(အချစ်ကခါးတယ်)
သမုဒယကို ဒုက္ခလို့မမြင်တော့
သံယောဇဉ်နွယ်တစ်ခက်နဲ့
အပါယ်တဘက်ကိုအလည်ထွက်ဖို့ ကြံနေသူ။
ချိုမြိန်တဲ့အနမ်းတစ်ခုရဲ့
ကြေကွဲခြင်းကျိန်စာ
တစ်သက်စာလွမ်းဖို့လည်းလုံလောက်ခဲ့ပြီ။
ုနုတ်ဆက်ခြင်းကိုအပြုံးနဲ့ဖုံးကွယ်ဖို့မကြိုးစားပါနဲ့တော့။
မချစ်ဘူးဆိုလဲ မုန်းလိုက်ပေါ့
ကံကြမ္မာရဲ့ ဥပေက္ခာပြုမူ့အောက်မှာ
နေသားတကျဖြစ်နေတဲ့ငါ
ဘာကိုမှ မတုန်လှုပ်ပါဘူး။
ဗန်ဂိုးရဲ့ နားရွက်တစ်ဖက်နဲ့
ဆဒ္ဒန်ဆင်ရဲ့ အစွယ်နှစ်ဆူ
ကျိန်စာသင့်တာခြင်းတော့ အတူတူပါပဲ။
ဘ၀တစ်သက်စာ ရည်မှန်းလို့
ဒီလမ်းကိုဖောက်ခဲ့တာ
လှမ်းရမှာ ကြောက်တယ်တဲ့လား။
အချစ်ကို လျှာနဲ့တို့ မခို့တရို့အရသာ
ဟ! ခါးလိုက်တာ။
No comments:
Post a Comment