Pages

Sunday, February 3, 2013

ကဗျာမဆန်တဲ့ ကဗျာ

-ငါ့ရဲ့ ကစားပွဲတိုင်း အရှုံးတွေချည်း ထပ်ခဲ့

 ဒါပေမယ့် .... အခွင့်သင့်ရင်

 ဝှက်ထားတဲ့ စပိတ်တစ်ကို ထုတ်အသုံးချချင်တယ် ...

 လှည့်ဖြားတတ်တဲ့ ကံကြမ္မာကို

 တခါတလေတော့ ပြန်ပြီး ကောက်ကျစ်သင့်တယ်လေ။


-ဒီလိုနဲ့ ... လဲကျနေတဲ့အထိ

 ကံဇာတာက တက်မလာဘူး .....

 အတိတ်တစ်ခုလုံးလည်း မှောင်လှပြီ။



-နောင်တတွေနဲ့ မွန်းကျပ်ဖူးပါရဲ့ ....

 အဲဒီလွတ်လပ်မှုတွေကိုပဲ အပြစ်တင်ရင်း

 မဖြေချင်တဲ့ မေးခွန်းကို

 ထပ်ခါတလဲလဲ ဖြေနေရ .....။


-တကယ်ဆို ဒီနေရာက ထွက်သွားသင့်ပြီ

 ငါဘာကို ကြောက်နေတာလဲ?

 လောကမှာ ဘာကို ကြောက်လို့ ကြောက်ရမှန်းမသိတာ

 ကြောက်စရာ အကောင်းဆုံးပဲ။


-အတ္တကြီးလွန်းတဲ့ လူတွေကို ငါမုန်းတယ်။


-မှန်အမြဲကြည့်နေတဲ့ လူတွေကို ငါမုန်းတယ်။


-ကယ်တင်ရှင်ယောင် ဆောင်တဲ့ လူတွေကို ငါမုန်းတယ်။


-သေချာတာကတော့ ...

 လူမဆန်တဲ့ လူတွေကို ငါ မုန်း တယ်။ ။

No comments:

Post a Comment