Pages

Thursday, January 31, 2013

ချစ်သူတစ်ဥိး အလိုရှိသည်

ချစ်သူတစ်ဥိး အလိုရှိသည်
ကောင်မလေးတွေသိပ်မငေးနဲ့
ပြီးတော့လည်းလေ
အိပ်ပျက်စရာကဗျာလျော့ရေး
အရက်ဆေးလိပ်သိပ်မသောက်နဲ့
တီဘီကင်ဆာ ဖျားနာခေါင်းကိုက်
တစ်ခုခုဖြစ်ရင်စိတ်ညစ်ရမှာ
ဒီကသိလား…ဒါပဲနော်
သူများစကားနားမထောင်ရင်
သံယောဇဉ်တွေဖြတ်ပစ်လိုက်မယ်
အနမ်းပွင့်တွေရုတ်သိမ်းပစ်မယ်
သုံးလေးရက်လောက်စိတ်ကောက်လိုက်မယ်
ဤသို့..ဤသို့
ချစ်မိန့် ချစ်သံ ချစ်ရာဇသံများ
ဟန်ပန်မူရာပိုင်နိုင်စွာနဲ့ပြောကြားတတ်သူ
ချစ်သူတစ်ဦး “အလိုရှိသည်”
မှတ်ချက်…….၁၈ နှစ်ထက်မငယ်ရ
၂၅ နှစ်ထက်မကြီးရ

1 comment: