…….ချစ်သူရေ…
မင်းသိလား
တစ်ခါတစ်ခါမှာ
အကြာကြီးဝေးနေတာ
သိပ်ပင်ပန်းတယ်…
သိပ်လွမ်းတယ်..
…..ချစ်သူရေ…..
တစ်မိုးအောက်မှာအတူနေရပေမယ့်
တစ်မြေစီဝေးကွာတဲ့ကာလဟာ
နေ့တာလည်းရှည်
ညတာလည်းရှည်တယ်…။
…ချစ်သူရေ…
နေ၀င်တာကြည့်
နေထွက်တာကြည့်
မင်းသိလား..
တို့များဆုံဖို့ရာ
နေ့များစွာကျော်ဖြတ်ရဦးမယ်…။
…ချစ်သူရေ…
သံယောဇဉ်ကမ်းခြေမှာ
အလွမ်းတွေထွေးပွေ့ရင်း
တစ်နေ့ဆုံမဲ့အသိနဲ့
ကိုယ်……..ရှိနေတယ်နော်…
No comments:
Post a Comment