Pages

Wednesday, October 31, 2012

ကောင်မလေးမဖတ်တတ်တဲ့ စာမျက်နှာ

တချို့ကပြောတယ် သူမက "သိပ်လှတယ်"တဲ့ ဟင့်အင်း လေညှင်းဆောင်လို့ ပန်းမွှေးတာပါနော်... တချို့ကပြောတယ် " မျက်ဝန်းညို"ကတစ်သက်လုံး ငိုစေမယ်တဲ့ ဟုတ်တယ် သူမကိုခိုးခိုး ကြည့်မယ့်အစား နေကိုပဲ ခိုးခိုး ကြည့်မယ်။ တချို့ကပြောတယ် သူမက မာနဆိပ်တက် "မျော" နေသူတဲ့ ဟင့်အင်း "အနိစ္စ" ကို လျစ်လျူရှု "မေ့" နေသူပါ ကျွန်တော်ပြောတော့ သူမက ရယ်တယ် "ရူးကြောင်ကြောင်"အတွေးအခေါ်တဲ့ "မုန်းစရာ" အယူအဆတွေတဲ့ ဒီလိုပါပဲ သူမဟာ "မုန်းတယ်ပြောပြီး" နမ်းနမ်းသွားတတ်သေးတယ်။ နောက်ဆုံးတော့ အဲဒီတချို့သော သူတွေကြောင့် ကျွန်တော်နှင့် သူမ ခဏခဏ ရန်ဖြစ် ခဏ ခဏ ချစ်ဖြစ်ခဲ့ကြတယ်။ ပြောမယ်နော်... ဘ၀ဆိုတဲ့လမ်းတစ်ကွေ့မှာ ခဏပဲတွေ့ရတယ်ဆိုပေမယ့် မေ့မရတဲ့ ငါ့စိတ် အစဉ်မှာတော့ မင်းအရိပ်တွေ ထင်နေဆဲပဲ နှစ်သိမ့်တဲ့ အပြုံးတစ်ချက်နဲ့တင် ရူးမိုက်ရကျိုးနပ်မတဲ့လား ငါ့အချစ်ဦးရေ.. မင်းစဉ်းစားပါဦး မာနဆိုတဲ့မင်းလက်နက်က ရက်စက်ခြင်းနဲ့ အဆုံးသတ် မင်းဆုံးဖြတ်တော့ ငါပဲ မှားသတဲ့ မေးခွင့်ရှိရင်မေးပါရစေ.. အထီးကျန်ကို့ ဘ၀က မင်းနင်းလျောက်မယ့် လှေကားတစ်ထစ်လား ဒါကြောင့်ထင်ပါရဲ့ ငါ့ရင်ထဲမှာ နွေဆိုတဲ့ တစ်ရာသီပဲ လည်နေတယ်။ အလွမ်းတွေသာပန်းတွေလို နွမ်းခြောက်သွားရင် ပန်းကြိုက်တဲ့မင်းအတွက် မလွမ်းမိအောင်နေပါ့မယ် အချစ်ခြင်းတူရင် စစ်ခင်းယူမယ်လို့ ကြံတိုင်း စစ်တလင်းမှာပန်းတွေပွင့်နေလို့ လှည့်ပြန်ခဲ့ရတဲ့ ငါဟာ စစ်ကြေငြာမခံရတဲ့ စစ်ရှုံးသမားတစ်ယောက်ပါ ငါ စိုက်တဲ့ပန်းခင်း မင်းနင်းလျောက်လိုက်ပါ မင်းအတွက် ပန်းတွေ မြေခရှာပေးလိမ့်မယ် အတိတ်ကိုရှောင်ရှား အနာဂါတ်ကိုမေ့ထားပြီး ရင်ခွင်ဗလာနဲ့ လမ်းလျောက်နေတဲ့ ဒီကောင့်အတွက် ဝေေ၀ကြွေကြွေ.............. တရက်က တစ်ရက်ပြောင်း အဟောင်းတွေဖြစ်ပြီးရင်ဖြစ်နဲ့ အတူချစ်ခဲ့ကြတဲ့ရက်တွေ မင်းမေ့ ပစ်လိုက်ပြီနိုင်တာပဲနော် ဘယ်မှာလည်း အနာဂါတ် နင်မှ မရှိတာ ငါဘယ်လို ဆက်ရှင်သန်ရမလည်း ရင်ထဲမှာ ကမ္ဘပျက်လုလုကွယ် မနက်ဖြန်ဆိုတဲ့ မျော်လင့်ချက် နင်ရက်စက်ခဲ့လို့ ကျေမွ အရည်မရ အဖတ်မရ ဘ၀ကြီးထဲပဲ ခြောက်ကပ်စွာ ယိုင်နဲ့ပြိုလဲ ကျန်ခဲ့တယ် နင်ဖြေပါ ........... ငါ ဘာမှ မပိုင်ခဲ့လို့လား နင့် အတွက်ဆိုပြိး ကြိုးစားရုန်းကန်ခဲ့သမျှ လက်တစ်ကမ်းအလိုရောက်မှ နင် က............. တစ်ဖက်ကမ်းကို ခွဲထွက်သွားရက်လိုက်တာ ဆက်လှမ်းဖို့ရာ အင်အားတွေတောင် ချန်ထားမပေးခဲ့ဘူး မိန်းမဆိုးလေး။ အတိတ်ဆိုတာ အိမ်မက်တစ်ခုဆိုရင် လွမ်းရခြင်းတွေ မေ့ဖျောက်ပစ်ဖို့ အနာဂါတ် သစ်တွေ နင်ဖန်ဆင်းပေးပါ ရည်ရွယ်ခဲ့တဲ့ နေ့သစ်များအတွက် လက်တွေ့ဘ၀ကိုပွေ့ဖက် နင် နဲ့ ငါ မဆုံဆည်းခဲ့တဲ့ နေ့ရက်တွေ များခဲ့ပြီပဲ အကြိမ်ကြိမ် လှည့်ပတ်ဖြတ်သန်း ဘ၀ဆိုတာ စက်ဝိုင်းတစ်ခုလား အဆုံးတွေ အစတွေက ဘယ်မှာလည်း နင် နဲ့ ငါ အစ ပြုမှုကို အဆုံးသတ် မသွားချင်ဘူး ရည်ရွယ်ချက်တူ လမ်းကြောင်းတူမှ ချစ်သူတဲ့လား နင်ပြောခဲ့ဘူးတစ်နော် ထားလိုက်ပါလေ အချစ်တွေတောင် အတူ ရှိခဲ့ဘူးတာပဲ လက်တွဲဖော်................ဆိုတဲ့ ဝေါဟာရလောက်တော့ နင် နဲ့ ငါ ညှိုနှိုင်းယူမယ်လေ။ ကိုယ်တို့ယောက်င်္ကျားလွမ်းသလားတဲ့ ခတ်များခတ်တယ်အချစ်ရယ် မျက်ရည်ဆိုတာ ငိုဖို့မဟုတ် ဘာတွက်ကြောင့်များ ဖန်ဆင်းထားလည်း ယောင်္ကျားမှာလည်း အသဲနှင့်ပဲ တဟင့်ဟင့်နှင့် မင်းလိုမငို လူရှေ့ရှိလည်း ငိုနေမိရဲ့စိတ်ထဲမှာ ကြင်နာ တမင်ခွာမုန်းသူကို ရင်နှစ်မွှာ နာကြင်စွာကွဲစေဦး အရှုံးကိုအပြုံးဖက် ဆုံးတစ်သက်ထိ အမုန်းမဲ့အချစ်နှင့် အဆုံးမဲ့ချစ်နေပါအုံးမည်။ တကယ်ဆိုရင်.......... သစ္စာ ကတိတွေ အခိုင်အမာ ပြုလို့ ငါ......... သေလုမျောပါး ဒဏ်ရာတွေသာ ပေးခဲ့တဲ့မင်းအတွက် ငါ့.........နှလုံးသားကိုလည်း အရောင်ချယ်ထားခဲ့သင့်တယ် စိန်ပန်းနဲ့ တူတဲ့ မိန်းမ တစ်ယောက်ရဲ့ အချစ်တွေကို ငါ ..က ပဲ တန်ဖိုးတွေ မြှင့်တင်ပေးနေမိသလား? ပွင့်တုန်းကလည်း တစိုင်တခဲ ကြွေချိန်ကြတော့ တဖြုတ်သဲသဲ နဲ့ အဝေမြန်သလို အကြွေမြန်တဲ့ စိန်ပန်းကိုမှ ဝေလည်းမွှေး ၊ ကြွေလည်း မွှေးမယ် ထင်ယောင်မှားခဲ့မိသူရယ်ပါ ဘာပဲပြောပြော ရာသီကိုက်ပေမယ့် အချိန်လွဲခဲ့တဲ့ ငါ တို့ နှစ်ယောက်ရဲ့ ခြားနားခဲ့တဲ့ ဘ၀နှစ်ခုကြား နင်မလာနိုင်တာ ကိုတော့ အပြစ်လို့ မဆိုချင်ပါဘူး ဒါပေမယ့် ...............ကောင်မလေး အမုန်းတွေတော့ မပေးနဲ့ ငါ့...............အတွက် အသုံးမှ မ၀င်ဘဲ (အစိမ်းရောင်မျက်ဝန်း အစုံလောက်ထိတိုင် ခွင့်ပြုနိုင်ပါတယ်) နောက်ဆုံးတစ်နေ့ အတိတ်က ခြေရာ ပြန်ရှာလို့ မရတဲ့ ဘ၀နဲ့ နင်ရက်စက်ခဲ့ရင်လည်း (အိမ်မက်က လန့်နိုးစေခဲ့တဲ့မင်းအတွက်) အမုန်းလို့ အဓ္ဓိပါယ် သက်ရောက်ခြင်းမရှိတဲ့ ဝေဒနာ စကားသံတွေကို ကာရံမညီတဲ့ စာသားတွေနဲ့ ဖော်ကျူး ကောင်မလေးရေ ငါဆိုတဲ့အကောင်ကလည်း အရူး ........... နင့်အချစ်တွေ နဲ့ နူတ်ခမ်းပါးကို တရှိုတ်မတ်မတ် နေ့စဉ်ရက်ဆတ် ဒီနေ့ထိ ငါ ခိုးခိုးပြီး လွမ်းနေရတုန်းပါကွယ်။

No comments:

Post a Comment