ပိုင်ရှင်မဲ့ ပန်းတစ်ပွင့်ကို
ငါ မမျှော်လင့်ခဲ့မိပေမယ့်
ပိုင်ရှင်ရှိတဲ့မင်းကို မှ
ဘာကြောင့် ငါ ချစ်မိရတာလဲ……….
မဆုံဆည်းနိုင်မှန်းသိရက်နဲ့
ရင်ထဲက တမ်းတနေခဲ့မိတယ်…။
မျှော်လင့်ချက်ကင်းမဲ့ပြီး
လမ်းပျောက်နေတဲ့လူတစ်ယောက်ကို
ကံကြမ္မာဆိုးတွေက
နှိပ်စက်ခဲ့တယ်….။
ကိုယ့်အပြစ် နဲ့ ကိုယ်ပေမို့
ငြိမ်နေခဲ့ပေမယ့်လည်း
ငါ ဟာ အတ္တလူသားတစ်ယောက်ပဲ
ပိုင်ရှင်မဲ့မဟုတ်တဲ့ ပန်းတစ်ပွင့်ကို
ထာဝရချစ်နေခွင့်လေးတော့
ငါ လိုချင်မိတယ်…..။
No comments:
Post a Comment