Pages

Thursday, January 31, 2013

လက်တွဲဖော်ချစ်သူ

အချစ်ရှိသောကဗျာ

လရောင်ရေ……….

ကောင်မလေးတစ်ယောက်ကို

ငါဘယ်လောက်ထိ မြတ်နိုးတယ်ဆိုတာ

ငါ့ကိုယ်စားပြောပေးပါ…………………။

ဆုံတွေ့ခွင့် မရနိုင်သေးတဲ့

အချိန်ခဏမှာ ငါတစ်ယောက်ထဲ

လွမ်းနေတာကို

မိုးစက်တွေအသိဆုံးပါ………………။

အသံတွေအက်ကွဲ

ရင်တုန်လှိုက်မော

အိမ်မက်ဆိုးတွေကိုလည်း

ထပ်မမက်ချင်တော့ဘူး………………..။

အနီးဆုံးမှာပဲ နေချင်ခဲ့တာပါ

အခုတော့ အဝေးကပဲ

ကဗျာတွေနဲ့ အလွမ်းဖြေ

ရေးထားတဲ့ ကဗျာတွေမှာ

ငါ့အချစ်တွေပျော်ဝင်နေတယ်…………………….။

Hello ) ) ) ) ) ) ) ) ချစ်သူ –

နေ၀င်ရီတရော မိုးသောက်လို့

မိုးချုပ်ရောက်ရင်လေး

မျှော်နေမယ် ဖုန်းသံလေး

ကြည်နူးမှုနှင့် အတွေးဝင်

ပြန်ပြောင်းကာလေး

အပ်ကြောင်းတွေလည်း ထပ်နေတယ်

ချစ်တယ်ချစ်တယ် သူ့အသံလေး

ကလင်ကလင် – – -

ထမြည်နေတယ် တယ်လီဖုန်း

တိတ်တိတ်လေး ကိုင်ကာ

တိုးတိုးလေး နားထောင်မိတယ်

ချစ်ကြောင်းတွေကိုကွယ်

ဒယ်ဒီနှင့်မာမီ ရိပ်မိမှာလည်း

စိုးလှတယ်

သူငယ်ချင်းရယ် သူငယ်ချင်းရယ်

ပြောရတာလည်း မနည်းပါကွယ်

အရိပ်အကဲကိုကြည့်

အခြေအနေကိုလည်း

အသုံးချရာတာ

သူအတွက်ပါပဲကွယ်

ဖုန်းပြောရင်းနဲ့အိပ်ချင်လာ

နား နားဘေးမှာ ထားကာလေး

အိပ်စက်မိတယ်

သူမေးတိုင်း အင်း– အင်း–

ဖြေနေမိတယ်

ဖုန်းသံလေး ပြတ်သွားမှာကို

ကြောက်နေမိတယ်

Hello – – – ချစ်သူ

စောင့်ကာနေ ဖုန်းနံဘေးမှာ

ဆက်မယ်လေး မနက်ဖြန်

ဆက်မယ်လေး မနက်ဖြန်

ဆက်မယ်လေး မနက်ဖြန်။ ။

တစ်ယောက်တည်းဆိုမှ တစ်ယောက်တည်းရယ်ပါ

တစ်ယောက်တည်းမဖြစ်ချင်လို့ တစ်စုံတစ်ယောက်ဆီက

တစ်စုံတစ်ရာကို တမ်းတခဲ့ပေမယ့် အဲဒီတစ်စုံတစ်ရာကပဲ

တစ်ယောက်တည်းပြန်ဖြစ်စေခဲ့တယ် …..

No comments:

Post a Comment