အချစ်က သူ့ဘာသာသူသီးသန့်ရှိနေတာကမ္ဘာကြီးတည်စကပေါ့
လူတွေကသာ လိုသလိုသုံးစွဲ
အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ကြလေရဲ့
သုံးစွဲချိန်စ ချိုသလိုလိုရှိပြီ
နောက်ဆုံးမှ ခါးသက်သက်ရယ်
ခါးပေမဲ့ မျိုချဖို့ဝန်မလေးခဲ့ကြဘူး
ခါးသောဆေးကို ဆေးလို့မည်ပြီး
ခါးသောအချစ်သည် ရောဂါလို့မည်သည်
အချစ်ရောဂါကိုမှလိုချင်ကြတဲ့
အချစ် ဟီးရိုးတွေ
ဒီတစ်ခါလဲ.... အချစ်ပေးတဲ့ဒါဏ်ရာ
ခံပေဦးပေါ့ကွာ......
No comments:
Post a Comment