Pages

Thursday, January 31, 2013

လက်တွဲဖော်ချစ်သူ

ချစ်ပါတယ်

မြတ်နိုးစွာ ဆိုချင်တယ်

ယုံတ၀က် မယုံတ၀က်

မလုပ်ပါနဲ့

ရူးမိုက်စွာ ချစ်တာပါ။

စွဲလမ်းတယ်

မမြင်ရရင် ရူးချင်တယ်

တောင့်တတာ

နေတိုင်းကို

လွမ်းစိတ်နဲ့ ချစ်တာပါ။

အကြိမ်တစ်ထောင်မက

ပြောနေရလဲ

ရင်ထဲက စကားလုံးတွေ

မကုန်ခမ်းနိုင်အောင်

ချစ်တာပါ ။

ငါ မင်းကို

ဘ၀တစ်ခုလုံးအတွက်

သိပ်ချစ်တယ်

No comments:

Post a Comment