ကမ္ဘာစောင်းနေလို့
လကလဲလိုက်မစောင်းပါဘူး
နင်ပြောင်းလဲနေလို့လဲ
ငါ့ဘ၀ကမပြောင်လဲဘူး
ချစ်သူ...
တိတ်တဆိတ် ခံစားမှုက
ရင်ထဲမွန်းကျပ်လာတဲ့အခါ
ယိုစီနေတဲ့မျက်ရည်စတွေ
ဘယ်သူမြင်မှာလဲ?
ချစ်သူ...
ကြေကွဲနေတဲ့ ငါ့နှလုံးသားကို
ခဏလောက်မင်းဝင်ကြည်.ပါ
ငါ့ရဲ့သွေးသံရဲရဲနှလုံးအိမ်က
မင်းကို...သိပ်ချစ်တယ်လို.
ချစ်သူ...
ပတ်ဝန်ကျင်တချို.က
လှောင်ရယ်သံ အပြုံးလေးတွေနဲ့
ငါ့ကိုခြိန်ခြောက်ကြတယ်
ချစ်သူ...
တိတ်တခိုး အကြည်.နဲ့ချစ်မိခဲ့တဲ့
ငါ့အဖြစ်က
မင်းကိုချစ်တဲ့အချစ်တစ်ခုတည်းနဲ့
အရာအားလုံးကို
ကျေားခိုင်းထားခဲ့တယ်ချစ်သူ
နှုတ်ကဖွင့်ပြောမှ
အချစ်စစ်ဆိုရင်
ငါ့ရင်ထဲက
မင်းကိုဖွင်ပြောလို.မရအောင်
တိတ်တခိုးချစ်နေတဲ့
ငါ့ရဲ့အချစ်ကို
အချစ်စစ်မဟုတ်ဘူးလို.
မင်းသတ်မှတ်မှာလား?
No comments:
Post a Comment