ပြန်မဆုံနိုင်မှန်း
သိနေပေမယ့်အမှတ်မရှိတဲ့
မျှော်လင့်ခြင်းတွေက..နင့်ကိုရှာဖွေနေကြတယ်လေ................။
မှန်းဆတမ်းတ
လွမ်းရအောင်လည်း....ကိုယ်ယောင်ဖျောက်သလို
ကောက်စရာခြေရာတောင်မချန်ခဲ့တဲ့နင့်ကို.....အရမ်းပဲချီးကျူးပါတယ်။
ခံစားချက်ဆိုတာ ဗလာ
အသိဥာဏ်တွေဝေဝါး..........ဘဝဆိုတာခါးမှန်း
နင်ပေးတဲ့
ပုစ္ဆာမဖြေမထုပ်နိုင်မှ...............ငါ့နားလည်လာခဲ့တယ်.....။
ဟင်းလင်းပြင်လို
အမှီိခိုမဲ့နေတဲ့ငါ့ရင်ခွင်ဟာ..
ခိုလုံစရာရင်ခွင်တစ်ခု မဖြစ်ခဲ့သလို
အခုတော့...အနားသတ်တွေတောင်မရှိတော့တဲ့
တောင်းစုတ်တစ်ခုလို...စုတ်ပြတ်သတ်နေတာ..နင့်ကြောင့်လို့လဲ..ငါမပြောတော့ပါဘူး။
လွမ်းတယ်ဆိုတဲ့
ဝေါဟာရတစ်ခုနဲ့
နင့်ကို..သတိတရတွေ့ချင်နေတာ
လုံလောက်တဲ့အကြောင်းပြမဟုတ်ဘူးလို့
နောကြေအောင်သိနေတဲ့
နင့်စိတ်ကြောင့်.....လက်လျှော့ပြီးတောလွမ်းရတောမယ်...။
No comments:
Post a Comment