Pages

Monday, April 1, 2013

အချစ်ခါးခါး

ရင်ဘတ်ထဲက အပိုင်းအစတွေ
တစ်စစီတော့ တစ်စစီပဲ
ပြန်ဆက်လို့လည်းမရဘူး
လွှင့်ပစ်လို့လည်းမရပြန်ဘူး။

နင်စေလိုရာစေပါ. . .
သတိရတော့တမ်းတလိုက်
မေ့သွားရင် ပစ်ထားလိုက်ပေါ့
ဒါတောင်မှ နာကျဉ်းရကောင်းမှန်းမသိခဲ့တဲ့ငါ
ပျောက်ရှနေတဲ့ အတ္တတွေ မာနတွေကို ဘာနဲ့ အရောင်တင်မလဲ။

ဖုန်းတစ်လုံးကိုဘေးချပြီးအိပ်ပျက်ခဲ့တဲ့ညတွေ
နင်ပျော်ရင်ပြီးတာပါပဲ. . . .
ငါဘယ်တော့မှ မကြားရတဲ့ နင့်အတွက် သီးသန့် Ring Tone ပေါ့။

အိပ်မက်တွေလည်းခါးတယ်
ဘ၀ကြီးကလည်းခါးတယ်
သတိရခြင်းတွေကလည်းခါးတယ်
နင့်ကိုချစ်ရတဲ့အချစ်တွေကလည်းခါးတယ်။
မဖြစ်နိုင်ဘူးဆိုတာသိရဲ့သားနဲ့ မိုက်မဲမိတဲ့
ငါ့ရဲ့ စောင့်ဆိုင်းမှုတွေကလည်း သိပ်ခါးတာပဲ။

No comments:

Post a Comment