Pages

Sunday, February 3, 2013

မျက်နှာဖုံးအောက်က စာမျက်နှာ

ငါ့စိတ်နဲ့ ငါကစားဖို့ 
 ငါ့လိပ်ပြာကို စတေးခဲ့တယ်.
 ဒီရင်မှာတော့ ဗလာဖြစ် ကျန်ခဲ့ပေမယ့်
 ထုနဲ့ထည်နဲ့ ဆိတ်သုဉ်းနေတဲ့ကောင်ပါ..။

-နာကျည်းနေတဲ့ ချစ်သူ့ စကားသံက
 (..နင့်ကို ငါမမုန်းရက်ပါဘူး.
  ဒါပေမယ့် ရင်ထဲမှာတော့ နာတယ်...၊ . .)
 ကြားတစ်ချက် မကြားတစ်ချက်နဲ့
 ရင်ကွဲမတတ် ခံစားနေရပေမယ့်
 လေတိုးသံကြောင့်မဟုတ်တာတော့
 သေချာပါတယ်..။

-မင်းဟာ ကိုယ့်အတွက်တော့
 နေ့ နံထောင့်မှာစောင့်တဲ့
 နတ်သမီးတစ်ပါးပါပဲ
 ရူးသွပ်စွာ ကိုးကွယ်ခဲ့ဖူးတာပေါ့..။

-မဖြစ်နိုင်ဘူးဆိုတာ
 ကိုယ့်နိယာမ မဟုတ်ပေမယ့်
 မဖြစ်သင့်တဲ့ အကြောင်းအရာတွေကြောင့်
 နှလုံးသားကို ဥပေက္ခာပြုပြီး
 ဦးနှောက်နဲ့ စဉ်းစားခဲ့တာကို
 ဆင်ခြေတစ်ခုရယ်လို့ 
 မင်းက ထင်နေတာကိုး..။

-ငါ့အပြုံးမျက်နှာမှာ
 ကြေကွဲခြင်းတွေ ဝေ့သီနေတယ်
 ...တောင်းပန်ပါတယ်ကွာ
 ငါ့ရယ်သံမှာ မျက်ရည်စတွေနဲ့မို့ ...။

-တကယ်ပြီးဆုံးသွားပြီလားလို့ 
 တွေးမိတဲ့အခါတိုင်း
 နှလုံးသားရဲ့ အတွင်းဘက်ဆုံး အပိုင်းမှာ
 နာကျင်ခံစားရတဲ့ အဖြစ်ရယ်..။

-အခုဆို..ငါ့ရင်ထဲမှာ
 လေပွေတွေ လဲ့လဲ့တိုက်ခတ်တယ်.
 စိတ်ထဲခံစားနေရသလောက်
 လေထဲပျံ့ ဝဲလိုက်ရရင်
 ဝေဒနာတစ်ပိုင်း မီးခိုးတစ်ပိုင်း
 ဖြစ်သွားတော့မယ်..။

-စာတစ်ကြောင်းသီတိုင်း
 ဆေးစက်ထင်ခဲ့ ငါ့မျက်ရည်
 အပြစ်မကင်းတဲ့ စာသားတွေက
 သက်သေဖြစ်လိမ့်မယ်.
 မငိုပဲကျတဲ့ မျက်ရည်
 တားနိုင်စွမ်း မရှိခဲ့ပြီ..။

-အခုတော့..
 အချစ်ကြောင့် ခေါင်းမော့ဖူးသူ
 အချစ်ကြောင့်ပဲ အခါခါ ခေါင်းငုံ့ ရင်း
 ည.ည အိပ်မက်ထဲမှာတော့
 ချစ်သူ့ ခြေရာလေးကိုတောင်
 အခါခါ ဒူးထောက်မိလေရဲ့ ..။    ။

No comments:

Post a Comment