အချစ်ကို အရောင်တွေနဲ့ခံစားကြည့်တော့
နတ်သမီးကကျွန်တော့်ကို မုန်းတယ်
မငြင်းပယ်ပါနဲ့ချစ်သူရယ် ...
နင်ဟာ ငါ့ကောင်းကင်ထဲက
မျက်ရည်မိုးတွေနဲ့ ရင်းခဲ့ရတဲ့
သက်တန့်လေး တစ်စင်းပါ ..... ။
အချစ်ကို တေးသွားလေးနဲ့ချော့အသိပ်မှာ
ထိပ်ထားလေးရဲ့ လှောင်ရယ်သံကို ကြားမိတယ် ...
ပျက်ရယ်မပြုပါနဲ့ချစ်သူရယ် ....
နင်ဟာ ငါ့ဂစ်တာအိုလေးရဲ့
ကမ္ဘာတည်သရွေ့ပျံ့လွင့်နေမယ့်
မူပိုင်သံစဉ်ချိုလေးတစ်ခုပါ ..... ။
အချစ်ကိုရွှေကာရံနဲ့နှိုင်းတော့
တော်ဝင်သူအတွက် ရိုင်းတယ်ထင်မယ် ....
လက်ခံပေးပါချစ်သူရယ် ...
နင်ဟာ ငါ့ဘ၀စာမျက်နှာပေါ်က
နှလုံးသွေးနဲ့ရေးချယ်ခဲ့ရတဲ့
ဝတ်မှုံကဗျာလေးတစ်ပုဒ်ပါ ချစ်သူ ..... ။ ။
No comments:
Post a Comment