Pages

Monday, April 29, 2013

ဥာဏ်စမ်း ပဟေဠိ (အပျင်းပြေလေးပါ)

ပဟေဠိလေး နည်းနည်းမေးမယ် နော်။ အပျော်ပေါ့။ အဖြေကတော့ ရှိပါတယ်။ မများဘူး ။ ဆယ်ခုထဲပဲ  ။ Fan page တစ်ခုကနေ မလာတာ။ ရိုးရိုးလေးတွေပါ။ ခေါင်းသိပ်မစားပါဘူး။  အပျင်းပြေ ဖြေကြည့်နော်။ 


၁။ ရတနာတွေထဲမှာ သက်ရှိက ဖြစ်တည်တဲ့ ရတနာကဘာပါလဲ ။ (ပုလဲ မဟုတ်ပါ )

၂။လူတွေ ခရီးသွားကြတဲ့အခါ ဘာစီးသွားကြပါသလဲ။

၃။ဆန့် ဆန့် ကြီးနေတဲ့မြို့ ကဘာမြို့ လည်း။

၎။အဲဒီ ပစ္စည်းကို အသုံးပြုဖို့ လို အပ်တဲ့ အချိန်မှာ လွင့်ပစ်လိုက် ပြီးမလို အပ်တဲ့ အချိန်မှာတော့ ပြန်သိမ်းထားတယ် တဲ့  အဲတာဘာပစ္စည်းလဲ ဗျ။

၅။လူ၏ ခန္ဓာကိုယ်တွင် အကြီးဆုံးအင်္ဂါအစိတ်အပိုင်းသည် မည်သည့်အင်္ဂါအစိတ်အပိုင်း ဖြစ်ပါသလဲ။

၆။သူရှိနေတာ နှစ်ပေါင်းသန်းနဲ့ချီ ကြာနေပြီ....ဒါပေမယ့်သူ့အသက်ကတော့ တစ်လမကျော်ဘူး...သူဘယ်သူလဲ။

၇။အိမ်တွေမှာ လူတွေလုံခြုံရေးအတွက် ပန်းတစ်မျိုး ထားတတ်ကြပါတယ်..ဘာပန်းဖြစ်ပါသလဲ ။

၈။လူရယ်လို. ဖြစ်လာတာနဲ. မသင်ပဲ တတ်တာ ဘာဖြစ်မလဲ။ (ငို ခြင်းကိုပြောတာ မဟုတ် )

၉။လူတစ်ယောက်က ရာဇ၀တ်မှုတစ်ခုကို လုပ်ဖို့ ကြိုးစားတယ်။ အဲဒါဆို ရင် သူကို ပြစ်ဒဏ်ပေးတယ်။ အဲ အဲဒီ ရာဇ၀တ်မှုက အောင်မြင်သွားတယ်ဆိုရင်တော့ သူ့ကို ဘယ်သူမှ ပြစ်ဒဏ်မပေးတော့ဘူး ။ အဲဒီ ရာဇ၀တ်မှုက ဘာရာဇ၀တ်မှုလဲ။ 

၁၀။သူ့ကိုအစာကျွေးရင် အသက်ရှင်မယ်။ ရေတိုက်ရင်တော့ သူသေရလိမ့်မယ်။
ဖြေကြည့်နော်......အောက်မှာအဖြေရှိတယ်......။
အားလုံးကိုလေးစားလျက်..... 

No comments:

Post a Comment