……….ချစ်သူရေ…
တနယ်စီဝေးနေပေမဲ့
သစ္စာသံတိုင်တွေနဲ့
မေတ္တာတံတားကို
မင်း..ခိုင်မာအောင်ဆောက်ထားပေး
ပါ.
မင်းလက်ကမ်းတဲ့အခါ
တစ်ဖက်ကမ်းက
ကိုယ်လျှောက်လာခဲ့မယ်..
……ချစ်သူရေ…
သစ္စာတရားဆိုတာ
သစ္စာထားတတ်တဲ့ကိုယ့်အတွက်တော့
အသက်ထက်တန်ဖိုးရှိပါတယ်…
….ချစ်သူရေ..
ကောင်းကင်မိုးသားတွေ
အမြဲပြောင်းလဲနေကြတယ်
မင်းအချစ်ပြောင်းလဲမလား
သံသယမထားချင်ဘူး
…ချစ်သူရေ…
မျှော်လင့်ခြင်းမနက်ဖြန်တွေကို
မင်းဆီမှာအပ်ထားတယ်
ပျော်ရွှင်ခြင်းများနှင့်အတူ
မင်းကိုယ့်ထံပြန်ယူခဲ့ပါနော်………..။
No comments:
Post a Comment