အိပ်မရတဲ့ ညတွေမှာ
ပြတင်းပေါက်ကို ဖွင့်ပြီး
ကောင်းကင်ကြီးကို ကြည့်ကာ
လွမ်းနေမိတာ `မ`တစ်ယောက်ကိုပေါ့.....
ကြယ်စုံညမှာ အတွေးနယ်ချဲ့မိတာ
ဘုရားအတူတူသွားခဲ့တဲ့ နေ့လေးတွေ
အတူတူစားခဲ့တဲ့ KoKoRo ဆိုင်လေး
ပြန်တွေးရင်း ကြည်နူးနေမိတာကို
`မ`တစ်ယောက်သိနိုင်ပါ့မလား
`မ`ရယ်.....
ဝေးနေချိန်မှာတော့
မျှော်လင့်မိပါတယ်
ဘယ်အချိန်ဆက်မယ်မသိတဲ့
`မ`ရဲ့ဖုန်းသံလေးတွေ
ဘယ်အချိန်ရောက်မယ်မသိတဲ့
Message လေးတွေ
ဒါပေမယ့် `မ`ရယ်
ချစ်ခြင်းမေတ္တာတရားတွေ
ရင်ခွင်မှာ စူးနစ်လို့
ရောင်နီလင်း မနက်တို့
မျှော်လင့်နေသူ တစ်ယောက်ကို
အိပ်မက်လေးတွေ ဖန်တီးမပေးတာ
ဘာကြောင့်လဲ `မ`ရာ.....
တစ်မြေစီ ဝေးချိန်မှာ
အိပ်မရတဲ့ညပေါင်းများစွာကို
အတွေးနယ်ချဲ့ကာ ကျော်ဖြတ်ရင်း
ပြန်ဆုံရမယ့်နေ့လေးတွေကို
စောင့်မျှော်ရင်းရေးခဲ့မိတာ
`မ`အတွက် ဒီကဗျာလေးပါ........
Friday, June 29, 2012
ကျွန်တော်ချစ်သော`မ`သိနိုင်ပါ့မလား.
သြော်......
အချစ်ဆိုတာ ဘာမှန်းမသိပေမယ့်
မမြင်ဖူး မဆုံခဲ့ဖူးမိတာတောင်
ကျွန်တော့်ရင်ထဲမှာတော့
တိတ်တခိုး ချစ်မိနေခဲ့ပါပြီ `မ`ရယ်...
တကယ်ဆိုရင်
ကျွန်တော်နဲ့ `မ`
အပြင်မှာ မဆုံတွေ့ခဲ့ပေမယ့်
နှလုံးသားနှစ်ခုကတော့
စိတ်ချင်းဆက်နေပါပြီ `မ`ရယ်...
`မ`နဲ့ မောင်က
ဘ၀ချင်းဘဲ ခြားနေလို့လား
အဆင်အတန်းချင်းဘဲ ဝေးကွာလို့လား
ဘယ်လိုအကြောင်းမျိုးတော့ မောင်မသိပေမယ့်
မသိစိတ်တစ်ချို့က `မ`ကိုစွဲလမ်းနေမိတာကြောင့်
အိပ်မပျော်နိုင်တဲ့ညတွေကို `မ` သိနိုင်ပါ့မလား...
နေ့စဉ်နေ့တိုင်း မျှော်နေမိတဲ့ `မ`ရဲ့ဖုန်းသံလေး
ချိုသာလှတဲ့ `မ`ရဲ့ ပြုံးရယ်သံလေးတွေက
မောင့်နားထဲမှာ ကြားနေဆဲပါ...
တရွာသားရည်စားထားရင် ပ၀ါပါးစွန့်ရတယ်ဆိုပေမယ့်
မောင်ကတော့ မမြင်ဖူးတဲ့ `မ`အတွက်
မောင့်နှလုံးသားကိုတောင် စွန့်လွှတ်ရဲပါတယ် `မ`ရယ်...
လက်ရှိမှာတော့
`မ`ပို့လိုက်တဲ့ Message လေးတွေကိုသာဖတ်ရင်း
အဝေးတစ်နေရာမှာရှိတဲ့ `မ`ကိုလွမ်းနေမိတာ
ကျွန်တော်ချစ်သော`မ`သိနိုင်ပါ့မလား....
အချစ်ဆိုတာ ဘာမှန်းမသိပေမယ့်
မမြင်ဖူး မဆုံခဲ့ဖူးမိတာတောင်
ကျွန်တော့်ရင်ထဲမှာတော့
တိတ်တခိုး ချစ်မိနေခဲ့ပါပြီ `မ`ရယ်...
တကယ်ဆိုရင်
ကျွန်တော်နဲ့ `မ`
အပြင်မှာ မဆုံတွေ့ခဲ့ပေမယ့်
နှလုံးသားနှစ်ခုကတော့
စိတ်ချင်းဆက်နေပါပြီ `မ`ရယ်...
`မ`နဲ့ မောင်က
ဘ၀ချင်းဘဲ ခြားနေလို့လား
အဆင်အတန်းချင်းဘဲ ဝေးကွာလို့လား
ဘယ်လိုအကြောင်းမျိုးတော့ မောင်မသိပေမယ့်
မသိစိတ်တစ်ချို့က `မ`ကိုစွဲလမ်းနေမိတာကြောင့်
အိပ်မပျော်နိုင်တဲ့ညတွေကို `မ` သိနိုင်ပါ့မလား...
နေ့စဉ်နေ့တိုင်း မျှော်နေမိတဲ့ `မ`ရဲ့ဖုန်းသံလေး
ချိုသာလှတဲ့ `မ`ရဲ့ ပြုံးရယ်သံလေးတွေက
မောင့်နားထဲမှာ ကြားနေဆဲပါ...
တရွာသားရည်စားထားရင် ပ၀ါပါးစွန့်ရတယ်ဆိုပေမယ့်
မောင်ကတော့ မမြင်ဖူးတဲ့ `မ`အတွက်
မောင့်နှလုံးသားကိုတောင် စွန့်လွှတ်ရဲပါတယ် `မ`ရယ်...
လက်ရှိမှာတော့
`မ`ပို့လိုက်တဲ့ Message လေးတွေကိုသာဖတ်ရင်း
အဝေးတစ်နေရာမှာရှိတဲ့ `မ`ကိုလွမ်းနေမိတာ
ကျွန်တော်ချစ်သော`မ`သိနိုင်ပါ့မလား....
ကြရှုံ့းခြင်း
မျိုသိပ်မထားနိုင်တဲ့ ရင်ထဲကပြောခဲ့တဲ့စကားတွေက
ငါ့နှလုံးသားထဲက ချစ်ခြင်းမေတ္တာတရားအစစ်ပါ...
ငါ့အပေါ်မင်းလေးရဲ့ တုန့်ပြန်မှုတွေက
ငါ့နှလုံးသားလေးကို ထိခိုက်စေခဲ့တာ
မင်းလေးမသိခဲ့တာလား?
ငါ့ရင်ထဲက ခံစားချက်ကိုဖော်ပြရန်အတွက်
ကဗျာလင်္ကာတွေ မလိုတော့ပါဘူး...
မင်းရဲ့အလှကို နှိုင်းယှဉ်ဖို့အတွက်
လမင်းတောင်မသာဝံ့တော့ပါဘူး.......
ငါ့နှလုံးသားထဲက ချစ်ခြင်းမေတ္တာတရားအစစ်ပါ...
ငါ့အပေါ်မင်းလေးရဲ့ တုန့်ပြန်မှုတွေက
ငါ့နှလုံးသားလေးကို ထိခိုက်စေခဲ့တာ
မင်းလေးမသိခဲ့တာလား?
ငါ့ရင်ထဲက ခံစားချက်ကိုဖော်ပြရန်အတွက်
ကဗျာလင်္ကာတွေ မလိုတော့ပါဘူး...
မင်းရဲ့အလှကို နှိုင်းယှဉ်ဖို့အတွက်
လမင်းတောင်မသာဝံ့တော့ပါဘူး.......
တန်ဖိုး
ပျော်ရွှင်ခြင်းရဲ့ တန်ဖိုး
ဝမ်းနည်းခါမှ သိခဲ့တယ်...
စံပယ်ပွင့်ရဲ့ တန်ဖိုး
မပွင့်ခါမှ သိခဲ့တယ်...
နေရောင်ခြည်ရဲ့ တန်ဖိုး
သန်းခေါင်ယံမှာ သိခဲ့တယ်...
ငါ့ရဲ့အချစ်ရဲ့ တန်ဖိုး
ခွဲခွာချိန်မှာ သိလိမ့်မယ်.....
ဝမ်းနည်းခါမှ သိခဲ့တယ်...
စံပယ်ပွင့်ရဲ့ တန်ဖိုး
မပွင့်ခါမှ သိခဲ့တယ်...
နေရောင်ခြည်ရဲ့ တန်ဖိုး
သန်းခေါင်ယံမှာ သိခဲ့တယ်...
ငါ့ရဲ့အချစ်ရဲ့ တန်ဖိုး
ခွဲခွာချိန်မှာ သိလိမ့်မယ်.....
နေရာ
ချစ်သူ
မင်းအတွက်ဆိုရင် ကိုယ်အရာရာကို
စွန့်လွှတ်ပေးပါ့မယ်...
မင်း ကိုယ့်ကို မချစ်ရင်လည်း
ကိုယ်ဆက်ချစ်နေမယ်...
မင်း ကိုယ့်ကို မုန်းရင်လည်း
ကိုယ် ကျေနပ့်ပါမယ်...
မင်း ကိုယ့်ကိုရက်စက်ရင်လည်း
ကိုယ် ကြည်ဖြူစွာခံယူပါ့မယ်...
ဒါပေမယ့်
မင်းရဲ့ရင်ခွင်မှာ ကိုယ့်အတွက်
နေရာတစ်ခု ပေးနိုင်မလား ချစ်သူရာ...
ချစ်သူ...........
ကမ္ဘာစောင်းနေလို့
လကလဲလိုက်မစောင်းပါဘူး
နင်ပြောင်းလဲနေလို့လဲ
ငါ့ဘ၀ကမပြောင်လဲဘူး
ချစ်သူ...
တိတ်တဆိတ် ခံစားမှုက
ရင်ထဲမွန်းကျပ်လာတဲ့အခါ
ယိုစီနေတဲ့မျက်ရည်စတွေ
ဘယ်သူမြင်မှာလဲ?
ချစ်သူ...
ကြေကွဲနေတဲ့ ငါ့နှလုံးသားကို
ခဏလောက်မင်းဝင်ကြည်.ပါ
ငါ့ရဲ့သွေးသံရဲရဲနှလုံးအိမ်က
မင်းကို...သိပ်ချစ်တယ်လို.
ချစ်သူ...
ပတ်ဝန်ကျင်တချို.က
လှောင်ရယ်သံ အပြုံးလေးတွေနဲ့
ငါ့ကိုခြိန်ခြောက်ကြတယ်
ချစ်သူ...
တိတ်တခိုး အကြည်.နဲ့ချစ်မိခဲ့တဲ့
ငါ့အဖြစ်က
မင်းကိုချစ်တဲ့အချစ်တစ်ခုတည်းနဲ့
အရာအားလုံးကို
ကျေားခိုင်းထားခဲ့တယ်ချစ်သူ
နှုတ်ကဖွင့်ပြောမှ
အချစ်စစ်ဆိုရင်
ငါ့ရင်ထဲက
မင်းကိုဖွင်ပြောလို.မရအောင်
တိတ်တခိုးချစ်နေတဲ့
ငါ့ရဲ့အချစ်ကို
အချစ်စစ်မဟုတ်ဘူးလို.
မင်းသတ်မှတ်မှာလား?
လကလဲလိုက်မစောင်းပါဘူး
နင်ပြောင်းလဲနေလို့လဲ
ငါ့ဘ၀ကမပြောင်လဲဘူး
ချစ်သူ...
တိတ်တဆိတ် ခံစားမှုက
ရင်ထဲမွန်းကျပ်လာတဲ့အခါ
ယိုစီနေတဲ့မျက်ရည်စတွေ
ဘယ်သူမြင်မှာလဲ?
ချစ်သူ...
ကြေကွဲနေတဲ့ ငါ့နှလုံးသားကို
ခဏလောက်မင်းဝင်ကြည်.ပါ
ငါ့ရဲ့သွေးသံရဲရဲနှလုံးအိမ်က
မင်းကို...သိပ်ချစ်တယ်လို.
ချစ်သူ...
ပတ်ဝန်ကျင်တချို.က
လှောင်ရယ်သံ အပြုံးလေးတွေနဲ့
ငါ့ကိုခြိန်ခြောက်ကြတယ်
ချစ်သူ...
တိတ်တခိုး အကြည်.နဲ့ချစ်မိခဲ့တဲ့
ငါ့အဖြစ်က
မင်းကိုချစ်တဲ့အချစ်တစ်ခုတည်းနဲ့
အရာအားလုံးကို
ကျေားခိုင်းထားခဲ့တယ်ချစ်သူ
နှုတ်ကဖွင့်ပြောမှ
အချစ်စစ်ဆိုရင်
ငါ့ရင်ထဲက
မင်းကိုဖွင်ပြောလို.မရအောင်
တိတ်တခိုးချစ်နေတဲ့
ငါ့ရဲ့အချစ်ကို
အချစ်စစ်မဟုတ်ဘူးလို.
မင်းသတ်မှတ်မှာလား?
Saturday, June 16, 2012
Monday, June 11, 2012
ငါနင့်ကိုမေးခွင့်ပေးပါ
သဲပြင်မှာရေးတဲ့စာတွေဟာ
အကြောင်းတစ်ခုခုကြောင့်အလွယ်တကူပျက်တတ်သလို
ငါ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ
ကမ္ဗည်းထိုးတာတဲ့ နင့်ကိုလည်း
လွယ်လွယ်ကူကူ မေ့လိုက်ချင်တယ်….။
နာကျင်တာ၊ဝမ်းနည်းးတတ်တာ..
အားငယ်တတ်တာ၊မျက်ရည်ကျတတ်တာတွေဟာ….
ငါအရင်းနှီးဆုံး အရာတွေဆိုပေမယ့်
အဲ့အရာတွေကို နင်က ငါ့ကိုလက်ဆောင်အဖြစ်ပေးတဲ့အခါ
ငါကြေကွဲနာကျင်စွာ လက်ခံရင်း
“ငါနင့်ကို မေ့လိုက်ချင်တယ်”
တကယ်လို့ နင်ဂိမ်းတစ်ခုကို ကစားနေတာဆိုရင်
နင်ဂိမ်းထဲမှာ ဝင်ကစားခဲ့တာ ငါ့နှလုံးသားဖြစ်ပြီး
ရှုံးသွားတာကတော့ ငါ့အချစ်ပါ….။
ငါ့နှလုံးသားက ရှုံးသွားတဲ့ ငါ့အချစ်အတွက်
နာကျင်ခံစားရတဲ့ အခါ
“ငါနင့်ကိုမေ့လိုက်ချင်တယ်”
တစ်ချိန်ကျရင် နင့်ဘေးကထွက်သွားပါလို့
မပြောပေမဲ့…….
ငါ့အလိုက်တသိထွက်သွားပေးရမဲ့သူပါ…။
နင့်ဘေးနားရှိနေခွင့်ရတဲ့ အဓိပ္ပာယ်ရှိတဲ့ အခိုက်တန့်လေးတွေမှာ
နင်နဲ့ ပျော်ရွှင်စရာတွေ..အမှတ်ရစရာတွေ
ငါ ဖန်တီးချင်ခဲ့ပါတယ်….။
ငါ့ ဖန်တီးမှုတွေကို နင်စိတ်မပါတိုင်း
အရမ်းငိုချင်လာပီး..စိတ်အားငယ်မိတဲ့အခါ
“ငါနင့်ကို မေ့လိုက်ချင်ပါတယ်”
ငါနင့်ကိုချစ်တယ် ဆိုတာထက်
ပိုမိုလေးနက်တဲ့ စကားလုံးမျိုးရှိရင်
ငါနင့်ကိုပြောပြချင်ပါတယ်…။
ဒါကို နင်မသိနိုင်တဲ့အခါ
“ငါနင့်ကို မေ့လိုက်ချင်ပါတယ်”
ဒါပေမယ့် နင်နဲ့တွေ့တဲ့ အခါ
ငါတကယ်မေ့လိုက်တာက
နင့်ကို မေ့ပစ်လိုက်ချင်တဲ့ ဆိုတဲ့ ငါ့စိတ်ပါပဲ……။
emoboy7327@gmail.com
အနမ်းမထိတဲ့နှုတ်ခမ်း..
အနမ်းမထိတဲ့နှုတ်ခမ်း...
အလွမ်းမရှိချင်လို့
ကိုယ့်ကိုယ်ကိုလိမ်လဲ
အဲ့ဒီကြင်နာမှုမျိုးဘဲ
တယုတယလိုချင်နေမိ။
အမုန်းအပြည့်ရင်ထဲ
ဆူးခက်တို့နာကျင်လည်း
အဲ့ဒီနှင်းဆီရနံ့ကိုမှ
တယုတယနမ်းရှိုက်နေမိ။
ကဝေရဲ့နှုတ်ခမ်းထက်
ကကြိုးယှက်တဲ့ညထဲ
အနမ်းမထိတဲ့နှုတ်ခမ်းမှ
တယုတယချစ်နေမိ။
emoboy7327@gmail.com
အလွမ်းမရှိချင်လို့
ကိုယ့်ကိုယ်ကိုလိမ်လဲ
အဲ့ဒီကြင်နာမှုမျိုးဘဲ
တယုတယလိုချင်နေမိ။
အမုန်းအပြည့်ရင်ထဲ
ဆူးခက်တို့နာကျင်လည်း
အဲ့ဒီနှင်းဆီရနံ့ကိုမှ
တယုတယနမ်းရှိုက်နေမိ။
ကဝေရဲ့နှုတ်ခမ်းထက်
ကကြိုးယှက်တဲ့ညထဲ
အနမ်းမထိတဲ့နှုတ်ခမ်းမှ
တယုတယချစ်နေမိ။
emoboy7327@gmail.com
Sunday, June 10, 2012
နာမည်လွဲရွတ်ဆိုခြင်းမဟုတ်ပါ
အချစ် ...
နာမည်လွဲရွတ်ဆိုခြင်းမဟုတ်ပါ
ဒီရင်ခွင် တစ်ခုလုံးနဲ့ ရင်းခဲ့ရတာ ...
နားမလည်မှုတွေ အတောမသတ်ခဲ့ဘူး
ချစ်သူရဲ့ အပြုံးတစ်ခုအောက်မှ ကြွေကျခဲ့ရတိုင်း
ကိုယ့် ကို ကိုယ် မုန်းတယ် ...
ခဏခဏ မပြုံးခဲ့ပါနဲ့လားကွယ် ...
လာချင်ရင်လာ သွားချင်ရင်သွားပါ
ရင်ခွင် ဇရပ်တစ်ခု လေ
( သတိ ... ကျွန်တော့် ချစ်သူတစ်ယောက်တည်း အတွက်သာ)
အခု .. ရုတ်တရက် .. တမဟုတ်ချင်း ခံစားနေရတာက လွမ်းတယ် ...
ဘာလို့လည်းကွယ်
' စိတ် ' တစ်ကမ်းဝေးနေရတာ
ကိုယ် တစ်ယောက်တည်းပဲ ချစ်တတ်ခဲ့လို့လား ...
လေထဲမှာ လွင့်နေသလို
ပေါ့ပါးသယောင်နဲ့ အတွယ်အတာမဲ့နေတာ ဘယ်သူသိမှာလည်း ..
ချစ်သူ ...
မင်း မျက်နှာတစ်ချက်လွှဲသွားတိုင်း
ကိုယ်ဟာ လေတစ်ချက်ဝှေ့ခံရတဲ့တိမ်တိုက်ပါ ....
အနားသတ်တွေကို လိုက်မညှိပါဘူး
ညီချင်ညီမယ်
ပိုချင်လည်း ပိုခဲ့မှာပေါ့လေ ....
အချစ် လို့ဆိုလိုက်တိုင်း
ကိုယ်တိုင်ရေး အတုပ္ပတ္တိတွေ အသီသီနဲ့
လူတိုင်းတော့လည်း သီခဲ့ကြတာပဲ ...
လူထဲက လူတစ်ယောက်ပဲလေ
စကားအဖြစ်ပြောတာတော့ မဟုတ်ဘူး ..
ကိုယ့် ကို ကိုယ် ထက် မင်းကို ပိုချစ်တယ် ... ချစ်သူ ....
emoboy7327@gmail.com
အဝေးကချစ်သူအတွက်
အဝေးကချစ်သူအတွက်
မြူခိုးငွေ့တဝေေ၀နဲ့
အလွမ်းမိုင်တိုင်တွေကြားမှာ
တနယ်စီဝေးနေရတယ် - - - - - - - -လွမ်းရတယ်
အတူပျော်ဖူးတဲ့ ရက်တွေကိုလည်း
သတိရတယ် မ--------ရယ်---------------။
ပြန်မဆုံနိုင်သေးတဲ့ အချိန်တွေမှာ
ကျွန်တော်အတွက် မ--------နဲ့ပတ်သက်တဲ့ အရာတွေတိုင်းဟာ
လွမ်းစရာတွေချည့်ပါပဲလေ------
emoboy7327@gmail.com
ချစ်သူရေ
ချစ်ခြင်းရဲ့ အနိုင်းမယ့် နေရာမှာ ချစ်သူကို ငါဟာ နတ်ဘုရားလို ကိုးကွယ်ထားတယ်လေ
ငါ့ပေါ်ကို ထိုးစိုက်လာမယ့်  အကြည့် မြားတံတွေကို ငါဂရုမစိုက်မိဘူးလေ
မိုးစက်တွေကျနေတယ် ချစ်သူရေ….
ရေတွက်ကြည့်လို့  မရနိုင်တဲ့ မိုးစက်တွေဟာ ငါ့ရဲ့အလွမ်းတွေပေါ့….
လေပြေလေးတွေတိုက်ခတ်သွားတယ်….
ဖမ်းဆုပ်လို့ မရနိုင်တာလည်း ငါရဲ့သတိရခြင်း တွေနဲ့ ထပ်တူပါဘဲ…..
ကမ္ဘာမြေကြီးလည်နေတယ်….
ရပ်တန့်လို့ မရနိုင်တာလည်း ငါရဲ့အချစ်တွေလိုပါဘဲ…..
ချစ်သူရဲ့ ပျော်ရွှင်ခြင်းဟာ ငါ့ကမ္ဘာပါ…
ငါ့ရဲ့နလုံးသွေးဟာ ချစ်သူရဲ့ အပြုံးတခု ပါ…
ချစ်သူရေ…..
နင်ဟာ ငါရဲ့အတွက်တော့ အလှနတ်သမီး ဘ၀သခင်မ အချစ်မိဖုရားတပါး ဘဲပေါ့…..
နေရာတွေဝေးကွာ အချိနှ်ကြာပေမဲ.
ရင်မှာတော.အမြဲရှိနေဆဲပါ
နင်ယုံပါနော်
နင်ဟာငါ.အတွက်တော့
အမြဲလိုအပ်နေသူပါ
ဒီကဗျာဟာလဲနင်.
အတွက်ပါ*
emoboy7327@gmail.com
အချစ်…အချစ် (သူသိအောင် ဘယ်လိုပြောရမလဲနော်)
အချစ်ဆိုတာကို
လက်ကလေးနဲ့ ဆုတ်ကိုင်လို့ပြချင်တယ်…
သူမြင်အောင်လို့။ ။
ညညကျ…
ကျွန်တော်ရွတ်ဆိုနေတဲ့
သူ့ကို ချစ်တဲ့အကြောင်းလေးတွေကို
သူကြားစေချင်တယ်။ ။
တကယ် ဘုရားစူး
ကျွန်တော်ချစ်တာ
သူသိစေချင်ရဲ့။ ။
နွေလည်းနွေမို့
သက်သေပြပါဆိုတဲ့စကားတစ်ခွန်းကို
ကြိုးစားခဲ့တာ ပိတောက်တွေသိတယ်။ ။
မိုးကျတော့လည်း
မိုးပြာရောင် ထီးကလေးအသိဆုံးပဲ
ကျွန်တော်မိုးပေးထားတဲ့ ထီးကလေးက
သူ့တစ်ယောက်စာ။ ။
ဆောင်း ပန်းချယ်ရီ
နှင်းငွေ့ရီရီတွေကြားမှာလေ
နွေးထွေးခွင့်ရဖို့ အဖြေတောင်းတော့။ ။
အချစ်ဆိုတာဘာလဲ…၊
ကျွန်မကို သက်သေတစ်ခုခုပြပါလားတဲ့…
ကဲ…..
emoboy7327@gmail.com
လက်ကလေးနဲ့ ဆုတ်ကိုင်လို့ပြချင်တယ်…
သူမြင်အောင်လို့။ ။
ညညကျ…
ကျွန်တော်ရွတ်ဆိုနေတဲ့
သူ့ကို ချစ်တဲ့အကြောင်းလေးတွေကို
သူကြားစေချင်တယ်။ ။
တကယ် ဘုရားစူး
ကျွန်တော်ချစ်တာ
သူသိစေချင်ရဲ့။ ။
နွေလည်းနွေမို့
သက်သေပြပါဆိုတဲ့စကားတစ်ခွန်းကို
ကြိုးစားခဲ့တာ ပိတောက်တွေသိတယ်။ ။
မိုးကျတော့လည်း
မိုးပြာရောင် ထီးကလေးအသိဆုံးပဲ
ကျွန်တော်မိုးပေးထားတဲ့ ထီးကလေးက
သူ့တစ်ယောက်စာ။ ။
ဆောင်း ပန်းချယ်ရီ
နှင်းငွေ့ရီရီတွေကြားမှာလေ
နွေးထွေးခွင့်ရဖို့ အဖြေတောင်းတော့။ ။
အချစ်ဆိုတာဘာလဲ…၊
ကျွန်မကို သက်သေတစ်ခုခုပြပါလားတဲ့…
ကဲ…..
emoboy7327@gmail.com
ဖိနပ်လှလှလေးတွေစီးချင်သူများအတွက်
ရိုးရှင်းပြီး သက်သာစွာ ဖိနပ်လှလှလေးများ စီးချင်သူများအတွက်....
ဒီဇိုင်းလှလှနဲ့ ခပ်မိုက်မိုက်လေး လန်းချင်လျှင်....
အောက်က ဖော်ပြပေးသော ဖိနပ်ဒီဇိုင်းစုံကို ကြည့်ကြရအောင်လား....
အနောက်ထောက် ဒေါင့်မြင့်မရှိလဲ စတိုင်မိုက်မိုက်နဲ့ စီးလို့ရတဲ့ ရှယ်မြင့်ဖြူ..
ဒါကတော့ လွယ်ကူရိုးရှင်း စားလို့ရတဲ့ ခြေစွပ်အိမ်နေစီးပေါင်မုန့်ဖိနပ်...
ဒါကတော့ နှစ်ထပ်ဒေါင့်မြင့်ဖိနပ်လေးပါ...
အင်း... ဒါကတော့ တွယ်အပ်တွေနဲ့ ပြုလုပ်ထားတဲ့ ရှုးဖိနပ်လေးပါ..
လွယ်ကူရိုးရှင်း လူတိုင်း ဖန်တီး စီးနင်းနိုင်တဲ့ ဖိနပ်တစ်စုံပေါ့
ပေါ့ပေါ့ပါးပါး သံကွင်း ဖိနပ်လေး...
ခပ်မိုက်မိုက် ဆူးဒေါင့်ဖိနပ်ရှည်...
တပိုင်းတစ ဖိနပ်လှလှ
ကလေးကစားစရာဖြင့် ပြုလုပ်ထားခဲ့တဲ့ ရောင်စုံဖိနပ်လေး
စတီ ဒေါင့်ဖိနပ်...
ဆောင်းတွင်း ၀တ် သားရေဘွတ်ဖိနပ်လေး...
ရောင်စုံခဲတံနဲ့ တီထွင်ဖန်တီးထားတဲ့ ညှပ်ဖိနပ်လေး
နူးနူးညံ့ညံ့ ကျန်းမာရေးနဲ့ ညီညွတ်နိုင်စေတဲ့ ဖိနပ်တစ်စုံ
emoboy7327@gmail.com
ဒီဇိုင်းလှလှနဲ့ ခပ်မိုက်မိုက်လေး လန်းချင်လျှင်....
အောက်က ဖော်ပြပေးသော ဖိနပ်ဒီဇိုင်းစုံကို ကြည့်ကြရအောင်လား....
တပိုင်းတစ ဖိနပ်လှလှ
emoboy7327@gmail.com
ကုစားဖော်
ကမ္ဘာမြေလောကရဲ့ တစ်နေရာမှာ စတွေ့ရင်ခုန်ပြီး အချစ်ဆိုတာဖြစ်လာခဲ့ပေမယ့်
နောက်ဆုံးတော့လည်း.......
အဲ့ဒီကမ္ဘာမြေလောကရဲ့ တစ်နေရာမှာပဲ လမ်းခွဲခြင်းဆိုတဲ့ ရလဒ်ဆိုးကြီးတစ်ခုကိုပဲ
ပိုင်ဆိုင်ခွင့်ရခဲ့တယ်။
ချစ်လျက်ပါမေ......
ဖြစ်ခဲ့တဲ့ကံကြမာတွေကိုတော့
အပြစ်ဖွဲ့လို့ရန်မရှာလိုပါ
သံသရာဆိုတာရှိစမြဲ
ဒီပွဲမှာတော့ကိုယ်ရှုံး
ကိုယ့်နှလုံးသားကိုမင်းအတွက်
ချစ်လျက်နှင့်စတေး
အချစ်ကြွေးများရှိရင်ကျေပါ
ဖြေစရာဆိုလို့ငါ့အတွက်
ဒီအရက်သာကုစားဖော်
သူထားသော်လည်းငါ့အတွက်
ကုစားဖော်ဘာလဲ
emoboy7327@gmail.com
နောက်ဆုံးတော့လည်း.......
အဲ့ဒီကမ္ဘာမြေလောကရဲ့ တစ်နေရာမှာပဲ လမ်းခွဲခြင်းဆိုတဲ့ ရလဒ်ဆိုးကြီးတစ်ခုကိုပဲ
ပိုင်ဆိုင်ခွင့်ရခဲ့တယ်။
ချစ်လျက်ပါမေ......
ဖြစ်ခဲ့တဲ့ကံကြမာတွေကိုတော့
အပြစ်ဖွဲ့လို့ရန်မရှာလိုပါ
သံသရာဆိုတာရှိစမြဲ
ဒီပွဲမှာတော့ကိုယ်ရှုံး
ကိုယ့်နှလုံးသားကိုမင်းအတွက်
ချစ်လျက်နှင့်စတေး
အချစ်ကြွေးများရှိရင်ကျေပါ
ဖြေစရာဆိုလို့ငါ့အတွက်
ဒီအရက်သာကုစားဖော်
သူထားသော်လည်းငါ့အတွက်
ကုစားဖော်ဘာလဲ
emoboy7327@gmail.com
ချစ်သူ ယုံနော်
အတွေ့မှာ သိလို့ ရင်ခုန်တဲ့အခါ
အကြည့်က စူးလို့ မနေတတ်ပြန်
ဒါပေမယ့်လဲ ချစ်သွားခဲ့တဲ့ ဒီစိတ်
မင်းရဲ့ အလိုကျ ချစ်ခဲ့ပြီးမှ
မလွမ်းချင်(မခံစားချင်)ဆိုတဲ့
ဆင်ခြေတစ်ခုနဲ့
အမုန်းတွေကို ပစ်ပေါက်ခဲ့တာ
ဘာသဘောလဲ မေးချင်ပေမယ့်
ကိုယ်တိုင် ပြတ်သားစွာနဲ့ ကျောခိုင်းခဲ့ပြီးမှ
မညာတတ်တဲ့ မျက်ဝန်းမှာ မိုးတွေပြိုနေလဲ
မင်းရဲ့ ဟန်ဆောင်မှုက ကမ်းကုန်နေမှတော့
ကိုယ့်ရဲ့ မာနတွေလဲ မနေသာဘူးပေါ့။
ဒါပေမယ့်လဲ သမိုင်းတင် ချစ်သူရေ
ပထ၀ီထဲမှာ ရှင်သန်နေသရွေ့တော့
နွေးထွေးမှု ပေးတဲ့ရင်ခွင်လေးရယ်
ချိုသာယာခဲ့ နှုတ်ခမ်းတစ်စုံနဲ့
ကမ်းလင့်နေကျ လက်အစုံကို
ပိုင်ဆိုင်ခွင့် ဝေးပြီဆိုတဲ့ အသိက
အရာရာကို သံသယနဲ့
ကြည့်တတ်လာ
ချစ်တယ်လို့ ပြောလာသူတွေကိုလဲ
မင်း ( )မဟုတ်မှန်း သိတာနဲ့
နာကျင်နေကျ
ဒီရင်ဟာ(ခင်မင်မှုကလွဲရင်)
မင်းကလွဲရင်
ဘယ်တော့မှ မချစ်တတ်ဘူး
ဆိုတာ ချစ်သူ ယုံနော်။
emoboy7327@gmail.com
အကြည့်က စူးလို့ မနေတတ်ပြန်
ဒါပေမယ့်လဲ ချစ်သွားခဲ့တဲ့ ဒီစိတ်
မင်းရဲ့ အလိုကျ ချစ်ခဲ့ပြီးမှ
မလွမ်းချင်(မခံစားချင်)ဆိုတဲ့
ဆင်ခြေတစ်ခုနဲ့
အမုန်းတွေကို ပစ်ပေါက်ခဲ့တာ
ဘာသဘောလဲ မေးချင်ပေမယ့်
ကိုယ်တိုင် ပြတ်သားစွာနဲ့ ကျောခိုင်းခဲ့ပြီးမှ
မညာတတ်တဲ့ မျက်ဝန်းမှာ မိုးတွေပြိုနေလဲ
မင်းရဲ့ ဟန်ဆောင်မှုက ကမ်းကုန်နေမှတော့
ကိုယ့်ရဲ့ မာနတွေလဲ မနေသာဘူးပေါ့။
ဒါပေမယ့်လဲ သမိုင်းတင် ချစ်သူရေ
ပထ၀ီထဲမှာ ရှင်သန်နေသရွေ့တော့
နွေးထွေးမှု ပေးတဲ့ရင်ခွင်လေးရယ်
ချိုသာယာခဲ့ နှုတ်ခမ်းတစ်စုံနဲ့
ကမ်းလင့်နေကျ လက်အစုံကို
ပိုင်ဆိုင်ခွင့် ဝေးပြီဆိုတဲ့ အသိက
အရာရာကို သံသယနဲ့
ကြည့်တတ်လာ
ချစ်တယ်လို့ ပြောလာသူတွေကိုလဲ
မင်း ( )မဟုတ်မှန်း သိတာနဲ့
နာကျင်နေကျ
ဒီရင်ဟာ(ခင်မင်မှုကလွဲရင်)
မင်းကလွဲရင်
ဘယ်တော့မှ မချစ်တတ်ဘူး
ဆိုတာ ချစ်သူ ယုံနော်။
emoboy7327@gmail.com
အချစ်ဆိုတာ
အချစ်ဆိုတာကို အတိအကျ မသိပဲနဲ့ `ငါ မင်းကို ချစ်တယ်´ လို့ ပြောနေကြတဲ့
လူတွေ အားလုံ...းအတွက် စဉ်းစားကြည့်ရအောင်လို့ တင်ပြလိုက်ပါတယ်။
ဇောချွေးတွေ ပြန်နေတာလား။ ရင်ခုန်နှုန်းတွေ တဒုန်းဒုန်းနဲ့ ဖြစ်နေတာလား။
ပြောဖို့ စကားတွေက ရင်ခေါင်းထဲကနေကို မထွက်ဘူး ဖြစ်နေတာလား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ သဘောကျတာပါ။
မင်းရဲ့ မျက်စိအောက်က အပျောက်ကို မခံနိုင်ဘူး။ တစ်ခဏလေး
လက်တွဲဖြုတ်ရမှာကို သိပ်စိုးရိမ်နေတယ်။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ရမ္မက်ပါ။
ဂုဏ်ယူပြီး သူ့ကို ထုတ်ကြွားမယ်။ အဲဒီလို ထုတ်ကြွားရတာကိုပဲ သဘောကျနေတယ်။
ဒါ အချစ် မဟုတ်ဘူး။ မင်း ကံကောင်းလို့ပါ။
မင်းရဲ့ အနားက တစ်ဖ၀ါးမှ မကွာ သူ့ကို နေစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အထီးကျန်လို့လေ။
လူတိုင်း လိုလားအပ်တဲ့ အရာတစ်ခုမို့ သူ့ကို မင်းအနားမှာ ရှိစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ ပိုင်ဆိုင်ချင်စိတ်ပါ။
သူက မင်းကို အနမ်းလေး ပေးတယ်။ မင်းရဲ့ လက်ကလေးကို မြဲမြဲ
ဆုပ်ကိုင်ထားလို့ မင်း သူ့အနားမှာ ရှိနေတာလား။
ဒါ အချစ် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေလို့ပါ။
အချစ်ပါလို့ ဖြောင့်ချက်ပေးပြီး သူ့အနားမှာ မင်းနေပေးတာ သူ့ကို လုံးဝ
မထိခိုက်စေချင်လို့ မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ သနားတာလေ။
သူ့ရဲ့ အကြည့်တစ်ချက်မှာ ရင်ခုန်သံ ရပ်တန့်မတတ် ဖြစ်သွားလို့ သူ့ကို
ပုံအပ်လိုက်ချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အရူးအမူး စွဲလမ်းတာ လောက်ပါ။
သူ့ကို သိပ် ဂရုစိုက်လို့ သူ့အပြစ်တွေကို ခွင့်လွတ်ပေးနိုင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုပါ။
အတွေးထဲမှာ နေ့တိုင်းလိုလို သူ့တစ်ယောက်တည်းပဲ ရှိနေတယ်လို့ မင်း သူ့ကိုပြောသလား။
ဒါ အချစ် မဟုတ်ဘူး။ လိမ်နေတာ။
သူ့အတွက် ကိုယ့်ကြိုက်တဲ့ အရာအားလုံးကို စွန့်လွှတ်ဖို့ ၀န်မလေးဘူး မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ပေးကမ်း စွန့်ကြဲ ရဲတဲ့ စိတ်ဓါတ်ပါ။
သူ ၀မ်းနည်းတဲ့အခါ မင်း အသည်းကြွေမတတ် ခံစားရသလား။
ဒါမှ အချစ်လေ။
သူရဲ့ နာကျင်မှုတွေ အတွက် အပြင်ပန်း မဟုတ်တောင် စိတ်ထဲက ကျိတ် ငိုကျွေးခဲ့ရသလား။
အဲဒါ အချစ်လေ။
မင်းရဲ့ မေတ္တာစစ် မေတ္တာမှန်နဲ့ မင်းရဲ့ ရင်တွင်း ခံစားချက်တွေကို သူ
မြင်နိုင်ရဲ့လား။
ဒါမှ အချစ်လေ။
ဒုက္ခတွေ သုခတွေနဲ့ စည်းနှောင်ထားပြီး အဲဒီ ကြီးမားတဲ့ အားတွေက မင်းတို့
နှစ်ယောက်ကို လက်တွဲညီညီ ဖြစ်အောင် ဖန်တီးထားတာလား။
ဒါဆို အချစ်လေ။
သူ့ရဲ့ အားနည်းချက်တွေကို သူ့ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ လက်ခံထားတာလား။
အဲဒါ အချစ်ပါ။
တခြားသူတွေကို စွဲဆောင်ဖို့ ကြိုးစားပေမယ့် သူ့ကိုပဲ
အကြောင်းပြချက်မရှိဘဲ သစ္စာရှိရှိနဲ့ အတူ လက်တွဲနေသလား။
ဒါဆို အချစ်လေ။
မင်းရဲ့ နှလုံးသား၊ မင်းရဲ့ အသက်နဲ့ မင်းရဲ့ ဘ၀ကို သူ့ကို ပေးဖို့ ၀န်မလေးဘူးလေ။
ဒါဟာ အချစ်ပဲပေါ့။
emoboy7327@gmail.com
လူတွေ အားလုံ...းအတွက် စဉ်းစားကြည့်ရအောင်လို့ တင်ပြလိုက်ပါတယ်။
ဇောချွေးတွေ ပြန်နေတာလား။ ရင်ခုန်နှုန်းတွေ တဒုန်းဒုန်းနဲ့ ဖြစ်နေတာလား။
ပြောဖို့ စကားတွေက ရင်ခေါင်းထဲကနေကို မထွက်ဘူး ဖြစ်နေတာလား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ သဘောကျတာပါ။
မင်းရဲ့ မျက်စိအောက်က အပျောက်ကို မခံနိုင်ဘူး။ တစ်ခဏလေး
လက်တွဲဖြုတ်ရမှာကို သိပ်စိုးရိမ်နေတယ်။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ရမ္မက်ပါ။
ဂုဏ်ယူပြီး သူ့ကို ထုတ်ကြွားမယ်။ အဲဒီလို ထုတ်ကြွားရတာကိုပဲ သဘောကျနေတယ်။
ဒါ အချစ် မဟုတ်ဘူး။ မင်း ကံကောင်းလို့ပါ။
မင်းရဲ့ အနားက တစ်ဖ၀ါးမှ မကွာ သူ့ကို နေစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အထီးကျန်လို့လေ။
လူတိုင်း လိုလားအပ်တဲ့ အရာတစ်ခုမို့ သူ့ကို မင်းအနားမှာ ရှိစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ ပိုင်ဆိုင်ချင်စိတ်ပါ။
သူက မင်းကို အနမ်းလေး ပေးတယ်။ မင်းရဲ့ လက်ကလေးကို မြဲမြဲ
ဆုပ်ကိုင်ထားလို့ မင်း သူ့အနားမှာ ရှိနေတာလား။
ဒါ အချစ် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေလို့ပါ။
အချစ်ပါလို့ ဖြောင့်ချက်ပေးပြီး သူ့အနားမှာ မင်းနေပေးတာ သူ့ကို လုံးဝ
မထိခိုက်စေချင်လို့ မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ သနားတာလေ။
သူ့ရဲ့ အကြည့်တစ်ချက်မှာ ရင်ခုန်သံ ရပ်တန့်မတတ် ဖြစ်သွားလို့ သူ့ကို
ပုံအပ်လိုက်ချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အရူးအမူး စွဲလမ်းတာ လောက်ပါ။
သူ့ကို သိပ် ဂရုစိုက်လို့ သူ့အပြစ်တွေကို ခွင့်လွတ်ပေးနိုင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုပါ။
အတွေးထဲမှာ နေ့တိုင်းလိုလို သူ့တစ်ယောက်တည်းပဲ ရှိနေတယ်လို့ မင်း သူ့ကိုပြောသလား။
ဒါ အချစ် မဟုတ်ဘူး။ လိမ်နေတာ။
သူ့အတွက် ကိုယ့်ကြိုက်တဲ့ အရာအားလုံးကို စွန့်လွှတ်ဖို့ ၀န်မလေးဘူး မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ပေးကမ်း စွန့်ကြဲ ရဲတဲ့ စိတ်ဓါတ်ပါ။
သူ ၀မ်းနည်းတဲ့အခါ မင်း အသည်းကြွေမတတ် ခံစားရသလား။
ဒါမှ အချစ်လေ။
သူရဲ့ နာကျင်မှုတွေ အတွက် အပြင်ပန်း မဟုတ်တောင် စိတ်ထဲက ကျိတ် ငိုကျွေးခဲ့ရသလား။
အဲဒါ အချစ်လေ။
မင်းရဲ့ မေတ္တာစစ် မေတ္တာမှန်နဲ့ မင်းရဲ့ ရင်တွင်း ခံစားချက်တွေကို သူ
မြင်နိုင်ရဲ့လား။
ဒါမှ အချစ်လေ။
ဒုက္ခတွေ သုခတွေနဲ့ စည်းနှောင်ထားပြီး အဲဒီ ကြီးမားတဲ့ အားတွေက မင်းတို့
နှစ်ယောက်ကို လက်တွဲညီညီ ဖြစ်အောင် ဖန်တီးထားတာလား။
ဒါဆို အချစ်လေ။
သူ့ရဲ့ အားနည်းချက်တွေကို သူ့ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ လက်ခံထားတာလား။
အဲဒါ အချစ်ပါ။
တခြားသူတွေကို စွဲဆောင်ဖို့ ကြိုးစားပေမယ့် သူ့ကိုပဲ
အကြောင်းပြချက်မရှိဘဲ သစ္စာရှိရှိနဲ့ အတူ လက်တွဲနေသလား။
ဒါဆို အချစ်လေ။
မင်းရဲ့ နှလုံးသား၊ မင်းရဲ့ အသက်နဲ့ မင်းရဲ့ ဘ၀ကို သူ့ကို ပေးဖို့ ၀န်မလေးဘူးလေ။
ဒါဟာ အချစ်ပဲပေါ့။
emoboy7327@gmail.com
Saturday, June 9, 2012
မိန်းမပျိုလေး
အလွမ်းငွေ့တွေပျံလွင့်.....
အချစ်ဆိုတာရင်ဘတ်ကိုရှို့တဲ့..မီဒုတ်ပါ..
ဘာမှမသိချင်တော့ပါဘူး...
မှားယွင်းခဲ့တာတွေ...ပျောညံ့ခဲ့တာတွေ...
သုညတွေသာပေးခဲ့တဲ့ဘ၀နဲ့....
ချစ်ရသူရဲ့......
မျက်တောင်ကော့ကော့အောက်က....
အကြည်စူးစူးတွေ...
ဘာမှမသိချင်တော့ပါဘူး...
ငွေ၇ှိမှအချစ်စစ်တွေတဲ့..လောကနဲ့...
စိတ်ဆန္ဒအရောင်ဆိုးခဲ့တာတွေ....
တကယ်ဆို...
နိဒါန်းမရောက်ခင်ကတည်က...
နိဂုံးရောက်ခဲ့တာတွေ....
သိချင်တော့ပါဘူးကွယ်....
ရင်ကွဲးနာကျနေသူမို့ပါ.......
.......မိန်းမပျိုလေး
...သို့
emoboy7327@gmail.com
အချစ်ဆိုတာရင်ဘတ်ကိုရှို့တဲ့..မီဒုတ်ပါ..
ဘာမှမသိချင်တော့ပါဘူး...
မှားယွင်းခဲ့တာတွေ...ပျောညံ့ခဲ့တာတွေ...
သုညတွေသာပေးခဲ့တဲ့ဘ၀နဲ့....
ချစ်ရသူရဲ့......
မျက်တောင်ကော့ကော့အောက်က....
အကြည်စူးစူးတွေ...
ဘာမှမသိချင်တော့ပါဘူး...
ငွေ၇ှိမှအချစ်စစ်တွေတဲ့..လောကနဲ့...
စိတ်ဆန္ဒအရောင်ဆိုးခဲ့တာတွေ....
တကယ်ဆို...
နိဒါန်းမရောက်ခင်ကတည်က...
နိဂုံးရောက်ခဲ့တာတွေ....
သိချင်တော့ပါဘူးကွယ်....
ရင်ကွဲးနာကျနေသူမို့ပါ.......
.......မိန်းမပျိုလေး
...သို့
emoboy7327@gmail.com
မင်းသိလာမှာပါချစ်သူရယ်
နှလုံးသားရင်းကာချစ်ခဲ့သမျှ
အမုန်းသမားစာရင်းမှာတစ်ကရ
မင်းပေးတဲ့ဆုလာဘ်
ခုတစ်သက်မမေ့နိုင်စရာပါပဲ
ယနေ့ထက်တိုင်ပါပဲ ချစ်သူရယ်
မရင့်ကျက်နိုင်တဲ့နှလုံးသားကို
တစ်ဆင့်ထပ်ပြီး အနိုင်နဲ့မုန်မသွားပါနဲ့
ငါ့မှာဒဏ်ရာတွေများနေလို့ပါ
အမုန်းတွေမရှိဘူးလို့ထင်ခဲ့သမျှ
အခုတော့ရင်ကွဲရပြီပေါ့လေ
နှလုံးသားတစ်ခုအေးချမ်းဖို့အတွက်
နှလုံးသားတစ်ခုဝေးလှမ်းသွားတာ
သဘာဝကျပါတယ်ချစ်သူရယ်
ဘေးစကားတွေကိုအလေးမထား
အသွေးအသားထဲကချစ်ခဲ့တာ
တစ်နေ့တော့မင်းသိလာမှာပါချစ်သူရယ်
emoboy7327@gmail.com
အမုန်းသမားစာရင်းမှာတစ်ကရ
မင်းပေးတဲ့ဆုလာဘ်
ခုတစ်သက်မမေ့နိုင်စရာပါပဲ
ယနေ့ထက်တိုင်ပါပဲ ချစ်သူရယ်
မရင့်ကျက်နိုင်တဲ့နှလုံးသားကို
တစ်ဆင့်ထပ်ပြီး အနိုင်နဲ့မုန်မသွားပါနဲ့
ငါ့မှာဒဏ်ရာတွေများနေလို့ပါ
အမုန်းတွေမရှိဘူးလို့ထင်ခဲ့သမျှ
အခုတော့ရင်ကွဲရပြီပေါ့လေ
နှလုံးသားတစ်ခုအေးချမ်းဖို့အတွက်
နှလုံးသားတစ်ခုဝေးလှမ်းသွားတာ
သဘာဝကျပါတယ်ချစ်သူရယ်
ဘေးစကားတွေကိုအလေးမထား
အသွေးအသားထဲကချစ်ခဲ့တာ
တစ်နေ့တော့မင်းသိလာမှာပါချစ်သူရယ်
emoboy7327@gmail.com
တသက်တာအချစ်
ကောင်မလေးရယ်
မက်မောစရာမရှိတဲ့ငါ့ ကဘာထဲမှာ
မင်းခဏတာနားခိုခဲ့တာလား
ဒါမှမဟုတ် ငါလိုကောင်ကို
ကဘာ ပြိုအောင်တမင်လုပ်ခဲ့တာလား
ငါ့မှာမင်းကိုချစ်တာတစ်ခုဘဲ ချမ်းသာတာပါ
အရာရာနိမ့်ကျတဲ့ငါ့ဘ၀ကို
မြေထဲရောက်အောင်မလုပ်ပါနဲ့
မင်းကိုချစ်သူလို့ခေါ်တဲ့ငါ့ပါးစပ်
အခုထိယောင်ပြီးထွက်နေဆဲပါ
မင်းကိုမုန်းလို့မရတဲ့ငါ့ဘဝ
အမြဲခံစားနေရမှာပါပဲလေ
ဒီဘ၀ရဲ့အချစ်သမိုင်းမှာ
မင်းအနိုင်နဲ့ပိုင်းသွားခဲ့ပြီပေါ့
မင်းကိုအရှုံးပေးနေရကိနဲ့
ဘာလို့အမုန်းကြွေးတွေထပ်နေရတာလဲ
မင်းပေးတဲ့အမုန်းတွေကိုပိုက်ပြီး
ငါပြုံးနေလိုက်ပါမယ်ကောင်မလေးရယ်
ငါ့ရင်ထဲကတော့တစ်သက်လုံး
မင်းကိုချစ်နေဦးမှာပါပဲလေ
emoboy7327@gmail.com
မက်မောစရာမရှိတဲ့ငါ့ ကဘာထဲမှာ
မင်းခဏတာနားခိုခဲ့တာလား
ဒါမှမဟုတ် ငါလိုကောင်ကို
ကဘာ ပြိုအောင်တမင်လုပ်ခဲ့တာလား
ငါ့မှာမင်းကိုချစ်တာတစ်ခုဘဲ ချမ်းသာတာပါ
အရာရာနိမ့်ကျတဲ့ငါ့ဘ၀ကို
မြေထဲရောက်အောင်မလုပ်ပါနဲ့
မင်းကိုချစ်သူလို့ခေါ်တဲ့ငါ့ပါးစပ်
အခုထိယောင်ပြီးထွက်နေဆဲပါ
မင်းကိုမုန်းလို့မရတဲ့ငါ့ဘဝ
အမြဲခံစားနေရမှာပါပဲလေ
ဒီဘ၀ရဲ့အချစ်သမိုင်းမှာ
မင်းအနိုင်နဲ့ပိုင်းသွားခဲ့ပြီပေါ့
မင်းကိုအရှုံးပေးနေရကိနဲ့
ဘာလို့အမုန်းကြွေးတွေထပ်နေရတာလဲ
မင်းပေးတဲ့အမုန်းတွေကိုပိုက်ပြီး
ငါပြုံးနေလိုက်ပါမယ်ကောင်မလေးရယ်
ငါ့ရင်ထဲကတော့တစ်သက်လုံး
မင်းကိုချစ်နေဦးမှာပါပဲလေ
emoboy7327@gmail.com
အဲဒါအချစ်လား..................
အချစ်ဆိုတာ ငါအခုထိမသိသေးဘူး
ဒါပေမဲ့ မင်းကိုစတွေ့တဲ့နေ့မှာ
ငါ့နှလုံးသားမှာ မင်းရဲ့ ပုံရိပ် ခဲပန်းချီလို့
စွဲထင်ခဲ့တယ် ငါသတိရတယ် ပြီးတော့လွမ်းတတ်လာတယ်
ငါ့နှလုံးသားက မင်းရဲ့ပုံရိပ်က မှော်ပန်းချီလို
အသက်ဝင်လှုပ်ရှားလာတယ် ယိမ်းနွဲ့တယ် မူဟန်ပိုတယ်
ငါအနေရခက်တယ် စိတ်ရဲ့ခံစားမှုက ငါ့နှလုံးသားမှာ
အခုဆို မင်းပုံရိပ်က အကောင်းဆုံး အနက်ရှိုင်းဆုံ
အသက်ဝင်ဆုံး ဆေးရေးပန်းချီကား တစ်ချက်ဖြစ်နေပြီ
ငါမသိလိုက်ပါလား အဲဒါအချစ်လား..................
emoboy7327@gmail.com
ဒါပေမဲ့ မင်းကိုစတွေ့တဲ့နေ့မှာ
ငါ့နှလုံးသားမှာ မင်းရဲ့ ပုံရိပ် ခဲပန်းချီလို့
စွဲထင်ခဲ့တယ် ငါသတိရတယ် ပြီးတော့လွမ်းတတ်လာတယ်
ငါ့နှလုံးသားက မင်းရဲ့ပုံရိပ်က မှော်ပန်းချီလို
အသက်ဝင်လှုပ်ရှားလာတယ် ယိမ်းနွဲ့တယ် မူဟန်ပိုတယ်
ငါအနေရခက်တယ် စိတ်ရဲ့ခံစားမှုက ငါ့နှလုံးသားမှာ
အခုဆို မင်းပုံရိပ်က အကောင်းဆုံး အနက်ရှိုင်းဆုံ
အသက်ဝင်ဆုံး ဆေးရေးပန်းချီကား တစ်ချက်ဖြစ်နေပြီ
ငါမသိလိုက်ပါလား အဲဒါအချစ်လား..................
emoboy7327@gmail.com
အသဲပုံလေးတွေ နဲ့အတူ
တင်ပြီးသား ရှိပြီးသား ဖြစ်နေပါက အဟီးးး ဆောရီးနော်
ဒီဆော့ဝဲလ်လေးကတော့
မိမိချစ်သူကိုပြောချင်တဲ့ စကားလေး ရှိတယ်လို့ပြောပြီး
သူ.ကိုလက်ဆောင်ပေးလိုက်ပါ
အသဲပုံလေးတွေ နဲ့အတူ ကိုယ်ပြောချင်တဲ့ စကားလေးကို
ဖော်ပြပေးသွားပါလိမ့်မယ်
emoboy7327@gmail.com
ဒီဆော့ဝဲလ်လေးကတော့
မိမိချစ်သူကိုပြောချင်တဲ့ စကားလေး ရှိတယ်လို့ပြောပြီး
သူ.ကိုလက်ဆောင်ပေးလိုက်ပါ
အသဲပုံလေးတွေ နဲ့အတူ ကိုယ်ပြောချင်တဲ့ စကားလေးကို
ဖော်ပြပေးသွားပါလိမ့်မယ်
emoboy7327@gmail.com
တည်မြဲချင်တဲ့ ငါ
ချစ်သူလေး
မင်းက မင်းကရွေ့လျားနေတဲ့ လေပြေ
မင်းကကြွေနေတဲ့ ရွက်ဝါ
မင်းထွက်သွားတော့မယ့် ရထား
ငါက တည်မြဲချင်တဲ့ ငါ
emoboy7327@gmail.com
မင်းက မင်းကရွေ့လျားနေတဲ့ လေပြေ
မင်းကကြွေနေတဲ့ ရွက်ဝါ
မင်းထွက်သွားတော့မယ့် ရထား
ငါက တည်မြဲချင်တဲ့ ငါ
emoboy7327@gmail.com
နှင်းဆီအတွက်အဖြည်.ခံ
ရနံ့ပြင်းတဲ့............နှင်းဆီ
ဆူးတွေဝိုင်းရံနေတဲ့နှင်းဆီ
ဆူစေချင်မူးစေချင်လို့
ရနံ့ပြင်း ဆူခက်ခင်းတာမဟုတ် ....
လှပတဲ့ ပွင့်ဖက်
မွေးပျံ့စေတဲ့ဝတ်မှုံ
မကြွေပဲဝေစေ
မနွမ်းပဲလန်းစေဖို့
ဝိုင်းရံထားတဲ့ဆူးချက်
အဖြည့်ခံသက်သက်ပေါ့
နှင်းဆီရယ်...............
တကယ်တော့..............
ကိုယ့်ဘ၀ကလည်း
နှင်းဆီအောက်က
အဖြည့်ခံဆူးချက်ပါ
နှင်းဆီ၇ယ်.............
နှင်းဆီကို ကျရောက်မယ့်
အန္တရာယ်ကို ကာကွယ်ယုံသက်သက်
နှင်းဆီအတွက်.............
အဖြည့်ခံသက်သက်
ဆူးချက်ကလေးပါ............
နှင်းဆီ.................

emoboy7327@gmail.com
ဆူးတွေဝိုင်းရံနေတဲ့နှင်းဆီ
ဆူစေချင်မူးစေချင်လို့
ရနံ့ပြင်း ဆူခက်ခင်းတာမဟုတ် ....
လှပတဲ့ ပွင့်ဖက်
မွေးပျံ့စေတဲ့ဝတ်မှုံ
မကြွေပဲဝေစေ
မနွမ်းပဲလန်းစေဖို့
ဝိုင်းရံထားတဲ့ဆူးချက်
အဖြည့်ခံသက်သက်ပေါ့
နှင်းဆီရယ်...............
တကယ်တော့..............
ကိုယ့်ဘ၀ကလည်း
နှင်းဆီအောက်က
အဖြည့်ခံဆူးချက်ပါ
နှင်းဆီ၇ယ်.............
နှင်းဆီကို ကျရောက်မယ့်
အန္တရာယ်ကို ကာကွယ်ယုံသက်သက်
နှင်းဆီအတွက်.............
အဖြည့်ခံသက်သက်
ဆူးချက်ကလေးပါ............
နှင်းဆီ.................
အချစ်တည်နေရာ
အချစ်တည်နေရာ
အကြည့်မှတ်တိုင်ကို သွား
သံယောဇဉ် ကားကို စီး
၅၂၈ လမ်းမှာဆင်း
အိမ်နံပါတ် ၁၅၀၀ ကိုဝင်
အဲဒီမှာ အချစ်ရှိတယ်
emoboy7327@gmail.com
ချစ်ဦးသူ
မဖြစ်သင့်တော့ဘူးလို.ဘယ်လိုပဲတားတား
တစ်ချိန်ကအယုအယတွေကြားမှာပျော်တော့ပျော်ခဲ့ကြဖူးတာပါပဲ
မုန်းလိုက်ပြီမေ့လိုက်ပြီရယ်လို.စိတ်ကိုဘယ်လိုပဲပိုင်းခြားထားပေမယ့်
သတင်းစကားတွေကြားမှာ အနည်းအများတော့တုန်လှုပ်မိသေးတာပါပဲ
ဘာလိုလဲ ဆိုတော့ မင်းနဲ.ငါနဲ.က
တစ်ချိန်ကသိပ်ချစ်ခဲ့ကြတဲ့ချစ်သူတွေလေ ............
emoboy7327@gmail.com
တစ်ချိန်ကအယုအယတွေကြားမှာပျော်တော့ပျော်ခဲ့ကြဖူးတာပါပဲ
မုန်းလိုက်ပြီမေ့လိုက်ပြီရယ်လို.စိတ်ကိုဘယ်လိုပဲပိုင်းခြားထားပေမယ့်
သတင်းစကားတွေကြားမှာ အနည်းအများတော့တုန်လှုပ်မိသေးတာပါပဲ
ဘာလိုလဲ ဆိုတော့ မင်းနဲ.ငါနဲ.က
တစ်ချိန်ကသိပ်ချစ်ခဲ့ကြတဲ့ချစ်သူတွေလေ ............
emoboy7327@gmail.com
10000ks
ငွေစက္ကူသစ်၏ မျက်နှာဘက်
ငွေစက္ကူသစ်၏ ကျောဘက်
လက်ရှိ
လှည့်လည် သုံးစွဲလျှက် ရှိသော ငွေစက္ကူများနှင့် ငွေအကြွေ များသည်လည်း
တရားဝင်သုံးစွဲငွေ အဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော်
ဗဟိုဘဏ်မှ ထုတ်ပြန် ကြေညာခဲ့သည်။
မြန်မာနိုင်ငံတွင်
၁၉၉၄ ခုနှစ် နောက်ပိုင်း ငွေစက္ကူ အမျိုးအစားပေါင်း ၁၈ မျိုး ထုတ်ဝေခဲ့ပြီး
ယခု အကြိမ်မှာ ၁၉ ကြိမ်မြောက် ထုတ်ဝေသည့် ငွေစက္ကူ အမျိုးအစားသစ်
ဖြစ်ကြောင်း မှတ်တမ်းများ အရသိရသည်။
နောက်ဆုံး ထုတ်ဝေထားသည့် ငါးထောင်ကျပ်တန် ငွေစက္ကူကို ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။
၁၉၉၄
ခုနှစ် နောက်ပိုင်း ထုတ်ဝေခဲ့သည့် ငွေစက္ကူ အမျိုးအစားသစ် ၁၉ မျိုးတွင်
အမှတ်အသားများ ထည့်သွင်းရာ၌ အမျိုးအစား သုံးမျိုးမှ လွဲ၍ ကျန် ၁၆ မျိုးအား
ခြသေ့င်္ရုပ်ပုံများသာ သုံးစွဲခဲ့ခြင်းဖြစ်သည်။
ယခုအစိုးရသစ်
လက်ထက်တွင် ထုတ်ဝေသည့် တစ်သောင်းကျပ်တန် ငွေစက္ကူသစ်၌ အလယ်ပိုင်းတွင်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် မြေပုံ၊ ၎င်းကို ၀န်းရံထားသော သပြေခက်
နှစ်ခက်၊ မျက်နှာချင်းဆိုင် တည်ရှိနေသည့် မြန်မာ့အနုပညာ လက်ရာမြောက်
ဆင်ဖြူတော် နှစ်စီးနှင့် ထိပ်တွင် ကြာဖြူတစ်ပွင့် ရိုက်နှိပ်ထားကြောင်း၊
အရောင်မှာ အပြာရောင် ဖြစ်ကြောင်း၊ ကျောဖက်တွင် ရတနာပုံ မန္တလေး နန်းတော်၏
မြို့ရိုးနှင့် ကျုံးပုံကို ရိုက်နှိပ်ထားကြောင်း၊ ဘေးဘောင်များတွင်
မြန်မာ့ အနုပညာ လက်ရာမြောက် ကနုတ်ပန်းခက်များကို ရိုက်နှိပ်ထားကြောင်း
သိရသည်။
မြန်မာငွေကျပ် ရာဇ၀င်အချို့
မင်းတုန်းမင်း
လက်ထက် မြန်မာသက္ကရာဇ် ၁၂၂၇ ခုနှစ်တွင် မန္တလေးနေပြည်တော်၌ ဒင်္ဂါးစက်ရုံကို
တည်ထောင်ခဲ့ပြီး တစ်ကျပ်၊ ငါးမူး၊ တစ်မတ်၊ တစ်မူး၊ တစ်ပဲ စသည်ဖြင့်
စုစုပေါင်း ၅ မျိုးအား သွန်းလုပ်ခဲ့ကြောင်း သိရှိရသည်။
ယင်းနောက်
လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင်မှ မြန်မာငွေကြေး စနစ်တွင် ကျပ်၊ ပဲ၊
ပိုင် စနစ်မှ ကျပ်၊ ပြားစနစ်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်ဟု
မှတ်တမ်းများအရ သိရသည်။
၁၉၅၂
ခုနှစ်တွင် တစ်ပြား၊ ငါးပြား၊ ဆယ်ပြား၊ ၂၅ ပြား၊ ၅၀ ပြား နှင့် ၁
ကျပ်စေ့များ ထုတ်ဝေခဲ့ကြောင်းနှင့် ယင်းတို့နောက်မှ ၁၉၇၂ ခုနှစ်မှ ၁၉၇၉
ခုနှစ်အတွင်း ၁ ကျပ်၊ ၅ ကျပ်၊ ၁၀ ကျပ်၊ ၂၅ ကျပ်၊ ၅၀ ကျပ်နှင့် ၁၀၀ ကျပ်တန်
အမျိုးအစား ငွေစက္ကူ အမျိုးအစားများကို ထုတ်ဝေ အသုံးပြုခဲ့ကြကြောင်း သိရသည်။
၁၉၈၅
ခုနှစ် နိုဝင်ဘာလတွင် အဆိုပါ အမျိုးအစားများထဲမှ ၂၅ ကျပ်၊ ၅၀ကျပ်နှင့် ၁၀၀
ကျပ်တန်များမှာ သုံးစွဲခွင့် မရတော့ကြောင်း သိရသည်။ ၁၉၈၅ ခုနှစ်တွင် ၇၅
ကျပ်တန် အမျိုးအစား ငွေစက္ကူ၊ ၁၉၈၆ ခုနှစ် သြဂုတ်လတွင် ၁၅ ကျပ်တန် နှင့် ၃၅
ကျပ်တန် ငွေစက္ကူများ ထုတ်ဝေ သုံးစွဲခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် အဆိုပါ
အမျိုးအစားများ သုံးစွဲခွင့် မရရှိတော့ကြောင်း သိရသည်။
ထို့နောက်တွင်မှ
၄၅ ကျပ်တန်နှင့် ၉၀ ကျပ်တန် အမျိုးအစား ငွေစက္ကူများ၊
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူအမျိုးအစားများ ထုတ်ဝေခဲ့ပြီး
လက်ရှိသုံးစွဲနေသည့် ငွေစက္ကူများ နည်းတူသုံးစွဲခွင့် ရှိနေသေးကြောင်း
သိရသည်။
၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက် နေ့တွင် တစ်သောင်းကျပ်တန် ငွေစက္ကူသစ်စတင်
ထုတ်ဝေမည် ဖြစ်ကြောင်း ဇွန်လ ၇ ရက်နေ့တွင် နိုင်ငံပိုင်ရုပ်သံ မှတစ်ဆင့်
ကြေညာချက် ထုတ်ပြန်ခဲ့သည်။မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် စတင် ထုတ်ဝေမည် ဖြစ်ကြောင်း၊ ငွေစက္ကူသစ်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေးဌာနတွင် လည်းကောင်း၊ ဘဏ်များနှင့် အစိုးရ ငွေတိုက်များတွင် လည်းကောင်း ဘဏ်ဖွင့်ချိန် အတွင်း ထုတ်ပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
လက်ရှိ လှည့်လည် သုံးစွဲလျှက် ရှိသော ငွေစက္ကူများနှင့် ငွေအကြွေ များသည်လည်း တရားဝင်သုံးစွဲငွေ အဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန် ကြေညာခဲ့သည်။
မြန်မာနိုင်ငံတွင် ၁၉၉၄ ခုနှစ် နောက်ပိုင်း ငွေစက္ကူ အမျိုးအစားပေါင်း ၁၈ မျိုး ထုတ်ဝေခဲ့ပြီး ယခု အကြိမ်မှာ ၁၉ ကြိမ်မြောက် ထုတ်ဝေသည့် ငွေစက္ကူ အမျိုးအစားသစ် ဖြစ်ကြောင်း မှတ်တမ်းများ အရသိရသည်။
နောက်ဆုံး ထုတ်ဝေထားသည့် ငါးထောင်ကျပ်တန် ငွေစက္ကူကို ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။
၁၉၉၄ ခုနှစ် နောက်ပိုင်း ထုတ်ဝေခဲ့သည့် ငွေစက္ကူ အမျိုးအစားသစ် ၁၈ မျိုးတွင် အမှတ်အသားများ ထည့်သွင်းရာ၌ အမျိုးအစား သုံးမျိုးမှ လွဲ၍ ကျန် ၁၆ မျိုးအား ခြသေ့င်္ရုပ်ပုံများသာ သုံးစွဲခဲ့ခြင်းဖြစ်သည်။
၁၉၉၄ ခုနှစ် မတ်လ ၂၇ ရက် နေ့တွင် ထုတ်ဝေသည့် ၅၀ ပြားတန် ငွေစက္ကူတွင် စောင်းရုပ်ပုံ၊ ၁၉၉၀ ပြည့်နှစ် မတ်လ ၁ ရက်နေ့တွင် ထုတ်ဝေသည့် ၁ ကျပ်တန် ငွေစက္ကူတွင် ဗိုလ်ချုပ် အောင်ဆန်းပုံ၊ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ထုတ်ဝေသည့် ၅၀၀၀ ကျပ်တန်တွင် ဆင်ဖြူတော်နှင့် လွှတ်တော်ပုံ စသည့် သုံးမျိုးမှလွဲ၍ ကျန်အမျိုးအစားများတွင် ခြင်္သေ့ရုပ်ပုံ သုံးစွဲထားခြင်းဖြစ်သည်။
ယခုအစိုးရသစ် လက်ထက်တွင် ထုတ်ဝေသည့် တစ်သောင်းကျပ်တန် ငွေစက္ကူသစ်၌ အလယ်ပိုင်းတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် မြေပုံ၊ ၎င်းကို ၀န်းရံထားသော သပြေခက် နှစ်ခက်၊ မျက်နှာချင်းဆိုင် တည်ရှိနေသည့် မြန်မာ့အနုပညာ လက်ရာမြောက် ဆင်ဖြူတော် နှစ်စီးနှင့် ထိပ်တွင် ကြာဖြူတစ်ပွင့် ရိုက်နှိပ်ထားကြောင်း၊ အရောင်မှာ အပြာရောင် ဖြစ်ကြောင်း၊ ကျောဖက်တွင် ရတနာပုံ မန္တလေး နန်းတော်၏ မြို့ရိုးနှင့် ကျုံးပုံကို ရိုက်နှိပ်ထားကြောင်း၊ ဘေးဘောင်များတွင် မြန်မာ့ အနုပညာ လက်ရာမြောက် ကနုတ်ပန်းခက်များကို ရိုက်နှိပ်ထားကြောင်း သိရသည်။
ငါးထောင်ကျပ်တန် ထုတ်ဝေစဉ်က သတင်းထုတ်ပြန်ပြီး တစ်ရက်တာ အချိန်အတွင်း၌သာ လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ပြီး ကာလတို ဈေးကွက်မှာ တစ်ရက်အလွန်ကာလ၌ ပုံမှန်အတိုင်း ပြန်လည် ငြိမ်သက်ခဲ့ကြောင်း၊ ရေရှည်ဈေးကွက် အလားအလာနှင့် အချို့ဈေးကစားသူများ၏ နည်းစနစ်များကို ခန့်မှန်းတတ်သည့်နောက် ထင်သလို မဖြစ်ခဲ့ပဲ ဈေးကွက်လှုပ်ရှားမှုမှာ တစ်ရက်သာ ခံခဲ့ခြင်းဖြစ်သည်ဟု မှတ်တမ်းများ အရ သိရသည်။
အရွယ်အစား ။ ။ ၁၅x၇ စင်တီမီတာ
ပေါ်လွင်သည့် အရောင် ။ ။ အပြာရောင်
မျက်နှာစာဘက် ။ ။ ထိပ်ပိုင်းတွင်
'မြန်မာနိုင်ငံတော်ဗဟိုဘဏ်' စာတမ်းရိုက်နှိပ်ထားပါသည်။ အလယ်ပိုင်းတွင်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် မြေပုံ၊ ၎င်းကို ၀န်းရံထားသော သပြေခက်
နှစ်ခက်၊ မျက်နှာချင်းဆိုင် တည်ရှိနေသည့် မြန်မာ့အနုပညာ လက်ရာမြောက်
ဆင်ဖြူတော်နှစ်စီးနှင့် ထိပ်တွင် ကြာဖြူတစ်ပွင့် ရိုက်နှိပ်ထားပါသည်။
ငွေစက္ကူတန်ဖိုးကို ဖော်ပြထားသည့် မြန်မာစာတန်း 'တစ်သောင်းကျပ်'ကိုလည်း
ရိုက်နှိပ်ထားပါသည်။ လက်ယာဘက်ပိုင်းတွင် မြန်မာ့ အနုပညာ လက်ရာမြောက်
ကနုတ်ပန်းခက်များကို ရိုက်နှိပ်ထားပါသည်။ ထောင့်သုံးထောင့်တွင်
ငွေစက္ကူတန်ဖိုးများကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါသည်။ ငွေစက္ကူ
တန်ဖိုးကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ရိုက်နှိပ်ထားပါသည်။
လက်ဝဲဘက်ပိုင်းတွင် ကြာဖြူပွင့်ပုံ ရေစာပါရှိပါသည်။ ငွေစက္ကူတွင် လုံခြုံရေး
ကြိုးတစ်ချောင်းကို ဒေါင်လိုက် ထည့်သွင်းထားပါသည်။
ကျောဘက် ။ ။ ထိပ်ပိုင်းတွင် "CENTRAL BANK OF MYANMAR" စာတန်းကို ရိုက်နှိပ်ထားပြီး ၎င်းစာတန်း၏ အောက်တွင် "TEN THOUSAND KYATS" ဟူသော စာတန်း ပါရှိပါသည်။ အလယ်ပိုင်းတွင် ရတနာပုံ မန္တလေးနန်းတော်၏ မြို့ရိုးနှင့် ကျုံးပုံကို ရိုက်နှိပ်ထားပါသည်။ ဘေးဘောင်များတွင် မြန်မာ့အနုပညာ လက်ရာမြောက် ကနုတ်ပန်းခက်များကို ရိုက်နှိပ်ထားပါသည်။ ထောင့်သုံးထောင့်တွင် ငွေစက္ကူ၏ တန်ဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ငွေကြေးသမိုင်းအချက်အလက်အချို့
မြန်မာနိုင်ငံတွင် ကျပ်ငွေကို ၁၉၈၅ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့(ပြည်ထောင်စုနေ့)တွင် ၁ ကျပ်၊ ၅ ကျပ်၊ ၁၀ ကျပ်တန် ငွေစက္ကူများအဖြစ် စတင်ထုတ်ဝေခဲ့သည်။
၁၉၈၅ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် ၂၀ ကျပ်၊ ၅၀ ကျပ်တန်များ ထုတ်ဝေခဲ့သည်။
၁၉၆၄ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ၅၀ ကျပ်၊ ကျပ် ၁၀၀ တန်များကို တရားမ၀င်ငွေစက္ကူအဖြစ် ကြေငြာခဲ့ကြောင်းသိရသည်။
၁၉၆၅ခုနှစ် ဧပြီ ၃၀ ရက်နေ့တွင် ငွေစက္ကူအသစ်များဖြစ်သော ၁ ကျပ်၊ ၅ ကျပ်၊ ၁၀ ကျပ်၊ ၂၀ ကျပ်တန်များ ထပ်မံထုတ်ဝေခဲ့သည်။
၁၉၅၈ ခုနှစ်နှင့် ၁၉၆၄ ခုနှစ် ထုတ် ၂၀ ကျပ်တန် ငွေစက္ကူများကို ၁၉၅၈ခုနှစ် နိုဝင်ဘာလ ၃ ရက်မှာ တရားဝင် ငွေစက္ကူအဖြစ်မှ ရပ်စဲခဲ့ပြန်သည်။
၁၉၇၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ၂၅ ကျပ်တန် ထုတ်ဝေခဲ့ပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်ဘဏ်ထုတ် ငွေစက္ကူများဖြစ်သော ၁၀၀ ကျပ်တန်ကို ၁၉၇၆ ဧပြီလ ၁၇ ရက်နေ့တွင် လည်းကောင်း၊ ၅၀ ကျပ်တန်ကို ၁၉၇၉ ဧပြီလ ၃၀ ရက်နေ့တွင် လည်းကောင်း၊ ၇၅ ကျပ်တန်ကို ၁၉၈၅ ခုနှစ် နိုဝင်ဘာ လ ၁၁ ရက်နေ့တွင်လည်းကောင်း၊ ၃၅ ကျပ်တန်ကို ၁၉၈၆ သြဂုတ်လ ၁ ရက်နေ့တွင် လည်းကောင်း၊ ၄၅ ကျပ်တန်နှင့် ကျပ် ၉၀ တန်ကို ၁၉၈၇ စက်တင်ဘာလ ၂၂ တွင် လည်းကောင်း အသီးသီးထုတ်ဝေခဲ့သည်။
၁၉၇၆ ခုနှစ်ထုတ် ၁၀၀ ကျပ်တန် ၁၉၇၉ ခုနှစ်ထုတ် ၅၀ ကျပ်တန် ငွေစက္ကူတို့ကို ၁၉၈၅ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် လည်းကောင်း၊ ၂၅ ကျပ်၊ ၃၅ ကျပ်၊ ၇၅ ကျပ်တန် ငွေစက္ကူများကို ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ တွင် လည်းကောင်း တရားဝင်ငွေကြေးအဖြစ်မှ အသီးသီးရပ်စဲခဲ့ကြောင်း သိရသည်။
Subscribe to:
Posts (Atom)