားမှာကို

ကြောက်နေမိတယ်

Hello – – – ချစ်သူ

စောင့်ကာနေ ဖုန်းနံဘေးမှာ

ဆက်မယ်လေး မနက်ဖြန်

ဆက်မယ်လေး မနက်ဖြန်

ဆက်မယ်လေး မနက်ဖြန်။ ။

တစ်ယောက်တည်းဆိုမှ တစ်ယောက်တည်းရယ်ပါ

တစ်ယောက်တည်းမဖြစ်ချင်လို့ တစ်စုံတစ်ယောက်ဆီက

တစ်စုံတစ်ရာကို တမ်းတခဲ့ပေမယ့် အဲဒီတစ်စုံတစ်ရာကပဲ

တစ်ယောက်တည်းပြန်ဖြစ်စေခဲ့တယ် …..

လက်တွဲဖော်ချစ်သူ

ချစ်ပါတယ်

မြတ်နိုးစွာ ဆိုချင်တယ်

ယုံတ၀က် မယုံတ၀က်

မလုပ်ပါနဲ့

ရူးမိုက်စွာ ချစ်တာပါ။

စွဲလမ်းတယ်

မမြင်ရရင် ရူးချင်တယ်

တောင့်တတာ

နေတိုင်းကို

လွမ်းစိတ်နဲ့ ချစ်တာပါ။

အကြိမ်တစ်ထောင်မက

ပြောနေရလဲ

ရင်ထဲက စကားလုံးတွေ

မကုန်ခမ်းနိုင်အောင်

ချစ်တာပါ ။

ငါ မင်းကို

ဘ၀တစ်ခုလုံးအတွက်

သိပ်ချစ်တယ်

လက်တွဲဖော်ချစ်သူ

…….ချစ်သူရေ…
မင်းသိလား
တစ်ခါတစ်ခါမှာ

အကြာကြီးဝေးနေတာ

သိပ်ပင်ပန်းတယ်…

သိပ်လွမ်းတယ်..

…..ချစ်သူရေ…..

တစ်မိုးအောက်မှာအတူနေရပေမယ့်

တစ်မြေစီဝေးကွာတဲ့ကာလဟာ

နေ့တာလည်းရှည်

ညတာလည်းရှည်တယ်…။

…ချစ်သူရေ…

နေ၀င်တာကြည့်

နေထွက်တာကြည့်

မင်းသိလား..

တို့များဆုံဖို့ရာ

နေ့များစွာကျော်ဖြတ်ရဦးမယ်…။

…ချစ်သူရေ…

သံယောဇဉ်ကမ်းခြေမှာ

အလွမ်းတွေထွေးပွေ့ရင်း

တစ်နေ့ဆုံမဲ့အသိနဲ့

ကိုယ်……..ရှိနေတယ်နော်…

အချစ်စစ်

တစ်ခါတုန်းကပေါ့.....အရမ်းချစ်ကျတဲ့ချစ်သူနှစ်ယောက်ရှိတယ်......
ဘယ်လောက်ထိချစ်လဲ ဆိုတော့သူတို့အတွဲကိုကံကြမ္မာ ကတောင် မနာလိုဖြစ်ပြီး ကောင်လေး မှာနှလုံးရောဂါရှိခဲ့တယ်...
အဲ့ဒီနှလုံးရောဂါက နှလုံးအစားထိုးပြီး ကုသမှပျောက်ကင်းနိုင်လိမ့်မယ် လို့ ဆရာဝန်တွေက မှတ်ချက်ချကြတယ်...
ဒီလိုနဲ့ပဲသူတို့အတွဲ အရမ်းဝမ်းနည်းကြေကွဲ ရတာပေါ့... အဲ့လိုနဲ့နေလာရင်းတစ်နေ့နှလုံးအလှူရှင် ပေါ်လာတယ်....
ကောင်မလေးကအတိုင်းမသိ ၀မ်းသာခဲ့တယ်....သူ့ချစ်သူလဲ ပျော်ရွှင်လိမ့်မယ်လို့ကောင်မလေးကထင်ခဲ့တယ်....
ဒါပေမယ့် ကောင်လေးကလုံးဝလက်မခံခဲ့ဘူး....ဒါကို ကောင်မလေးကလုံးဝနားမလည်နိုင်ဖြစ်ခဲ့ရတာပေါ့...
ဒီလိုနဲ့ပဲ ကောင်လေးရဲ့ နှလုံးရောဂါအခြေအနေက အဆိုးဆုံးအခြေအနေသို့ရောက်လာခဲ့တယ်...... အလွမ်းအဆွေးများစွာနဲ့ကောင်မလေးကိုလူ့လောကအလယ်မှာတစ်ယောက်ထဲ ထားခဲ့ပြီး
ကောင်းလေးကလူ့လောကထဲကနေ အပြီးအပိုင်ထွက်ခွာသွားပါတော့တယ်......
ကောင်မလေး က သေလုမတတ်ခံစားရင်း နေ့နေ့ညညအိပ်ယာ ပေါ်မှာလဲနေတော့တာပေါ့......
အဲ့ဒီအချိန်မှာ ကောင်လေးရဲ့ အမေက စာလေးတစ်စောင်ကိုကိုင်ပြီး ကောင်မလေးအနားကို ရောက်လာခဲ့တယ်...
ကောင်လေးအမေကပြောတယ်....ဒီစာလေးဟာသူ့သားမသေခင်ကရေးသွားတဲ့နောက်ဆုံးစာလေးပဲလို့....
ဒီလိုနဲ့ကောင်မလေးကအိပ်ယာပေါ်ကနေ လူးလှဲထရင်း စာရွက်ကိုလှမ်းယူပြီးဖတ်တာပေါ့.....
စာလေးကလုံးဝတိုတိုလေး....တစ်ကြောင်းလေးပဲရှိတာ.....
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
"ကိုယ်ချစ်တဲ့မင်းကိုတခြားလူတစ်ဦးတစ်ယောက်ရဲ့ နှလုံးသားနဲ့ချစ်ဖို့ လုံးဝ ခွင့်မပြုနိုင်လို့ပါ" ....တဲ့...
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
ஜ۩۞۩ஜ======◄██▓░ I LOVE U ░▓██►======ஜ۩۞۩ஜ

တစ်ခါတုန်းကပေါ့.....အရမ်းချစ်ကျတဲ့ချစ်သူနှစ်ယောက်ရှိတယ်......
ဘယ်လောက်ထိချစ်လဲ ဆိုတော့သူတို့အတွဲကိုကံကြမ္မာ ကတောင် မနာလိုဖြစ်ပြီး ကောင်လေး မှာနှလုံးရောဂါရှိခဲ့တယ်...
အဲ့ဒီနှလုံးရောဂါက နှလုံးအစားထိုးပြီး ကုသမှပျောက်ကင်းနိုင်လိမ့်မယ် လို့ ဆရာဝန်တွေက မှတ်ချက်ချကြတယ်...
ဒီလိုနဲ့ပဲသူတို့အတွဲ အရမ်းဝမ်းနည်းကြေကွဲ ရတာပေါ့... အဲ့လိုနဲ့နေလာရင်းတစ်နေ့နှလုံးအလှူရှင် ပေါ်လာတယ်....
ကောင်မလေးကအတိုင်းမသိ ၀မ်းသာခဲ့တယ်....သူ့ချစ်သူလဲ ပျော်ရွှင်လိမ့်မယ်လို့ကောင်မလေးကထင်ခဲ့တယ်....
ဒါပေမယ့် ကောင်လေးကလုံးဝလက်မခံခဲ့ဘူး....ဒါကို ကောင်မလေးကလုံးဝနားမလည်နိုင်ဖြစ်ခဲ့ရတာပေါ့...
ဒီလိုနဲ့ပဲ ကောင်လေးရဲ့ နှလုံးရောဂါအခြေအနေက အဆိုးဆုံးအခြေအနေသို့ရောက်လာခဲ့တယ်...... အလွမ်းအဆွေးများစွာနဲ့ကောင်မလေးကိုလူ့လောကအလယ်မှာတစ်ယောက်ထဲ ထားခဲ့ပြီး
ကောင်းလေးကလူ့လောကထဲကနေ အပြီးအပိုင်ထွက်ခွာသွားပါတော့တယ်......
ကောင်မလေး က သေလုမတတ်ခံစားရင်း နေ့နေ့ညညအိပ်ယာ ပေါ်မှာလဲနေတော့တာပေါ့......
အဲ့ဒီအချိန်မှာ ကောင်လေးရဲ့ အမေက စာလေးတစ်စောင်ကိုကိုင်ပြီး ကောင်မလေးအနားကို ရောက်လာခဲ့တယ်...
ကောင်လေးအမေကပြောတယ်....ဒီစာလေးဟာသူ့သားမသေခင်ကရေးသွားတဲ့နောက်ဆုံးစာလေးပဲလို့....
ဒီလိုနဲ့ကောင်မလေးကအိပ်ယာပေါ်ကနေ လူးလှဲထရင်း စာရွက်ကိုလှမ်းယူပြီးဖတ်တာပေါ့.....
စာလေးကလုံးဝတိုတိုလေး....တစ်ကြောင်းလေးပဲရှိတာ.....
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
"ကိုယ်ချစ်တဲ့မင်းကိုတခြားလူတစ်ဦးတစ်ယောက်ရဲ့ နှလုံးသားနဲ့ချစ်ဖို့ လုံးဝ ခွင့်မပြုနိုင်လို့ပါ" ....တဲ့...
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
ஜ۩۞۩ஜ======◄██▓░ I LOVE U ░▓██►======ஜ۩۞۩ஜ

လက်တွဲဖော်ချစ်သူ

……….ချစ်သူရေ…
တနယ်စီဝေးနေပေမဲ့
သစ္စာသံတိုင်တွေနဲ့
မေတ္တာတံတားကို
မင်း..ခိုင်မာအောင်ဆောက်ထားပေး
ပါ.
မင်းလက်ကမ်းတဲ့အခါ
တစ်ဖက်ကမ်းက
ကိုယ်လျှောက်လာခဲ့မယ်..
……ချစ်သူရေ…
သစ္စာတရားဆိုတာ
သစ္စာထားတတ်တဲ့ကိုယ့်အတွက်တော့
အသက်ထက်တန်ဖိုးရှိပါတယ်…
….ချစ်သူရေ..
ကောင်းကင်မိုးသားတွေ
အမြဲပြောင်းလဲနေကြတယ်
မင်းအချစ်ပြောင်းလဲမလား
သံသယမထားချင်ဘူး
…ချစ်သူရေ…
မျှော်လင့်ခြင်းမနက်ဖြန်တွေကို
မင်းဆီမှာအပ်ထားတယ်
ပျော်ရွှင်ခြင်းများနှင့်အတူ
မင်းကိုယ့်ထံပြန်ယူခဲ့ပါနော်………..။

ချစ်သူ

ချစ်သူအတွက်

ကိုယ်ကမင်းရဲ့ နေမ၀င်အချစ်မဟုတ်ခဲ့ရင်တောင်

ဆည်းဆာချိန်လေးမှာ ရပ်တန့်နေပါရစေ

မင်းရဲ့ကောင်းကင်တစ်ခု မဖြစ်ခဲ့ရင်တောင်

မင်းကိုအရိပ်ပေးမယ့် တိမ်စိုင်းလေးတော့ဖြစ်ပါရစေ

မင်းဘ၀ရဲ့လမင်းကြီမဟုတ်ခဲ့ရင်တောင်

မင်းကိုလမ်းပြမယ့် ကြယ်တစ်ပွင့်တော့ဖြစ်ပါစေ

မင်းဘေး အချိန်တိုင်းနေခွင့်မရရင်တောင်

မင်းအနားက အရိပ်လေးတော့ဖြစ်ပါရစေ

မင်းအတွက် တောက်ပတဲ့အလင်း မဖြစ်ချင်နေပါ

မင်းအတွက်ဖရောင်းတိုင်လေးတော့ဖြစ်ပါရစေမင်းရဲ့အချစ်ဦးမဟုတ်ခဲ့ရင်တောင်

မင်းရဲအချစ်ဆုံးတော့ဖြစ်ပါရစေ

ချစ်သူ….မင်းကိုယ့်ကို

ချစ်ရင်ချစ်မယ် မုန်းရင်မုန်းမယ်

သနားရင်သနားမယ်

ရက်စက်ရင်ရက်စက်မယ်

မခန့်မှန်းနိုင်ပေမယ့်

ကိုယ်ကတော့

သစ္စာဆိုရဲပါတယ်

ကိုယ်မင်းကို သိပ်ချစ်တယ်

အချစ်စစ် အချစ်မှန်သာ၇ှိခဲ့ရင်

အချစ်စစ် အချစ်မှန်သာ၇ှိခဲ့ရင်….အောက်ပါအချက်များကိုရှောင်လိုက်ကြပါ…….
 (၁ ) တစ်ဦးနှင့်တစ်ဦး အချစ်၏တန်ဖိုးကိုနားမလည်ခြင်း (၂)ချစ်သူအပေါ်သူလိုအပ်သောအချစ်ရဲ့နွေးထွေးမှု ဂရုစိုက်မှုများမပေးနိုင်ခြင်း (၃)တစ်ဦးအပေါ်တစ်ဦးသစ္စာမရှိခြင်း
 (၄)မလိုအပ်ဘဲ တစ်ဦးအပေါ်တစ်ဦး သံသယများနေခြင်း (ဧကမုချ လူတိုင်းမှာရှိစမြဲပါ ၊ အလွန်အကြူးမဖြစ်ပါစေနဲ့။)
(၅)နှစ်ဦးသား ပွင့်လင်းမှူမရှိခြင်း (သိချင်သည့်ကိစ္စများရှိလျှင် ပွင့်လင်းစွာဖွင့်ဟ ထုတ်ဖော်ပြီးမိမိသိခြင်သည်ကိုမေးကြားခြင်း)
 (၆) တစ်ဦးအပေါ်တစ်ဦး လိမ်ညာကြခြင်း(အသေးအဖွဲကိစ္စက အစ မိမိချစ်သူစိတ်ဆိုးမှာဆိုးလို့ လိမ်ညာခြင်းမျိုး)
 (၇)နှစ်ဦးသားနားလည်မှုမပေးခြင်း၊ညှိုနှိုင်း၇ျု မရခြင်း ။
 (၈)မလိုအပ်သော အသေးဖွဲအရာများကို ပုံကြီးချဲ့ပြီး စိတ်ကောက် စိတ်ဆိုးကြခြင်း ။
(၉)ချစ်သူကို အလွန်အကြူးယုံကြည်ထား၇်ျ လွှတ်ထားခြင်း၊ဂရုမစိုက်ခြင်း။
 (၁၀)ချစ်သူအထင်ကြီးအောင် မက်လုံးများပေးပြီးနောက် ဆုံးမှ အလိမ်အညာများပေါ်သွားခြင်း။(အချစ်စစ်မှာ လိမ်ညာမှုမလိုပါ)။ (၁၁)ချစ်သူက ငွေမက်ပြီး ငွေရှိ၊ဂုဏ်ရှိသော သူနောက်သို့ လိုက်သွားခြင်း။(ချစ်သူနှစ်ဦး ကြိုးစားလုပ်ကိုင်ကြလျှင် ငွေဆိုတာဘာမှ မက်မောစရာမဟုတ်ပါ။သို့ပေမဲ့ အချင်းအချင်း၊ ဇွဲ ၊လုံးလ မရှိသောချစ်သူမျိုးကိုမဆိုလိုပါ။ရွေးချယ်မှုမှန်ပါစေ။)
 (၁၂)မိမိ ဘ၀၏နောက်ကြောင်းများကို လိမ်ညာထားခြင်း( သိသွားသော အချိန်တွင် ချစ်လျှက်ပါသော်လည်း ချစ်စကတည်းကဖွင့်မပြောထားသောကြောင့် တစ်ဦးနှင်းတစ်ဦးလမ်းခွဲရခြင်း။) (၁၃)ဘာသာရေးကြောင့် ချစ်သူနှစ်ဦးချစ်လျှက်နဲ့ လမ်းခွဲရခြင်း။( တစ်ဦးနှင်တစ်ဦး သတ္တိမရှိ၇်ျ လက်တွဲဖြုတ်ရခြင်း၊ မိမိ ယုံကြည်ကိုးကွယ်သော ဘာသာကို လက်ထပ်ပြီးသော်လည်း တသက်လုံးကိုးကွယ်သွားလျှင် အဆင်ပြေပါလိမ့်မည်။သူဘာသာထဲဝင်ပါ ငါ့ဘာသာထဲဝင်ပါဆိုလျှင် ၁၀၀ %ကွဲကွာရပါလိမ့်မည်။)
 (၁၄)မိမိ ချစ်သူက အရက်သေစာများသောက်စားကြ၇်ျ မိမိမကြိုက်တာကိုမပြင်နိုင်ခြင်း။ (၁၅)ချစ်သူမသိအောင် online chatting တွေ တက်/ လူတကာနဲ့ Q ကျုခြင်းကြောင့်မိမိချစ်သူသိသွား၇်ျလမ်းခွဲရခြင်း။
 (၁၆)ချစ်သူကို စမ်းသပ်ရမည်ဟု သူငယ်ချင်းများကမြှောက်ပေးသောကြေင့် အလွန်အကျူးဖြစ်သွားပြီး စိတ်ကုန်သွားခြင်း။
 (၁၇)ဘေးက သွေးထိုးစကား မလိုမုန်းတီးသူ များ၏စကားများကို ယုံမှားမိခြင်း။
(၁၈)ချစ်သူက အချိန်မလေးစားတတ်ခြင်း အရာရာကိုပေါ့ပေါ့ပျက်ပျက်နှင့်လေးလေးနက်နက်မထားခြင်း။ (၁၉)မိမိချစ်သူထက်သာသောသူကို အထင်ကြီးခြင်း။
 (၂၀)နိုင်ငံခြားတိုင်းပြည်မှ လူများကိုအထင်ကြီးခြင်း။(ကျောင်းတက် ၊အလုပ်လုပ်နေသောသူများ)(အချောင်ဖြတ်လမ်းနည်းလမ်းလိုက် ချင်၇်ျ် မိမိ ချစ်သူကိုရှေ့မှာတောင် ထိုအကြောင်းများမေ့ ပြီးထုတ်ဖော်ပြောမိခြင်း)။
 (၂၁)မိမိချစ်သူ ထက်ရုပ်ရည်ပိုသာ သောသူများကိုသဘောကျစွဲလမ်းခြင်း။
 (၂၂)မိမိချစ်သူ ကိုအမြဲအထင်သေးနေခြင်း။
 (၂၃)မိမိချစ်သူ တွင်လတ်တလောအလုပ်မရှိသောကြောင့် ငြိုငြင်ပြီး အမြဲပြသနာရှာနေခြင်း။ (၂၄)လူမျိုးကွဲနိုင်ငံခြားသား၊သူ များကို အထင်ကြီးခြင်း။(နောက်ဆုံတွင် ဘ၀ပျက်သွားနိုင်သည်ကိုထိုသူများနားမည်ကြခြင်း)။
 (၂၅)ငွေမက်ပြီး ချစ်သူရှိ ၊ အိမ်ထောင်ရှိလျှက်နှင့် မိမိအလုပ်မှ အရာရှိ၊ရာထူးကြီးသူများကိုအထင်ကြီး၇်ျဖောက်ပြန်ခြင်း ***အထက်အချက်များထဲမှာ မိမိနှင့်တိုက်ဆိုင်နေသောအချက်များပါလျှင်ချက်ခြင်းပြုပြင်လိုက်ပါ။အချိန်မနှောင်းခင်ပြုပြင်ကြပါ။ ထိုအချက်များကို အကျဉ်းချုပ်ဖော်ပြလိုက်ပါတယ်ခင်ဗျာ။ အာလုံးသော ချစ်တတ်သော နှလုံးသားရှိသူများ ချစ်သောသူနှင့် ထာဝရပျော်ရွှင်စွာလက်တွဲနိုင်ကြပါစေ…………………. ။