Wednesday, December 5, 2012
ကဗျာချစ်သူ
လွမ်းနာ
နေ့စွဲ သက်သက်တွေ
ဒိုင်ယာရီထဲမှာ ရှိတယ်
အဖြူရောင် ဖျော့ဖျော့နဲ့
နှလုံးသားထဲက အချစ်တွေ
အနာဂတ်အိမ်မက် ၀ါဝါကြီး
ငါ ဥနောက်ပေါက်အတတ်
တွေးခဲ့ဘူးတယ်.........
အလွမ်းချိုချိုတွေ
မျက်ဝန်းထဲမှာ ရှိနေလို့
အနီရင့်ရင့်ဒါဏ်ရာတွေနဲ့
စုတ်ပြတ်သတ်နေတဲ့
မနက်ဖြန်များနဲ့ ........
.....................................................................................
သက်နုသစ်ပင်
ပုံမှန် လည်ပတ်မှုတွေ
တရွေ့ရွေ့နှင့် ကုန်ဆုံးနေပီ
ပြောင်းလည်းခြင်းဆိုတာက
လွယ်ကူမှု ကင်းမဲ့လို့
ဂစ်တာတလက် တေးတစ်ပုဒ်မဟုတ်ဘူး
ပတ်ဝန်းကျင်လှောင်းရိပ်အောက်က
သတ်တန်းနုသစ်ပင်တစ်ပင်
သင်္ခါရကိုလည်းကြောက်ရ
ပစ္စုပ္ပန်ကိုလည်း လန့်ရနဲ့ စိမ်းလန်းစေဖို့ 
ရေတစ်မှုတ် တစ်ဖလားကို မျှော်ရတဲ့
ငါဆိုတဲ့ သက်နုသစ်ပင်.......
.....................................................................................
မိုးမျှော်သူ
ကဝေတစ်ကောင်ရဲ့ တေးသံတွေ
နတ်ဆိုးတစ်ကောင် လက်ခုတ်သံ
စည်းချက်တွေ တစ်ဖြောင်းဖြောင်းနဲ့
စုန်းတစ်ကောင်လို ပြုစားခြင်းကြားထဲက
ဒီချစ်ခြင်းတွေကို စေတန်နဲ့ စီးချင်းထိုးပြီး
လနတ်သမီးကို ခိုးယူချင်တယ်
ဒါပေမယ့် ..... စစ်မြေပြင်မှာ
ငါ .....
တစ်ယောက်ထဲ စီးချင်းထိုးနေတယ်
တစ်ဖက်စောင်း လည်နေတဲ့ ကမ္ဘာပေါ်
ငါကိုယ်တိုင် မတ်မတ် မရပ်နိုင်တာ မဆန်းဘူး
အနက်ရောင် နှလုံးသားတစ်စုံက ငေးနေလို့
ကျေးဇူးပြုပြီး ကျောမခိုင်းလိုက်ပါနဲ့
အိမ်မက်တွေလည်း အရောင်ဖြော့ဖြော့
ပင်လယ်နားမှာ ငါရပ်နေမိလို့
ရေချိုငတ်ခဲ့ပြီ.....
.....................................................................................
ရေရုပ်
မိုးခို သစ်ပင်တွေ
ဆောင်းပျော် ငှက်တွေ
နွေတေးသီ ဥသြတွေ
ပတ်ဝန်းကျင်က
သူအရာနဲ့သူ တင့်တယ်လို့
ပင်ပန်းမှုကို ဆုတ်ကိုင်ထားတဲ့
အစုတ်အပဲ့ ယဉ်ကျေးမှုနဲ့
စရိုက်ကျကျ နှလုံးသားတစ်ခု
ဥတုသုံးပါးနဲ့ ရန်ဖြစ်နေတယ်......
လိပ်ပြာကိုယ်တိုင်
သယ်ဆောင်လာတဲ့ ချစ်ခြင်းတွေ
ပင်လယ် လှိုင်းနဲ့ အတူ
ရင်ခုန်သံ ထန်လွန်းတဲ့ နှလုံးသား
ကျောက်စက်ပန်းဆွဲလို
ငါမျက်ရေတွေ တွဲလုခိုနေတဲ့
သူမရဲ့ မရေရာ တေးသံတွေကြား
မျှော်လင့်ခြင်းကောင်းကင် ပြိုကျနေဘီ....
.....................................................................................
ကမ္ဘာငိုနေပြီ
စစ်တေးသံတွေ ဆုတောင်းသံတွေ ရောပြွန်းနေတဲ့ နေရက်တွေ
တန်ဖိုးနည်း ဆုဖလားတွေ နဲ့ အလှဆင်းထားသူတွေ
တန်ဖိုးကြီးကြီး ပေးဝယ်ထားတဲ့ ငတ်မွတ်ခြင်းတွေ
သဘာဝတရားရဲ့ မိုက်မဲမှုကြောင့် ငိုနေရတဲ့ သက်ရှိ/မဲ့တွေ
ရွှေရောင် အဆင်းနဲ့ အောက်တန်းကျ ရုပ်ဝတ္တုတွေ
ဗလာအစုထဲက သုညရဲ့ တန်ဖိုးကြီး ဟစ်အော်သံတွေ
ရေရုပ်ရေးသလို ငြိမ်းချမ်းမှုတွေနဲ့ သမိုင်းဝင် စစ်ပွဲတွေ
တီးတိုးတီးထိုးနဲ့ တိုင်ပင်မှုတွေထဲက မာနလှိုင်းတွေ
အော်ကြီးဟစ်ကျယ်နဲ့ ခွန်းအားကြီးသူတို့ရဲ့ စိန်ခေါ်မှုတွေကြားမှာ
ကမ္ဘာငိုနေပြီ
.....................................................................................
ကြွေသူ....
အချိန်တွေ ကုန်မြန်လွန်းတယ်
တွေးရင်းငေးနေမိတယ်
ငါ့ကမ်းလက်ကို နင့်ဆီလှမ်းဖို့
ကြိုးစားရင်းက
သတ္တိတွေကလည်းနတ္တိ
နင်နားရောက်တိုင်း ငေးငိုင်နေလို့
နောက်လည့်ပြန်ခဲ့ ရတယ်
အကြည့်တွေနဲ့တင် ကြွေခဲ့ရသူပါ
.....................................................................................
တမ်းတမ်းတတ
ချစ်ခြင်း၏မြားတစ်စင်း ဒီရင်ကိုခွင်းလို့
သဲနှလုံးကြွေကျ ချစ်ခဲ့ရလည်း
သူမ မသိ ငါသာချစ်၏
မမေ့ဘူး ရစ်မူးခဲ့ဘူးတယ်
သူမအလှ မေ့မရလို့
တမ်းတမ်းတတ သတိရ၏
နှစ်ယောက်ထဲ ကြည်နူးခဲ့လည်း
မျက်နှာသာမပေး ဇာတ်ဆရာလေးကြောင့်
လွမ်းခဲ့ရတယ် ဆွေးရတယ်
ချစ်ခဲ့မိတယ် ချစ်ခဲ့မိလည်း
မင်းမသိပါဘူး ချစ်သူ
မင်းနဲ့ငါ ဝေးကွာနေလည်း
ချစ်နေစဲ။
.....................................................................................
ဆောင်းရာသီအလွမ်း
နှင်းဆီလို ရှက်သွေးဖြာလဲ
ဆူးခက်တွေ ၀န်းရံထားတယ်
ဝိုင်နီလို မူးရစ်စေတဲ့
မင်းအကြည့်ကြောင့် လမ်းတောင်ပျောက်ခဲ့ရတယ်
အေးချမ်းတဲ့ညတွေမှာ
နှစ်ယောက်ထဲ ကြည်နူးကာ
တေးဆိုသိပ်ချင်တယ်
ဆောင်းလေက ဖြေးဖြေးလေး
ပတ်ဝန်းကျင်က တိတ်ဆိတ်ဆိတ်
သာယာအိပ်ပျော်နေချိန်မှာ
မင်းကို ထွေးပိုက်ထားချင်တယ်
တကယ်သာဖြစ်မယ်ဆိုရင်
လှပတဲ့ မင်းနှုတ်ခမ်းကို
အနမ်းဖွဖွလေးတွေပေးချင်တယ်
ဆောင်းနှင့်ဖွေးတဲ့ညတွေမှာ
ငါကိုယ်တိုင်ဆုတောင်းနေလဲ
ဒီဇင်ဘာ နှင်းမှုန့်ကြားက
အဖြူရောင်မင်းသမီးရယ်
မင်းမှမကြားနိုင်ဘဲ။
.....................................................................................
Subscribe to:
Post Comments (Atom)
No comments:
Post a Comment