Pages

Saturday, February 2, 2013

ဟန်ဆောင်တတ်သူရဲ့နိဂုံး

 သစ္စာတွေ အခြေပြုလို့ 

ကျိန်ဆိုမှုတွေ အမျိုးမျိုးနဲ့ 

မေတ္တာကို လှည့်စားတတ်တဲ့သူ......

ကဗျာ တွေ စာတွေ ဖွဲ့ ကာ

သနားစိတ်တွေဝင်လာအောင်လို့ 

သွေးဆောင်တတ်တဲ့ သူ..........

မာယာအမျိုမျိုး.လှည့်ဖြားမှု အမျိုးမျိုးနဲ့ 

သစ္စ္စာရှိယောင်ဆောင်တတ်တဲ့ သူ......

မရှိကို အရှိလုပ်ပြီး

ဟန်ရေးပြတတ်တဲ့ သူ.....

နောက်ကွယ်မှာ

ဖေါက်ပြန်မှု အမျိုးမျိုးနဲ့ 

လူတွေ မသိအောင်နေပြတတ်တဲ့ သူ....

ဟန်ဆောင်ကောင်းတဲ့ 

သူ့ လိုလူကို..

စွန့် လွှတ်လိုက်မှ..

စိတ်အေးချမ်းသာ

နေနိုင်မှာမို့ .

ကျိန်ဆိုခဲ့ တဲ့  စကားတွေအတိုင်း

ဘ၀မှာ မခံစားရစေနဲ့ လို့ 

ဆန္ဒပြုရင်း.......
You might also like:

No comments:

Post a Comment