Pages

Sunday, May 12, 2013

လက်ဆောင်

(၁)
လမ်းပေါ်မှာ လူတွေတွေ့တိုင်း
လိုက်ပြီးမေးကြည့်ရဦးမယ်
'ချစ်တယ်' ဆိုတာ ကိုယ့်ကိုယ်ကို
သတ်သေတဲ့ နည်းတစ်မျိုးလား ...........? လို့။

(၂)
ငါက .......
မီးခိုးရောင် ခပ်များများနဲ့ကောင်ပါ
(ဘ၀မှာ မှောင်ရတာတွေပဲ များတယ်)
................
လိုအပ်လာရင် မင်းကို
အိပ်မက်တစ်ဆင်စာနဲ့ တင်တောင်းနိုင်တာကလွဲလို့
အရာရာချို့တဲ့
ဘာဆို ဘာမှ မဟုတ်တဲ့ငနဲပေါ့။

(၃)
တကယ်ပါ...........
မင်းအတွက်တော့ ငါဟာ
ဘာမှ မဟုတ်ပါဘူး။
..........
ဒါပေမဲ့ အဲဒီ 'ဘာမှမဟုတ်ဘူး' ကိုပဲ
မင်းကို သတိရတဲ့အခါ
မကြာမကြာ ထုတ်ထုတ်ကြည့်ချင်လို့။

(၄)
လှောင်ရယ်သံတစ်ဝက်နဲ့
ခါးသက်သက်ပြုံးတတ်တဲ့
ငါ့ရဲ့ချစ်လှစွာသော ကော်ဖီမလေးရေ.............
.......
ငါပိုင်ဆိုင်တဲ့ အရာကို
မင်းကို လက်ဆောင် မပေးရက်ခဲ့ပါဘူးကွဲ့။

(၅)
ငါ့မှာ
မျက်ရည်ခံမှဲ့တစ်လုံးရှိတယ်။

No comments:

Post a Comment